သချႋုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကိုဦးဖိုးအေးတို့ မိသားစု စားလိုက်မိကြသောအခါ
လူတစ်ယောက်က မေးတယ် “ ကိုဖိုးအေး ခင်ဗျား သချႋုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား ?
ဖြေ- ဘယ်ရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိ လဲ။
သချႋုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူ တွေသတ်မှတ်ထားလို့သာ သချႋုင်းဖြစ်နေတာပါ။ ငါဆို ဒီသချႋုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။
ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောပြီး ကျန်းမာရေး ဘယ်လောက်တောင်ကောင်းလိုက်လဲ ဖျားနာနေတာ မင်းတို့မြင်ဘူးလား။
ဉာဏ်ရည်ဆို တာ လည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။
မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သချႋုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူပြီး
ပံ့သုကူသင်္ကန်း ချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။
ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ်
သချႋုင်းပစ္စည်း ယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ဘာလို့လဲဆိုတော့ သချႋုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ
လုံးဝသံယောဇဉ်အတွယ်အတာမရှိပဲစွန့်ပစ်ထားတဲ့ နယ်မြေအဲ့ဒီနယ်မြေထဲက ပစ္စည်းမှာဘာအနှောင်အတွယ်မှ မရှိကြဘူး။
အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။ ဘုန်းကြီးကျောင်းဝင်းထဲကညောင်ချင်တစ်နပ်စာလောက်ခူးခဲ့ရင်တောင်
ငါလိပ်ပြာလုံမှာမဟုတ်ဘူး။ ကျောင်းဆိုတာက သာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာ။ယှဉ်ကြည့်ပေါ့။ကျောင်းပစ္စည်းဆိုတာမစားတတ် ရင်
သံသရာအဆိပ်ကွ။သချႋုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။
ဒါ့ကြောင့်ငါအမြဲစားခဲ့တာပေါ့။သချႋုင်းကမျှစ်လည်း မျှစ်ပဲ၊ အပြင် က မျှစ်လည်း မျှစ်ပါ ပဲ ဘယ်မြေပေါ်ပေါက်ပေါက်မျှစ်ဟာမျှစ်ပါပဲ ။
အေ သချႋုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးပြီး ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲလူပဲကွာ ဘယ်စားမှာလဲ။
အလကားပါကွာ လူတွေကိုက အယူသီးနေတာပါ။သချႋုင်းတဲ့ မင်းတို့စဉ်းစားကြည့် သချႋုင်းဆိုတာက ကြာကြာမှတစ်ခါ လူသေမှ မြှုတ်ကြ တာ။
မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကိုကြည့်စမ်း။
ငါးပုပ်ရင်ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။ ကြက်၊ဝက်၊ဘဲ၊ငါး၊နွား၊ဆိတ်သေ စတာတွွေလည်း
အသုဘ တွေပဲကွာ။ဒါတွေကြတော့ အသုဘ လို့မမြင်ဘဲ သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။
မင်းတို့ငါတို့ရဲ့ပါးစပ်သချႋုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ မနည်းမနောဝင်ပြီးပြီနော်။
ဒါကြတော လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။
မသန့်တာက အဲ့ဒီပါးစပ်သချႋုင်းပဲကွ။ဒါတွေကြတော တဖြောင်းဖြောင်း ဝါးစားနေကြပြီးငါသချႋုင်းထဲက မျှစ်ချိုးစား တာကြ တော အပြစ်မြင်ပြီး
လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ။တရား အလွန်ဝေးတဲ့လူတွေပါလား။ကိုယ်ပြောမှ အမှန် ကိုယ်လုပ်မှ အဟုတ်ထင်ကြတာလား။
လူဆိုတာ သေမျိုးကွ ဘယ်သူမှ ဒီသချႋုင်းကပြေးမလွတ်ပါဘူးကွာ။