အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဥ်တွေကို ငယ်စဥ်ကတည်းက သီဆိုလာခဲ့သူဖြစ်ပြီး မြန်မာ့သံစဥ်ကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။
ချိုလွင်တဲ့အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့မြန်မာ့သံစဥ်သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်။လက်ရှိမှာ အဆိုတော် အိအိချွန် ဟာ သာသနာ့ဘောင်ကို ရောက်ရှိနေပါတယ်။
အဆိုတော် အိအိချွန် ရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေသမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်။ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ ကြီးကြယ်မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်။
အဆိုတော် အိအိချွန် ကတော့ ဦးနှောက်မှာအကြိတ်တည်တဲ့ရောဂါကို ခံစားနေရပြီး ဆေးကုသမှု့ ခံယူနေရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာဆေးကုသမှု့ကို ပုံမှန်ကုသနေပြီး ရောဂါဆိုးဝါးလာရင်တော့ နောက်ဆုံးမှာ
မျက်လုံးကွယ်သွားနိုင်တယ်လို့ ဆရာဝန်က ပြောထားပါတယ်လို့ သိရပါတယ်။ဆရာလေး ကတော့ ခံစားနေရတဲ့ ဦးဏှောက်ရောဂါဝေဒနာနဲ့ပတ်သက်ပြီး“ ဦးနှောက်အကျိတ် ဖြစ်စေတဲ့ ဟော်မုန်းဓာတ် မြင့်လာတယ်။
မျက်လုံးတွေက ကောင်းကောင်း မမြင်ရတော့ဘူး”လို့ MC ရဲ့အင်တာဗျူးတစ်ခုမှာ ဖြေကြားထားတာကို တွေ့ရပါတယ်။ဦးဏှောက်ကအကျိတ်ကတော့ ကင်ဆာအကျိတ်မဟုတ်ပေမယ့် ပိုမိုကြီးထွားလာတာကြောင့်
မျက်လုံးတွေဝေဝါးလာပြီး ပိုမိုဆိုးရွားလာပါတယ်။ဒီလိုဆိုးရွားလာတဲ့ ဝေဒနာတွေအပေါ် ဖြစ်ပျက်တရားကိုသာ ရှုမှတ်ပြီးတရားဘာဝနာများကို အားထုတ်နေတယ်လို့လဲ အိအိချွန် ခေါ် ဆရာလေး က ဖြေထားပါသေးတယ်။
ဒါကြောင့်လဲ နောက်ဆုံးအချိန်ရောက်ရှိလာရင် ကုသိုလ်စိတ်လေးနဲ့ပဲ ဘဝကူးကောင်းချင်တာကြောင့် အသက်ရှင်သန်နေချိန်မှာ ကောင်းမှု့ကုသိုလ်တွေများစွာ လုပ်နေတာကို တွေ့ရပါတယ်။
ဦးနှောက်အကျိတ်တည်ဝေဒနာအတွက် ဆေးကုသမှုကို တရားရှုမှတ်ရင်း ရင်ဆိုင်ဖြတ်ကျော်နေတာပဲ ဖြစ်ပါတယ်။