Local News

မန္တလေးက ပျောက်ဆုံးနေတဲ့ (၅) နှစ်သားလေးကို ပြန်တွေ့ (တရားခံက ထင်တောင် မထင်ရဘူး)

မႏၲေလးခေရာစ့္ဆင့္မုန႔္ဆိုင္၊ ၇၁လမ္း၊ လမ္း၃၀×၃၁လမ္းၾကား ရန္မ်ိဳးလုံရပ္ကြက္မွာ ေပ်ာက္ဆုံးသြားတဲ့ သားေလး ေမာင္ဇြဲေဝယံထြန္း အသက္(၅)ႏွစ္ ၄ လကို ၅ ရက္ ၾကာၿပီးေနာက္ (၆) ရက္ေျမာက္ေန႔မွာ ျပန္လည္ေတြ႕ရွိခံၿပီ ျဖစ္တယ္လို႔ ကေလး မိဘေတြက ယေန႔ ဒီဇင္ဘာ ၁၆ ရက္ နံနက္ပိုင္းမွာ အသိေပးလိုက္တာ ျဖစ္ပါတယ္။

“ႏိုင္ငံတဝွမ္းကေနၿပီး သားသားေလးကို ေစတနာ၊ ေမတၱာထားၿပီး ျပန္‌ေတြ႕ဖို႔ ဝိုင္းဝန္းဆုေတာင္း‌ေပးၾကတဲ့ ေက်ဇူးရွင္ မိဘျပည္သူမ်ားအားလုံးကို ကြၽန္ေတာ္ ကြၽန္မတို႔နဲ႔ သားသားေလးတို႔က ေက်းဇူးတင္ ကန္ေတာ့ပါတယ္။သားသားလည္း စိတ္ေရာကိုယ္ပါ က်န္းက်န္းမာမာရွိပါတယ္” လို႔ ကေလးငယ္ရဲ႕ ဖခင္ ဦဟန္မ်ိဳးဝင္းကေျပာပါတယ္။

ကေလးငယ္ကို မည္ကဲ့သို႔ ျပန္လည္ေတြ႕ရွိရေၾကာင္း မိဘေတြက ထုတ္မေျပာေသးေပမယ့္ စုံစမ္း သိရွိရတဲ့ သတင္းအရ ေဘးအိမ္က အသက္ (၅၀) အ႐ြယ္ အမ်ိဳးသမီးက ေခၚေဆာင္သြားတာလို႔ သိရပါတယ္။

ေဘးအိမ္ရဲ႕ အေပၚထပ္မွာ ကေလးကို ေစာင္နဲ႔ အုပ္ထားၿပီး ၅ ရက္ၾကာ ဖြက္ထားတယ္လို႔ သိရပါတယ္။ ကေလးငယ္ကိုလည္း -ိုက္ႏွက္ထားတဲ့ လကၡဏာအခ်ိဳ႕ကို ေတြ႕ရတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ဖမ္းဆီသြားတယ္လို႔ သိရပါတယ္။ ကေလး ေနထိုင္တဲ့ အိမ္ရဲ႕ ေတာင္ဘက္ေဘး အိမ္ကပ္လ်က္က တံခါးအၿမဲပိတ္ထားေၾကာင္း၊ လူရွိလ်က္နဲ႔ လူမႈေရးအရ လာေရာက္ ေမးျမန္းျခင္း မရွိေၾကာင္း၊

မသကၤာသျဖင့္ ယေန႔မနက္ အေစာပိုင္းမွာ ရဲမ်ားနဲ႔ ဝင္ေရာက္ ရွာေဖြခဲ့ရာ အိမ္အေပၚထပ္တြင္ ကေလးကို ေစာင္နဲ႔ အုပ္ထားေၾကာင္း မ်က္ျမင္သက္ေသ တဦးက ေျပာပါတယ္။

အဆိုပါ ေမာင္ဇြဲေဝယံထြန္း ေပ်ာက္ဆုံးမႈကို ဖခင္ျဖစ္သူက လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ၿပီးေနာက္ တႏိုင္ငံလုံးက ဝမ္းနည္းပူေဆြးခဲ့ၾကၿပီး အျမန္ျပန္ေတြ႕ပါေစေၾကာင္း ဆုေတာင္းမႈေတြ ျပဳလုပ္ေပးခဲ့ၾကပါတယ္။

ယခုရက္ပိုင္းတြင္ ကေလးေပ်ာက္ဆုံးမႈမ်ား ဆက္တိုက္ ျဖစ္ပြားေနၿပီး အေရအတြက္ အနည္းငယ္သာ ျပန္လည္ ေတြ႕ရွိေနတာပဲ ျဖစ္ပါတယ္။

unicode

န္တလေးခရောစ့်ဆင့်မုန့်ဆိုင်၊ ၇၁လမ်း၊ လမ်း၃၀×၃၁လမ်းကြား ရန်မျိုးလုံရပ်ကွက်မှာ ပျောက်ဆုံးသွားတဲ့ သားလေး မောင်ဇွဲဝေယံထွန်း အသက်(၅)နှစ် ၄ လကို ၅ ရက် ကြာပြီးနောက် (၆) ရက်မြောက်နေ့မှာ ပြန်လည်တွေ့ရှိခံပြီ ဖြစ်တယ်လို့ ကလေး မိဘတွေက ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။

“နိုင်ငံတဝှမ်းကနေပြီး သားသားလေးကို စေတနာ၊ မေတ္တာထားပြီး ပြန်‌တွေ့ဖို့ ဝိုင်းဝန်းဆုတောင်း‌ပေးကြတဲ့ ကျေဇူးရှင် မိဘပြည်သူများအားလုံးကို ကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။သားသားလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိပါတယ်” လို့ ကလေးငယ်ရဲ့ ဖခင် ဦဟန်မျိုးဝင်းကပြောပါတယ်။

ကလေးငယ်ကို မည်ကဲ့သို့ ပြန်လည်တွေ့ရှိရကြောင်း မိဘတွေက ထုတ်မပြောသေးပေမယ့် စုံစမ်း သိရှိရတဲ့ သတင်းအရ ဘေးအိမ်က အသက် (၅၀) အရွယ် အမျိုးသမီးက ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဘေးအိမ်ရဲ့ အပေါ်ထပ်မှာ ကလေးကို စောင်နဲ့ အုပ်ထားပြီး ၅ ရက်ကြာ ဖွက်ထားတယ်လို့ သိရပါတယ်။ ကလေးငယ်ကိုလည်း -ိုက်နှက်ထားတဲ့ လက္ခဏာအချို့ကို တွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီသွားတယ်လို့ သိရပါတယ်။ ကလေး နေထိုင်တဲ့ အိမ်ရဲ့ တောင်ဘက်ဘေး အိမ်ကပ်လျက်က တံခါးအမြဲပိတ်ထားကြောင်း၊ လူရှိလျက်နဲ့ လူမှုရေးအရ လာရောက် မေးမြန်းခြင်း မရှိကြောင်း၊

မသင်္ကာသဖြင့် ယနေ့မနက် အစောပိုင်းမှာ ရဲများနဲ့ ဝင်ရောက် ရှာဖွေခဲ့ရာ အိမ်အပေါ်ထပ်တွင် ကလေးကို စောင်နဲ့ အုပ်ထားကြောင်း မျက်မြင်သက်သေ တဦးက ပြောပါတယ်။

အဆိုပါ မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုကို ဖခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပြီးနောက် တနိုင်ငံလုံးက ဝမ်းနည်းပူဆွေးခဲ့ကြပြီး အမြန်ပြန်တွေ့ပါစေကြောင်း ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

ယခုရက်ပိုင်းတွင် ကလေးပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး အရေအတွက် အနည်းငယ်သာ ပြန်လည် တွေ့ရှိနေတာပဲ ဖြစ်ပါတယ်။

crd