Local News

မန္တလေးက ပျောက်သွားတဲ့ (၅) နှစ်သားလေးနဲ့ ပတ်သက်ပြီး ဆရာလင်းညှို့တာရာ ဒဲ့ဟောလိုက်ပြီ..

၁၁.၁၂.၂၀၂၂ ခုနှစ် မန္တလေးမြို့. ၇၁လမ်း၃၀×၃၁လမ်းတွင် နေထိုင်သော အသက်(၅)နှစ်လေးလအရွယ် မောင်ဇွဲဝေယံထွန်း သားငယ်လေးအတွက်ပါ။

သားငယ်လေးကို ဖြားယောင်းသွေးဆောင်သွားသူမှာ အမျိုးသမီးတစ်ယောက်ခေါင်းဆောင်သော လူလေးယောက် ပါဝင်ပါသည်။

ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေသေးပြီး မန္တလေးမြို့ ထဲမှာပင် ရှိနေတာကို ခံစားမိပါတယ်။

မြစ်အနီး ချောင်းအနီး ရေကန်အနီးအနားတွင်ရှိသော ပန်းခြံ ပန်းမန်များရှိသောအိမ်တစ်အိမ်ထဲတွင် လတ်တလောတည်ရှိနေကြောင်း ခံစားမိပါတယ်။

ခေါ်ဆောင်သွားသောအမျိုးသမီးသည် တရုတ်သွေးစပ်ပြီး အသားဖြူ၍ ပိန်ပိန်ရှည်ရှည်ဟု ခံစားမိပါသည်။ ရွေ့ပြောင်းမရသေးသဖြင့် မရွေ့ပြောင်းသေးတာကိုလည်း တွေ့ရပါသည်။

ယနေ့ ၁၅ ရက်နေ့ကနေ စပြီး နောက်ထပ် ခြောက်ရက်အတွင်း ကလေးနှင့်ပတ်သက်သော ထူးခြားမှု ရှိလာတတ်ပါတယ်။

ကလေးမှာ မေ့ဆေးပေးထားသကဲ့သို့ မျောနေသည့်လက္ခဏာမျိုး တွေ့ နေရသဖြင့် ပြေးပြေးလွှားလွှား ရှိနိုင်သောအခြေအနေမျိုးကို မခံစားမိပါ။

မိဘများအနေနဲ့ လုပ်ဆောင်သင့်သောယတြာများကို ပြောပြရမယ်ဆိုရင်ဖြင့် – သားလေးဖြစ်သူ ၏ အဝတ်အစားတစ်စုံအား အိုးတစ်လုံးထဲကို ထည့်ပေးပါ။

ထိုအိုးပေါ်တွင် လင်ပန်းတစ်ချပ်တင်ကာ ရေခွက်ခြောက်ခွက်တင်ပါ။ ရေခွက်သည် ကွဲလွယ်သောရေခွက်မဖြစ်ဘဲ စတီးခွက် ကြေးခွက် သတ္တုခွက်များ ဖြစ်ရပါ့မည်။

ထိုရေခွက်ထဲကို ရေထည့်၍ ” ဒီရေကို ဆန္ဒာမူရတီမယ်တော်အား ကပ်ပါ၏။ လက်ခံပေးတော်မူ၍ သားငယ်အား ကျွန်တော် ကျွန်မတို့ ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိစေရန်အတွက် ကူညီပေးပါ။

အန္တရာယ်ကင်းဘေးရှင်းပြီး အဆင်ပြေပြေနဲ့ ပြန်ရောက်ရှိနိုင်အောင်ရော သားငယ်နှင့်ပတ်သက်သော သတင်းများ အချက်အလက်များ ရရှိနိုင်ရန်အတွက် ကူညီပေးတော်မူပါ ” ဟူ၍ ဆုတောင်းပေးပါ။

တစ်နေ့ကို သုံးကြိမ်တိုင်တိုင် လုပ်ပေးပါ။ လုပ်ပြီးသမျှ ရေခွက်ထဲက ရေကို ရေအိုးထဲကို သွန်ချ၍ ဆုတောင်းပေးပါ။

မိဘမဟုတ်သောသူများလုပ်ဆောင်သင့်သည့်မှာ ကောင်လေး ၏ ပုံကို ကြည့်၍ ” ကလေးကိုချစ်သောနတ်များ ငယ်ရွယ်ခြင်းကိုချစ်သောပုဂ္ဂိုလ်များစွာနှင့်တကွ ဆန္ဒာမူရတီမယ်တော်ကြီး စောင့်ရှောက်ပေးပါစေသား

ဒီသားငယ်လေးအား မိသားစုနဲ့ အမြန်ဆုံးတွေ့ ဆုံရရှိစေရန်အတွက် ကူညီ၍ သတင်းကောင်းကြားရအောင် လမ်းကြောင်းဖွင့်ပေးနိုင်ပါစေ ” ဟူ၍ ဆုတောင်းပေးပေးပါလေဗျာ။

ကျွန်တော်လည်း ကျွန်တော်တတ်သောပညာဖြင့် အမြန်ဆုံးမိသားစုနဲ့ ဆုံတွေ့နိုင်ရန်အတွက်လည်း ဆိုင်ရာအစီရင်များ လုပ်ဆောင်ပေးနေပါသည်။ အဆင်ပြေကြပါစေ။

မိဘများကို ကိုယ်ချင်းစာလှသဖြင့် ကျွန်တော့်တတ်သော ပညာရပ်ဖြင့် ကူညီပေးခြင်းဖြစ်ပါသည်။ (လင်းညှို့တာရာ)

Crd to Blacker

==================

၁၁.၁၂.၂၀၂၂ ခုႏွစ္ မႏၲေလးၿမိဳ႕. ၇၁လမ္း၃၀×၃၁လမ္းတြင္ ေနထိုင္ေသာ အသက္(၅)ႏွစ္ေလးလအ႐ြယ္ ေမာင္ဇြဲေဝယံထြန္း သားငယ္ေလးအတြက္ပါ။

သားငယ္ေလးကို ျဖားေယာင္းေသြးေဆာင္သြားသူမွာ အမ်ိဳးသမီးတစ္ေယာက္ေခါင္းေဆာင္ေသာ လူေလးေယာက္ ပါဝင္ပါသည္။

ယေန႔အခ်ိန္ထိ သက္ရွိထင္ရွားရွိေနေသးၿပီး မႏၲေလးၿမိဳ႕ ထဲမွာပင္ ရွိေနတာကို ခံစားမိပါတယ္။

ျမစ္အနီး ေခ်ာင္းအနီး ေရကန္အနီးအနားတြင္ရွိေသာ ပန္းၿခံ ပန္းမန္မ်ားရွိေသာအိမ္တစ္အိမ္ထဲတြင္ လတ္တေလာတည္ရွိေနေၾကာင္း ခံစားမိပါတယ္။

ေခၚေဆာင္သြားေသာအမ်ိဳးသမီးသည္ တ႐ုတ္ေသြးစပ္ၿပီး အသားျဖဴ၍ ပိန္ပိန္ရွည္ရွည္ဟု ခံစားမိပါသည္။ ေ႐ြ႕ေျပာင္းမရေသးသျဖင့္ မေ႐ြ႕ေျပာင္းေသးတာကိုလည္း ေတြ႕ရပါသည္။

ယေန႔ ၁၅ ရက္ေန႔ကေန စၿပီး ေနာက္ထပ္ ေျခာက္ရက္အတြင္း ကေလးႏွင့္ပတ္သက္ေသာ ထူးျခားမႈ ရွိလာတတ္ပါတယ္။

ကေလးမွာ ေမ့ေဆးေပးထားသကဲ့သို႔ ေမ်ာေနသည့္လကၡဏာမ်ိဳး ေတြ႕ ေနရသျဖင့္ ေျပးေျပးလႊားလႊား ရွိႏိုင္ေသာအေျခအေနမ်ိဳးကို မခံစားမိပါ။

မိဘမ်ားအေနနဲ႔ လုပ္ေဆာင္သင့္ေသာယၾတာမ်ားကို ေျပာျပရမယ္ဆိုရင္ျဖင့္ – သားေလးျဖစ္သူ ၏ အဝတ္အစားတစ္စုံအား အိုးတစ္လုံးထဲကို ထည့္ေပးပါ။

ထိုအိုးေပၚတြင္ လင္ပန္းတစ္ခ်ပ္တင္ကာ ေရခြက္ေျခာက္ခြက္တင္ပါ။ ေရခြက္သည္ ကြဲလြယ္ေသာေရခြက္မျဖစ္ဘဲ စတီးခြက္ ေၾကးခြက္ သတၱဳခြက္မ်ား ျဖစ္ရပါ့မည္။

ထိုေရခြက္ထဲကို ေရထည့္၍ ” ဒီေရကို ဆႏၵာမူရတီမယ္ေတာ္အား ကပ္ပါ၏။ လက္ခံေပးေတာ္မူ၍ သားငယ္အား ကြၽန္ေတာ္ ကြၽန္မတို႔ ရင္ခြင္ထဲကို ျပန္လည္ေရာက္ရွိေစရန္အတြက္ ကူညီေပးပါ။

အႏၲရာယ္ကင္းေဘးရွင္းၿပီး အဆင္ေျပေျပနဲ႔ ျပန္ေရာက္ရွိႏိုင္ေအာင္ေရာ သားငယ္ႏွင့္ပတ္သက္ေသာ သတင္းမ်ား အခ်က္အလက္မ်ား ရရွိႏိုင္ရန္အတြက္ ကူညီေပးေတာ္မူပါ ” ဟူ၍ ဆုေတာင္းေပးပါ။

တစ္ေန႔ကို သုံးႀကိမ္တိုင္တိုင္ လုပ္ေပးပါ။ လုပ္ၿပီးသမွ် ေရခြက္ထဲက ေရကို ေရအိုးထဲကို သြန္ခ်၍ ဆုေတာင္းေပးပါ။

မိဘမဟုတ္ေသာသူမ်ားလုပ္ေဆာင္သင့္သည့္မွာ ေကာင္ေလး ၏ ပုံကို ၾကည့္၍ ” ကေလးကိုခ်စ္ေသာနတ္မ်ား ငယ္႐ြယ္ျခင္းကိုခ်စ္ေသာပုဂၢိဳလ္မ်ားစြာႏွင့္တကြ ဆႏၵာမူရတီမယ္ေတာ္ႀကီး ေစာင့္ေရွာက္ေပးပါေစသား

ဒီသားငယ္ေလးအား မိသားစုနဲ႔ အျမန္ဆုံးေတြ႕ ဆုံရရွိေစရန္အတြက္ ကူညီ၍ သတင္းေကာင္းၾကားရေအာင္ လမ္းေၾကာင္းဖြင့္ေပးႏိုင္ပါေစ ” ဟူ၍ ဆုေတာင္းေပးေပးပါေလဗ်ာ။

ကြၽန္ေတာ္လည္း ကြၽန္ေတာ္တတ္ေသာပညာျဖင့္ အျမန္ဆုံးမိသားစုနဲ႔ ဆုံေတြ႕ႏိုင္ရန္အတြက္လည္း ဆိုင္ရာအစီရင္မ်ား လုပ္ေဆာင္ေပးေနပါသည္။ အဆင္ေျပၾကပါေစ။

မိဘမ်ားကို ကိုယ္ခ်င္းစာလွသျဖင့္ ကြၽန္ေတာ့္တတ္ေသာ ပညာရပ္ျဖင့္ ကူညီေပးျခင္းျဖစ္ပါသည္။ (လင္းညႇိဳ႕တာရာ)

Crd to Blacker