Local News

မိမိကလေးလို မဖြစ်စေဖို့ ကလေးတွေကို ဂရုစိုက်ဖို့ လိုကြောင်း ပြောသွားတဲ့မိခင်တစ်ဦးရဲ့ ထိတ်လန့်စရာဖြစ်ရပ်

ပြီးခဲ့တဲ့ အပတ်တုန်းက ဖိလစ်ပိုင်က မိခင်တစ်ဦးဖြစ်တဲ့ Riza Canunayan က သူမကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခုကို သတိပေးတဲ့အနေနဲ့ သူမရဲ့စာမျက်နှာမှာ တင်ခဲ့တာပဲဖြစ်ပါတယ်။

သူမမှာ ၂နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ဒီသမီးလေးဟာပုံမှန်မဟုတ်ပဲ အသက်ရှုမဝသလိုဖြစ်နေတာ

လေးရက်လောက်ရှိပြီ လို့ သူမ သတိထားမိခဲ့ပါတယ်။ဒါပေမယ့် ဒါဟာ ပုံမှန်နေမကောင်းဖြစ်တဲ့လက္ခဏာလို့ပဲ သူမ ထင်ခဲ့ပြီး အမှတ်တမဲ့နေမိခဲ့ပါတယ်။ အဲဒီနောက်တော့ သမီးလေးရဲ့နှာခေါင်းတစ်ဖက်က လေမထွက်ပဲ တစ်ဖက်တည်းနဲ့အသက်ရှုနေတာကို သတိထားမိပြန်ပါတယ်။ ပုံမှန်နှာခေါင်းပိတ်နေတယ်လို့ပဲ ထင်မိပြန်ပါတယ်

ဒါပေမယ့် အဲဒီညမှာတော့ သူမအိပ်ရာက တရေးနိုးတော့ သမီးရဲ့နှာခေါင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိပါတယ်။

အဲဒီလိုကြည့်ရင်း နှာခေါင်းအရင်းနားမှာ ငွေရောင်အရာဝထ္ထုလေးတစ်ခုကို သွားတွေ့မိတော့ သူမလန့်ဖြန့်သွားပါတယ်။ဆွဲထုတ်ကြည့်ဖို့ကြိုးစားပေမယ့် လန့်ပြီးလက်တွေတုန်နေတာကြောင့် အဆင်မပြေခဲ့ပါဘူး။

အချိန်ကလည်း ည ၁နာရီဖြစ်နေပါပြီ။ သမီးလေးအတွက် အစိုးရိမ်လွန်သွားပြီး ၂၄နာရီဖွင့်တဲ့ ဆေးရုံကိုပြေးပြီးဆရာဝန်ထံပြခဲ့ပါတယ်။ဆရာဝန်က အထဲကအရာဝထ္ထုကို ဆွဲထုတ်ပြီးတဲ့အခါ သမီးလေးနှာခေါင်းထဲက သွေးတွေထွက်လာတဲ့အတွက် စိုးရိမ်မိပြန်ပါတယ်။ဒါဟာနှာခေါင်းထဲက အရာဝတ္ထုကိုဆွဲထုတ်ရင်း

ထိခိုက် မိတာလို့ ဆရာဝန်ကရှင်းပြီပြီး သူမရဲ့လက်ထဲကို ငွေရောင်ချိတ်ကလေးတစ်ခုကို ထည့်ပေးခဲ့ပါတယ်။ သမီးလေးနှာခေါင်းထဲကို ဝင်ခဲ့တဲ့အရာဟာလက်သည်းညှပ်က ချိတ်ကလေးပဲဖြစ်ပါတယ်။အဲဒီနောက်တော့ သမီးဖြစ်သူကို ဆေးရုံကနေ အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးက ပုံမမှန်သလိုဖြစ်နေ

ပါသေးပြီး နှာခေါင်းတစ်ဖက်ကလည်း အလုပ်မလုပ်သေးပါဘူး။ သေချာကြည့်လိုက်တော့ ကလေးရဲ့နှာခေါင်းထဲမှာ အဝါရောင်သန်းနေတဲ့အရာကိုထပ်တွေ့ပြန်ပါတယ်။ သူမကြိုးစားပြီးဆွဲထုတ်တဲ့အခါမှာတော့ အပ်ချည်မျင်ကြိုးတွေဟာ နှပ်တွေနဲ့လုံးပြီး နှာခေါင်းကိုပိတ်နေတာကို သိလိုက်ရပါတယ်။

ဒါဟာ သူမရဲ့ကလေးကိုသေသေချာချာဂရုမစိုက်မိတဲ့အပြစ်ဖြစ်ကြောင်း ၊ ဘာမှမဖြစ်တဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ၊ ဒီအရွယ်ဟာငယ်သေးတဲ့အတွက် ဘာဖြစ်တယ်ဆိုတာ ခံစားရသမျှကိုမပြောနိုင်သေးကြောင်း ၊ မိဘတွေဟာ ကလေးငယ်တွေရဲ့အနီးအနားမှာ အလွယ်တကူယူငင်နိုင်တဲ့ ပစ္စည်းသေးသေးလေးတွေကို မထားသင့်ကြောင်း သတိပေးသွားပါတယ်။

အခုအချိန်မှာတော့ ကလေးငယ်ဟာ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။ ဒီလိုမျိုးကလေးရဲ့နှာခေါင်းထဲကို အရာဝထ္ထုတွေဝင်ဖို့ဆိုတာ မလွယ်ကူပေမယ့် ကြိုတင်သတိထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သူမကြုံတွေတဲ့ဖြစ်ရပ်အား ရေးသားရင်း မိဘတွေကို သတိပေးထားတဲ့ပိုစ့်ကို လူပေါင်း ၃သောင်းနီးပါးက မျှဝေသွားကြပါတယ်။

ၿပီးခဲ့တဲ့ အပတ္တုန္းက ဖိလစ္ပိုင္က မိခင္တစ္ဦးျဖစ္တဲ့ Riza Canunayan က သူမႀကဳံေတြ႕ခဲ့ရတဲ့ ထိတ္လန႔္ဖြယ္ျဖစ္ရပ္တစ္ခုကို သတိေပးတဲ့အေနနဲ႔ သူမရဲ႕စာမ်က္ႏွာမွာ တင္ခဲ့တာပဲျဖစ္ပါတယ္။

သူမမွာ ၂ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ရွိပါတယ္။ ဒီသမီးေလးဟာပုံမွန္မဟုတ္ပဲ အသက္ရႈမဝသလိုျဖစ္ေနတာ

ေလးရက္ေလာက္ရွိၿပီ လို႔ သူမ သတိထားမိခဲ့ပါတယ္။ဒါေပမယ့္ ဒါဟာ ပုံမွန္ေနမေကာင္းျဖစ္တဲ့လကၡဏာလို႔ပဲ သူမ ထင္ခဲ့ၿပီး အမွတ္တမဲ့ေနမိခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သမီးေလးရဲ႕ႏွာေခါင္းတစ္ဖက္က ေလမထြက္ပဲ တစ္ဖက္တည္းနဲ႔အသက္ရႈေနတာကို သတိထားမိျပန္ပါတယ္။ ပုံမွန္ႏွာေခါင္းပိတ္ေနတယ္လို႔ပဲ ထင္မိျပန္ပါတယ္။

ဒါေပမယ့္ အဲဒီညမွာေတာ့ သူမအိပ္ရာက တေရးႏိုးေတာ့ သမီးရဲ႕ႏွာေခါင္းထဲကို ဓာတ္မီးနဲ႔ထိုးၾကည့္မိပါတယ္။

အဲဒီလိုၾကည့္ရင္း ႏွာေခါင္းအရင္းနားမွာ ေငြေရာင္အရာဝထၳဳေလးတစ္ခုကို သြားေတြ႕မိေတာ့ သူမလန႔္ျဖန႔္သြားပါတယ္။ဆြဲထုတ္ၾကည့္ဖို႔ႀကိဳးစားေပမယ့္ လန႔္ၿပီးလက္ေတြတုန္ေနတာေၾကာင့္ အဆင္မေျပခဲ့ပါဘူး။

အခ်ိန္ကလည္း ည ၁နာရီျဖစ္ေနပါၿပီ။ သမီးေလးအတြက္ အစိုးရိမ္လြန္သြားၿပီး ၂၄နာရီဖြင့္တဲ့ ေဆး႐ုံကိုေျပးၿပီးဆရာဝန္ထံျပခဲ့ပါတယ္။ဆရာဝန္က အထဲကအရာဝထၳဳကို ဆြဲထုတ္ၿပီးတဲ့အခါ သမီးေလးႏွာေခါင္းထဲက ေသြးေတြထြက္လာတဲ့အတြက္ စိုးရိမ္မိျပန္ပါတယ္။ဒါဟာႏွာေခါင္းထဲက အရာဝတၳဳကိုဆြဲထုတ္ရင္း

ထိခိုက္ မိတာလို႔ ဆရာဝန္ကရွင္းၿပီၿပီး သူမရဲ႕လက္ထဲကို ေငြေရာင္ခ်ိတ္ကေလးတစ္ခုကို ထည့္ေပးခဲ့ပါတယ္။ သမီးေလးႏွာေခါင္းထဲကို ဝင္ခဲ့တဲ့အရာဟာလက္သည္းညႇပ္က ခ်ိတ္ကေလးပဲျဖစ္ပါတယ္။အဲဒီေနာက္ေတာ့ သမီးျဖစ္သူကို ေဆး႐ုံကေန အိမ္ျပန္ေခၚခဲ့ပါတယ္။ ဒါေပမယ့္ ကေလးက ပုံမမွန္သလိုျဖစ္ေန

ပါေသးၿပီး ႏွာေခါင္းတစ္ဖက္ကလည္း အလုပ္မလုပ္ေသးပါဘူး။ ေသခ်ာၾကည့္လိုက္ေတာ့ ကေလးရဲ႕ႏွာေခါင္းထဲမွာ အဝါေရာင္သန္းေနတဲ့အရာကိုထပ္ေတြ႕ျပန္ပါတယ္။ သူမႀကိဳးစားၿပီးဆြဲထုတ္တဲ့အခါမွာေတာ့ အပ္ခ်ည္မ်င္ႀကိဳးေတြဟာ ႏွပ္ေတြနဲ႔လုံးၿပီး ႏွာေခါင္းကိုပိတ္ေနတာကို သိလိုက္ရပါတယ္။

ဒါဟာ သူမရဲ႕ကေလးကိုေသေသခ်ာခ်ာဂ႐ုမစိုက္မိတဲ့အျပစ္ျဖစ္ေၾကာင္း ၊ ဘာမွမျဖစ္တဲ့အတြက္ဘုရားသခင္ကို ေက်းဇူးတင္ေၾကာင္း ၊ ဒီအ႐ြယ္ဟာငယ္ေသးတဲ့အတြက္ ဘာျဖစ္တယ္ဆိုတာ ခံစားရသမွ်ကိုမေျပာႏိုင္ေသးေၾကာင္း ၊ မိဘေတြဟာ ကေလးငယ္ေတြရဲ႕အနီးအနားမွာ အလြယ္တကူယူငင္ႏိုင္တဲ့ ပစၥည္း

ေသးေသးေလးေတြကို မထားသင့္ေၾကာင္း သတိေပးသြားပါတယ္။

အခုအခ်ိန္မွာေတာ့ ကေလးငယ္ဟာ ျပန္လည္က်န္းမာလာၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳးကေလးရဲ႕ႏွာေခါင္းထဲကို အရာဝထၳဳေတြဝင္ဖို႔ဆိုတာ မလြယ္ကူေပမယ့္ ႀကိဳတင္သတိထားတာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

သူမႀကဳံေတြတဲ့ျဖစ္ရပ္အား ေရးသားရင္း မိဘေတြကို သတိေပးထားတဲ့ပိုစ့္ကို လူေပါင္း ၃ေသာင္းနီးပါးက မွ်ေဝသြားၾကပါတယ္။