သားကိုေပးတဲ့နာမည္ေၾကာင့္ ႏွစ္ေပါင္း(၆၀)စာ ဒိုမီႏိုပီဇာအခမဲ့စားခြင့္ရခဲ့တဲ့ မိသားစု
ၾသဇီမိသားစုေလးတစ္စုဟာ ႏွစ္(၆၀)စာ ဒိုမီႏိုပီဇာအခမဲ့စားခြင့္ ရရွိခဲ့ေၾကာင္း သိရပါတယ္။ ဇနီးျဖစ္သူ Clementine Oldfield နဲ႔ ခင္ပြန္းျဖစ္သူ Anthony Lot တို႔ဟာ သားေလးေၾကာင့္ ဒီလို ထင္မွတ္မထားတဲ့ အခြင့္ထူးႀကီးကို ကံထူးခဲ့တာပါ။ ျဖစ္စဥ္အက်ဥ္းမွာေတာ့ သူတို႔မိသားစုဟာ သားျဖစ္သူ Dominic ကို ဒီဇင္ဘာ(၉)ရက္က ေအာင္ျမင္စြာ ေမြးႏိုင္ခဲ့ပါတယ္။
သူတို႔တစ္ေတြဟာ သားျဖစ္သူကို ေပးလိုက္တဲ့နာမည္ေၾကာင့္ Domino ပီဇာရဲ႕ ၿပိဳင္ပြဲမွာ ကံထူးခဲ့တာပါ။ သားျဖစ္သူ Dominic ကို ဒီၿပိဳင္ပြဲစၿပီး (၂)နာရီေလာက္အၾကာမွာ ေမြးဖြားခဲ့တာပါ။ Domino ရဲ႕ သတ္မွတ္ခ်က္အရ ပထမဆုံး ကေလးမိဘအျဖစ္ ခံယူမယ့္သူေတြအေနနဲ႔ သူတို႔ေမြးလာတဲ့ကေလးကို Dominic သို႔မဟုတ္ Dominique အမည္ တရားဝင္ေပးရမွာပါ။
ဒီလို ေပးႏိုင္တယ္ဆိုရင္ေတာ့ အဲဒီမိသားစုအေနနဲ႔ ေဒၚလာ (၁၀၈၀၀) သို႔မဟုတ္ ေပါင္(၆၀၀၀)နဲ႔ ညီမွ်တဲ့ အႏွစ္(၆၀)စာ ဒိုမီႏိုပီဇာအခမဲ့စားခြင့္ ရရွိမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီအခြင့္အေရးကို ကံထူးခဲ့တဲ့မိသားစုဟာ Clementine တို႔သာ ျဖစ္ၿပီး၊ သူတို႔အေနနဲ႔လည္း Domino က ဒီလို တကယ္ေပးလိမ့္မယ္လို႔ ထင္ခဲ့ျခင္းမရွိေၾကာင္း
ဒါေပမယ့္ တကယ္ျဖစ္လာတဲ့အတြက္ အလြန္ဝမ္းသာမိေၾကာင္း ဆိုခဲ့ပါတယ္။ သားျဖစ္သူ Dominic ရဲ႕နာမည္အျပည့္အစုံကေတာ့ Dominic Julian Lot ျဖစ္ပါတယ္။ Royal Prince Alfred Hospital မွာ ေအာင္ျမင္စြာ ေမြးခဲ့တာျဖစ္ၿပီး၊ ကိုယ္အေလးခ်ိန္ (၃.၉)ကီလိုဂရမ္ ရွိပါတယ္။ သူတို႔ မိသားစုဟာ ဆစ္ဒနီမွာ ေနထိုင္ၾကပါတယ္။
ကေလးမေမြးခင္ကအထိ ဒီနာမည္ေပးဖို႔ စိတ္ကူးမရခဲ့ဘဲ၊ သူငယ္ခ်င္းေတြ ေဆြမ်ိဳးေတြက Domino ပီဇာက ဒီလိုၿပိဳင္ပြဲေလး လုပ္စရာရွိေၾကာင္း၊ ကေလးကို ဒီနာမည္ေပးဖို႔ တိုက္တြန္းခဲ့ၾကပါသတဲ့။ ဒီလိုနဲ႔ မယုံတဝက္ ယုံတဝက္ျဖင့္ ကေလးနာမည္ကို ေဆး႐ုံေဖာင္မွာ တရားဝင္ ျဖည့္ၿပီး၊ ယင္းေဖာင္စာ႐ြက္ကိုပဲ ၿပိဳင္ပြဲအတြက္ ေပးပို႔ခဲ့ပါတယ္။
အဲဒီေနာက္ (၃)ရက္အၾကာမွာပဲ Domino တာဝန္ရွိသူက သူတို႔ထံ ဖုန္းဆက္အေၾကာင္းၾကားပါတယ္။ ၿပိဳင္ပြဲမွာ အႏိုင္ရရွိေၾကာင္း၊ တစ္လလွ်င္ (၁၄)ေဒၚလာတန္ဖိုးရွိ ပီဇာေတြကို အႏွစ္(၆၀)စာ အခမဲ့စားခြင့္ ခ်ီးျမင့္မွာျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့တာပါ။ ၾသစေတးလ်နဲ႔ နယူးဇီလန္ Domino ရဲ႕ CEO ျဖစ္သူ Nick Knight ကလည္း ဒီဆုဟာ သားေလးအတြက္ ထူးျခားတဲ့ ေမြးေန႔လက္ေဆာင္လို႔ ေျပာခဲ့ပါတယ္။Credit
သားကိုပေးတဲ့နာမည်ကြောင့် နှစ်ပေါင်း(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့်ရခဲ့တဲ့ မိသားစု
သြဇီမိသားစုလေးတစ်စုဟာ နှစ်(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။ ဇနီးဖြစ်သူ Clementine Oldfield နဲ့ ခင်ပွန်းဖြစ်သူ Anthony Lot တို့ဟာ သားလေးကြောင့် ဒီလို ထင်မှတ်မထားတဲ့ အခွင့်ထူးကြီးကို ကံထူးခဲ့တာပါ။ ဖြစ်စဉ်အကျဉ်းမှာတော့ သူတို့မိသားစုဟာ သားဖြစ်သူ Dominic ကို ဒီဇင်ဘာ(၉)ရက်က အောင်မြင်စွာ မွေးနိုင်ခဲ့ပါတယ်။
သူတို့တစ်တွေဟာ သားဖြစ်သူကို ပေးလိုက်တဲ့နာမည်ကြောင့် Domino ပီဇာရဲ့ ပြိုင်ပွဲမှာ ကံထူးခဲ့တာပါ။ သားဖြစ်သူ Dominic ကို ဒီပြိုင်ပွဲစပြီး (၂)နာရီလောက်အကြာမှာ မွေးဖွားခဲ့တာပါ။ Domino ရဲ့ သတ်မှတ်ချက်အရ ပထမဆုံး ကလေးမိဘအဖြစ် ခံယူမယ့်သူတွေအနေနဲ့ သူတို့မွေးလာတဲ့ကလေးကို Dominic သို့မဟုတ် Dominique အမည် တရားဝင်ပေးရမှာပါ။
ဒီလို ပေးနိုင်တယ်ဆိုရင်တော့ အဲဒီမိသားစုအနေနဲ့ ဒေါ်လာ (၁၀၈၀၀) သို့မဟုတ် ပေါင်(၆၀၀၀)နဲ့ ညီမျှတဲ့ အနှစ်(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့် ရရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကံထူးခဲ့တဲ့မိသားစုဟာ Clementine တို့သာ ဖြစ်ပြီး၊ သူတို့အနေနဲ့လည်း Domino က ဒီလို တကယ်ပေးလိမ့်မယ်လို့ ထင်ခဲ့ခြင်းမရှိကြောင်း
ဒါပေမယ့် တကယ်ဖြစ်လာတဲ့အတွက် အလွန်ဝမ်းသာမိကြောင်း ဆိုခဲ့ပါတယ်။ သားဖြစ်သူ Dominic ရဲ့နာမည်အပြည့်အစုံကတော့ Dominic Julian Lot ဖြစ်ပါတယ်။ Royal Prince Alfred Hospital မှာ အောင်မြင်စွာ မွေးခဲ့တာဖြစ်ပြီး၊ ကိုယ်အလေးချိန် (၃.၉)ကီလိုဂရမ် ရှိပါတယ်။ သူတို့ မိသားစုဟာ ဆစ်ဒနီမှာ နေထိုင်ကြပါတယ်။
ကလေးမမွေးခင်ကအထိ ဒီနာမည်ပေးဖို့ စိတ်ကူးမရခဲ့ဘဲ၊ သူငယ်ချင်းတွေ ဆွေမျိုးတွေက Domino ပီဇာက ဒီလိုပြိုင်ပွဲလေး လုပ်စရာရှိကြောင်း၊ ကလေးကို ဒီနာမည်ပေးဖို့ တိုက်တွန်းခဲ့ကြပါသတဲ့။ ဒီလိုနဲ့ မယုံတဝက် ယုံတဝက်ဖြင့် ကလေးနာမည်ကို ဆေးရုံဖောင်မှာ တရားဝင် ဖြည့်ပြီး၊ ယင်းဖောင်စာရွက်ကိုပဲ ပြိုင်ပွဲအတွက် ပေးပို့ခဲ့ပါတယ်။
အဲဒီနောက် (၃)ရက်အကြာမှာပဲ Domino တာဝန်ရှိသူက သူတို့ထံ ဖုန်းဆက်အကြောင်းကြားပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိကြောင်း၊ တစ်လလျှင် (၁၄)ဒေါ်လာတန်ဖိုးရှိ ပီဇာတွေကို အနှစ်(၆၀)စာ အခမဲ့စားခွင့် ချီးမြင့်မှာဖြစ်ကြောင်း အကြောင်းကြားခဲ့တာပါ။ သြစတေးလျနဲ့ နယူးဇီလန် Domino ရဲ့ CEO ဖြစ်သူ Nick Knight ကလည်း ဒီဆုဟာ သားလေးအတွက် ထူးခြားတဲ့ မွေးနေ့လက်ဆောင်လို့ ပြောခဲ့ပါတယ်။Credit