“ခရမ္းခ်ဥ္သီးေတြကို ႏြားေကြၽးပစ္ေနၾကတာ ႏွေျမာလြန္းလို႔ (၈) လေလာက္ အထားခံမယ့္ နည္းလမ္းေလး မွ်ေဝေပးပါရေစ”
ေလလြင့္ဆုံးရႈံးမႈ မျဖစ္ေစဖို႔ ခရမ္းခ်ဥ္သီးေတြကို အခုလိုေလး အႏွစ္လုပ္ၿပီး သိမ္းထားလို႔ရပါတယ္..ရိတ္သိမ္းခ်ိန္လြန္ ေလလြင့္ဆုံးရႈံးမႈ ကာကြယ္ဖို႔နဲ႔ အခုလို ခရမ္းခ်ဥ္သီးေတြ ပင္ရင္းေဒသမွာ တစ္ပိသာ ၁၀၀ ေလာက္ပဲ
ကားတင္ပို႔ခေတြက ေဈးႀကီးနဲ႔ ဝယ္လိုအားက အကန႔္အသတ္ ျဖစ္ေနခ်ိန္မွာ ႏြားေကြၽးပစ္ရတာတို႔ စြန႔္ပစ္လိုက္ရတာတို႔ ေတြ႕ေနရပါတယ္ဒါေတြကို ေျဖရွင္းဖို႔ တစ္ခုေသာ နည္းကေတာ့ value added product ပဲ ေခၚေခၚ processed food ပဲ ေခၚေခၚ ခရမ္းခ်ဥ္ကို အႏွစ္ခ်က္ထားတဲ့နည္းပါပဲ..
လုပ္ပုံလုပ္နည္းက ဘာမွ မခက္ပါဘူး.. လုပ္ျဖစ္ၾကဖို႔ပဲ လိုတာပါ.. ကိုယ္ေတြ ကြင္းဆင္းတဲ့ ႐ြာေတြက အမ်ိဳးသမီးအဖြဲ႕ေတြကို သင္ေပးဖူး တာေလးကို အေျခခံၿပီးေရးေပးပါ့မယ္
ေသခ်ာမွည့္ေနတဲ့ ခရမ္းခ်ဥ္သီး အလုံးသန႔္ေတြကို ေရေျပာင္ေအာင္ေဆးပါ.. ထို႔ေနာက္ဓားျဖင့္ ေလးစိပ္စိပ္ပါ..ေခါင္းညႇာနားက အသားေတြ လွီးထုတ္ျပစ္ပါ.. အိုးသန႔္သန႔္မွာ ေရအနည္းငယ္ထည့္ၿပီး မိနစ္ ၂၀ ခန႔္ အသားႏူးအိသြားေအာင္ျပဳတ္ပါ..
အသားႏူးသြားလွ်င္ အေအးခံၿပီး blender နဲ႔ ႀကိတ္ေခ်ပါ..ထို႔ေနာက္ ဇကာသန႔္သန႔္ (ဝါးဇကာ စတီးဇကာ ရွိတာသုံးႏိုင္ပါတယ္) ျဖင့္ အႏွစ္တိုက္ပါ.. အေစ့ေတြ အခြံေတြဖယ္ထုတ္ျခင္းျဖင့္ အႏွစ္ သန႔္သန႔္ေလး ရလာပါၿပီ..
အဲဒီအႏွစ္ထဲကို ဓာတုေဆးမထည့္ပဲ လုပ္ခ်င္ရင္ ရွာလကာရည္ ႏွစ္ဇြန္းေလာက္ထည့္ပါ.. ေရမက်န္တဲ့အထိ အဆက္မျပတ္ မီးအေလာေတာ္ေလးနဲ႔ ေမႊေပးေနရပါမယ္..
ခရမ္းခ်ဥ္ သုံးပိသာဆို အႏွစ္ တစ္ပိသာတင္တဲ့အထိ ႀကိဳရပါမယ္..ေရကုန္တာနဲ႔အမွ် ခရမ္းခ်ဥ္ အႏွစ္က အေရာင္ေလး လွလာပါၿပီ.. ထည့္ဖို႔ ဖန္ပုလင္းအလြတ္ေတြကို ေရေႏြး ပြက္ပြက္ဆူမွာ ျပဳတ္ကာ ပိုးသတ္ထားၿပီး အေျခာက္လုပ္ထားရပါမယ္
ရလာတဲ့ ခရမ္းခ်ဥ္သီးအႏွစ္ tomato paste ေတြကို ပိုးသတ္ထားတဲ့ ပုလင္းထဲထည့္ၿပီး ေလလုံေအာင္ပိတ္ထားၿပီး သာမန္အခန္းအပူခ်ိန္မွာပဲ ထားလိုက္ရင္ ၈ လအထိ လုံးဝ အနံ႔ အရသာ မေျပာင္းပါ..
လက္ေတြ႕စမ္းၾကည့္ထားတာပါ..အဲလို tomato paste လုပ္ထားရင္ ျပန္ေရာင္းစားဖို႔ျဖစ္ျဖစ္ ခရမ္းခ်ဥ္ေဈးသိပ္ႀကီးတဲ့ မိုးရာသီမွာအိမ္သုံးဖို႔ပဲျဖစ္ျဖစ္ အဆင္သင့္ျဖစ္ပါၿပီ။
ရိတ္သိမ္းခ်ိန္လြန္ အေလအလြင့္ေလွ်ာ့ခ်ဖို႔ value added လုပ္ၾကစို႔လို႔ တိုက္တြန္း လိုက္ရပါတယ္..
ခရက္ဒစ္
Unicode
“ခရမ်းချဉ်သီးတွေကို နွားကျွေးပစ်နေကြတာ နှမြောလွန်းလို့ (၈) လလောက် အထားခံမယ့် နည်းလမ်းလေး မျှဝေပေးပါရစေ”
လေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့ ခရမ်းချဉ်သီးတွေကို အခုလိုလေး အနှစ်လုပ်ပြီး သိမ်းထားလို့ရပါတယ်..ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု ကာကွယ်ဖို့နဲ့ အခုလို ခရမ်းချဉ်သီးတွေ ပင်ရင်းဒေသမှာ တစ်ပိသာ ၁၀၀ လောက်ပဲ
ကားတင်ပို့ခတွေက ဈေးကြီးနဲ့ ဝယ်လိုအားက အကန့်အသတ် ဖြစ်နေချိန်မှာ နွားကျွေးပစ်ရတာတို့ စွန့်ပစ်လိုက်ရတာတို့ တွေ့နေရပါတယ်ဒါတွေကို ဖြေရှင်းဖို့ တစ်ခုသော နည်းကတော့ value added product ပဲ ခေါ်ခေါ် processed food ပဲ ခေါ်ခေါ် ခရမ်းချဉ်ကို အနှစ်ချက်ထားတဲ့နည်းပါပဲ..
လုပ်ပုံလုပ်နည်းက ဘာမှ မခက်ပါဘူး.. လုပ်ဖြစ်ကြဖို့ပဲ လိုတာပါ.. ကိုယ်တွေ ကွင်းဆင်းတဲ့ ရွာတွေက အမျိုးသမီးအဖွဲ့တွေကို သင်ပေးဖူး တာလေးကို အခြေခံပြီးရေးပေးပါ့မယ်
သေချာမှည့်နေတဲ့ ခရမ်းချဉ်သီး အလုံးသန့်တွေကို ရေပြောင်အောင်ဆေးပါ.. ထို့နောက်ဓားဖြင့် လေးစိပ်စိပ်ပါ..ခေါင်းညှာနားက အသားတွေ လှီးထုတ်ပြစ်ပါ.. အိုးသန့်သန့်မှာ ရေအနည်းငယ်ထည့်ပြီး မိနစ် ၂၀ ခန့် အသားနူးအိသွားအောင်ပြုတ်ပါ..
အသားနူးသွားလျှင် အအေးခံပြီး blender နဲ့ ကြိတ်ချေပါ..ထို့နောက် ဇကာသန့်သန့် (ဝါးဇကာ စတီးဇကာ ရှိတာသုံးနိုင်ပါတယ်) ဖြင့် အနှစ်တိုက်ပါ.. အစေ့တွေ အခွံတွေဖယ်ထုတ်ခြင်းဖြင့် အနှစ် သန့်သန့်လေး ရလာပါပြီ..
အဲဒီအနှစ်ထဲကို ဓာတုဆေးမထည့်ပဲ လုပ်ချင်ရင် ရှာလကာရည် နှစ်ဇွန်းလောက်ထည့်ပါ.. ရေမကျန်တဲ့အထိ အဆက်မပြတ် မီးအလောတော်လေးနဲ့ မွှေပေးနေရပါမယ်..
ခရမ်းချဉ် သုံးပိသာဆို အနှစ် တစ်ပိသာတင်တဲ့အထိ ကြိုရပါမယ်..ရေကုန်တာနဲ့အမျှ ခရမ်းချဉ် အနှစ်က အရောင်လေး လှလာပါပြီ.. ထည့်ဖို့ ဖန်ပုလင်းအလွတ်တွေကို ရေနွေး ပွက်ပွက်ဆူမှာ ပြုတ်ကာ ပိုးသတ်ထားပြီး အခြောက်လုပ်ထားရပါမယ်
ရလာတဲ့ ခရမ်းချဉ်သီးအနှစ် tomato paste တွေကို ပိုးသတ်ထားတဲ့ ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ထားပြီး သာမန်အခန်းအပူချိန်မှာပဲ ထားလိုက်ရင် ၈ လအထိ လုံးဝ အနံ့ အရသာ မပြောင်းပါ..
လက်တွေ့စမ်းကြည့်ထားတာပါ..အဲလို tomato paste လုပ်ထားရင် ပြန်ရောင်းစားဖို့ဖြစ်ဖြစ် ခရမ်းချဉ်ဈေးသိပ်ကြီးတဲ့ မိုးရာသီမှာအိမ်သုံးဖို့ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်ပါပြီ။
ရိတ်သိမ်းချိန်လွန် အလေအလွင့်လျှော့ချဖို့ value added လုပ်ကြစို့လို့ တိုက်တွန်း လိုက်ရပါတယ်..
ခရက်ဒစ်