Knowledge

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ

🔶 LTR Visa – ၁၀ နှစ် Visa သက်တမ်းတိုးနိုင်ပြီး LTR Visa ကိုင်ထားသူရဲ့ ခင်ပွန်း၊ ဇနီး နှင့် အသက် ၂၀ အောက် ကလေးများ အကြုံးဝင်ပြီး LTR Visa ကိုင်ဆောင်ထားသူ ၁ ယောက် အတွက် မှီခိုသူ ၄ ယောက်အထိ အကျုံးဝင်ပါတယ်

ဒီဗီဇာကို ကိုဗစ်ကာလနောက်ပိုင်းမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံခြားသားတွေအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်က စတင်ကာ Long-term Resident (LTR) Visa ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်

🔷ချမ်းသာတဲ့ နိုင်ငံခြားသားများ ၊ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ သန်း ပိုင်ဆိုင်ထားသူများ

🔷ချမ်းသာတဲ့ ပင်စင်စားများ၊ ပုံမှန် ပင်စင်လစာ သို့မဟုတ် ပုံမှန် ဝင်ငွေ ရှိတဲ့ အသက် ၅၀ နဲ့အထက် နိုင်ငံခြားသားများ

🔷ထိုင်းမှာ အလုပ်လာလုပ်မယ့်သူများ၊ နိုင်ငံခြားက ကုမ္ပဏီတွေအတွက် ထိုင်းမှာ လာရောက် အလုပ်လုပ်သူများ။

🔷ပညာအရည်အချင်း မြင့်မားတဲ့ ပရောက်ဖက်ရှင်နယ်များ၊ စီးပွားရေး လုပ်ငန်းများ၊ အဆင့်မြင့် ပညာသင်ကြားရေး ကျောင်းများ၊ သုတေသန စင်တာများအတွက် အလုပ်လုပ်နေတဲ့ သက်ဆိုင်ရာ နယ်ပယ်မှ ပညာရှင်များ

🔶 Thailand Elite Visa – ထိုင်းမှာဇိမ်ကျကျအနားယူလိုသူများအတွက် Elite Visa ဈေးနှုန်းတွေက 🔷၅ နှစ် နေထိုင်ခွင့် ဘတ်(၆)သိန်း၊ 🔷၁၀)နှစ်နေထိုင်ခွင့် – ဘတ်(၈)သိန်း၊ 🔷၂၀ နှစ် ဘတ် (၁) သန်း၊ 🔷 ၂၀)နှစ်နေထိုင်ခွင့် (မိသားစု) – ဘတ်(၂)သန်း ဖြစ်ပါတယ် ။

Elite Visa ကို Thailand Privilege Card အောက်က အစီအစဉ် ဖြစ်ပြီး Thai Elite Visa Office မှာဗီဇာကိစ္စလျောက်ထားနိုင်ပါတယ်

🔶 Investment Visa – ဘတ် ၁၀ သန်းနဲ့ အထက် ရင်းနှီးမြှပ်နှံတဲ့ နိုင်ငံခြားသားတွေဟာ ၁ နှစ် Non-immigrant Investment Visa ကိုလျောက်ထားနိုင်ပါတယ်။

နိုင်ငံခြားသားတွေဟာ Investment Visa ရဖို့အောက်ပါအချက်တွေထဲက ၁ ခုမှာ ဘတ် ၁၀ သန်း ရင်းနှီးမြှပ်နှံရမှာဖြစ်ပါတယ်။

✅ အနည်းဆုံး ဘတ် ၁၀ သန်းတန် ကွန်ဒိုမီနီယမ် ဝယ်ယူခြင်း။ ✅ ထိုင်း အစိုးရနဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေရဲ့ Bond တွေကို ဝယ်ယူခြင်း။ ✅ ထိုင်း ဘဏ်ရဲ့ စာရင်းသေ အပ်ငွေ အကောင့်မှာ ငွေ ထည့်သွင်းခြင်း တို့ပဲဖြစ်ပါတယ်

🔶 Retirement Visa အကြောင်း – Retirement Visa လျောက်ထားသူဟာ ထိုင်းနိုင်ငံမှ Non Immgrant Visa တွေထဲကတခုဖြစ်တဲ့ • Business (B-type) / • Marriage (O-type) / • Education (ED-type) များမှ visa တခုခုကို ရထားသူဖြစ်ပြီး ၎င်း ဗီဇာများမှတစ်ဆင့် ပြောင်း လျှောက်ရမှာပါ။

🔷လျှောက်ထားသူဟာ အနည်းဆုံး အသက် ၅၀ နှင့်အထက်ဖြစ်ရပါမည်။ 🔷Non-immigrant Visa တခုခုရထားရပါမည်။ 🔷လစဉ်ဝင်ငွေ (ပင်စင်လစာ) အနည်းဆုံး ဘတ် ၆၅,၀၀၀ ရှိရမည်

(သို့မဟုတ် ) 🔷ဘဏ်ထဲမှာ အနည်းဆုံး ၃ လအကြာက ထည့်ထားတဲ့ ဘတ် ၈၀၀,၀၀၀ ရှိရပါမည်။ 🔷Retirement Visa ရပြီဆိုရင် ထိုင်းမှာ ၁ နှစ်ကြာနေထိုင်နိုင်ပြီး နှစ်စဉ် သက်တမ်း တိုးသွားနိုင်ပါသည်။

🔶 Marriage or Guardian Visa – ထိုင်း လူမျိုးတွေနဲ့ လက်ထပ်ထားတဲ့ လူတွေအတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေ B.E.2522 အရ ထိုင်း လူမျိုးနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသား ၁ ယောက်ဟာ ထိုင်းမှာ Marriage Visa လျှောက်ထားနိုင်ပါတယ်

လျှောက်ထားသူအတွက် ပထမဆုံး လိုအပ်ချက်က Non-immigrant Visa နဲ့ ထိုင်းကို ဝင်လာဖို့လိုအပ်ပါတယ်။

အဲဒီနောက်မှာ Non-immigrant Visa ကိုင်ထားသူဟာ ထိုင်းကို လာပြီး ရက် ၉၀ အတွင်း လက်ထပ်တာ ကို အခြေခံကာ ၁ နှစ်သက်တမ်းတိုးနိုင်ပါတယ်။

ဒါ့အပြင် ငွေကြေး လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ၁ နှစ်နေထိုင်ခွင့်ကို နှစ်တိုင်း သက်တမ်းတိုးနိုင်ပါတယ်။

🔷 လိုအပ်ချက်များနဲ့ အကျိုးကျေးဇူးများ – Marriage Visa လျှောက်ထားဖို့အတွက် အောက်ပါ လိုအပ်ချက်တွေရှိပါယ်

• ထိုင်း နိုင်ငံသားကို တရားဝင် လက်ထပ်ထားရမှာပါ။ • လျှောက်ထားသူဟာ ထိုင်း ဘဏ် အကောင့်ထဲမှာ အနည်းဆုံး ရက် ၆၀ ကြာ ဝင်ငွေ ဘတ် ၄၀,၀၀၀ သို့မဟုတ် ၄၀၀,၀၀၀ ကို ထည့်ထားရမှာပါ။

• လစဉ်ဝင်ငွေလိုအပ်ချက်ကို ပြည့်မှီဖို့ ထိုင်းပြင်ပက ဝင်ငွေဆိုရာမှာ ပင်စင်လစာ၊ ရင်းနှီးမြှပ်နှံမှု ဝင်ငွေနဲ့ တခြား အရင်းအမြစ်တွေကနေ ဖြစ်ပါတယ်

လစဉ် ဝင်ငွေဟာ လုံလောက်ပြီး သက်သေခံစာရွက်စာတမ်း ပြသနိုင်ရင် လျှောက်ထားသူဟာ အလုပ်လုပ်စရာ မလိုပါဘူး။ ထိုင်း အမျိုးသားနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသူဟာ လစဉ်ဝင်ငွေ ပြသစရာ မလိုပါဘူး

ဒါပေမယ့် အမျိုးသမီးဟာ လက်ထပ်မှုကို အခြေခံကာ နေထိုင်ခွင့် သက်တမ်းတိုးတဲ့အခါ ထိုင်း အမျိုးသားဟာ ဝင်ငွေခွန်ကို ပေးပြီးကြောင်း သက်သေပြရမှာပါ။

🔷 Marriage Visa ကိုင်ထားသူဟာ အောက်ပါ အကျိုးကျေးဇူးတွေရမှာပါ

• နေထိုင်ခွင့် ၁ နှစ်အတွင်း ထိုင်းကို အကြိမ်ကြိမ် လာရောက်နိုင်ပြီး သက်တမ်းတိုးရင်လည်း ထိုင်းကနေ ထွက်ခွာစရာ မလိုပါဘူး။

• အလုပ် ပါမစ်ကို လျှောက်ထားနိုင်ပါတယ်။ • ထိုင်း ဘဏ်မှာ ငွေစု အကောင့် ဖွင့်နိုင်ပါတယ်မူရင်း ဘန်ကောက်လမ်းညွန်ကိုစိုင်crd