Knowledge

၀မ္းခ်ဳပ္ျခင္းႏွင့္ အိမ္တြင္းေဆး( အလိုရွိက ရွယ္ပါခင္ဗ်ာ.. )

၀မ္းခ်ဳပ္ျခင္း ႏွင့္ အိမ္တြင္းေဆး( အလိုရွိက ရွယ္ပါခင္ဗ်ာ.. )

၀မ္းခ်ဳပ္ျခင္း { Constipation } ႏွင့္ အိမ္တြင္းေဆး

အသက္အရြယ္မေရြး ခံစားရေသာ ေဝဒနာကေတာ့ ၀မ္းခ်ဳပ္ျခင္း ပါဘဲ ။

အလြန္အက်ဴးမာခဲေနေသာ ၀မ္းမ်ား စြန္႔ထုတ္ရျခင္းဟာ အားအလြန္စိုက္ရၿပီး ပင္ပမ္းခက္ခဲလွပါတယ္ ။

၀မ္းအလြန္ခ်ဳပ္တဲ့အခါ ဗိုက္ေတာင့္ ဗိုက္ကယ္ ျဖစ္ရၿပီး အစားအေသာက္ပ်က္တာ ၊ ပါးစပ္နံတာ ၊ ေခါင္းကိုက္တာ ၊ ၀က္ၿခံထြက္တာ ၊ ပါးစပ္အနာမ်ားထြက္တာ ကေန စိတ္က်ေဝဒနာထိ တြဲ ျဖစ္လာတတ္ပါတယ္ ။

၀မ္းခ်ဳပ္ရျခင္းရဲ့ အဓိက အေၾကာင္းေတြကေတာ့ …

အစားအစာ ေရြးခ်ယ္ စားေသာက္မႈ မရွိျခင္း ၊

ေရေသာက္နည္းျခင္း ၊

ပုံမွန္၀မ္းသြားခ်ိန္ အေလ့အက်င့္ျပဳ မထားျခင္း ၊

ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္း ၊

၀မ္းဗိုက္ႂကြက္သားမ်ား ေလ်ာ့ရည္းျခင္း ၊

လိပ္ေခါင္းရွိျခင္း ၊

စိတ္ဖိစီးမႈမ်ားျခင္း ၊

ေဆးဝါးမ်ား ၏ဆိုးက်ိဳးေၾကာင့္ျဖစ္ျခင္း ၊

၀မ္းႏႈတ္ေဆး အလြန္အကၽြံ သုံးစြဲျခင္းတို႔ ေၾကာင့္ ျဖစ္တတ္ပါတယ္.. ။

၀မ္းခ်ဳပ္ျခင္းကို မိမိဖာသာ ကုစားဖို႔ အိမ္တြင္းေဆးဝါးမ်ား ရွိပါတယ္ ။

၁ ။ လီမြန္သံပုရာ ( Lemon )

လီမြန္ေဖ်ာ္ရည္ဟာ အစာေျခလမ္းေၾကာင္း လႈပ္ရွားမႈ ကိုအားေပးပါတယ္ ။ေရေႏြးေႏြး တဖန္ခြက္မွာ သံပုရိုသီး တ၀က္ေလာက္ညႇစ္ထဲ့ ၊ ဆား လက္ဘက္ရည္ဇြန္း၀က္ ၊ ပ်ားရည္ အနည္းငယ္ ထဲ့ၿပီး မနက္အစာမစားမီ တစ္ႀကိမ္ညဖက္ တစ္ႀကိမ္ ရက္အနည္းငယ္ေလာက္ ဆက္ေသာက္ရင္ ၀မ္းသြားေစပါတယ္ ။

၂ ။ စမုန္နက္ ( Fennel )

အစာမေၾကတာ ၊ ေလပြတာ ၊ ၀မ္းခ်ဳပ္တာ ၊ ၀မ္းပ်က္၀မ္းေလ်ာ ျဖစ္တာေတြကို စမုန္နက္ က ေပ်ာက္ကင္းေစနိုင္ပါတယ္ ။ခြက္ ၁ ခြက္စာ စမုန္နက္ကို ေလွာ္ ၊ အမႈန္႔ ႀကိတ္ ၊ ေပါင္ဒါမႈန္႔ ရေအာင္စစ္ ၊ခြက္သန္႔ သန္႔ မွာ ထဲ့ထား ။စမုန္နက္ေပါင္ဒါ လက္ဖက္ရည္ဇြန္း၀က္ ကို ေရေႏြးေႏြး ဖန္ခြက္တစ္ခြက္မွာ ေဖ်ာ္ၿပီးေသာက္ရင္ ၀မ္းသြားေစပါတယ္ ။

၃ ။ သဖန္းသီး ၊ ကတြတ္သီး ( Figs )

ဖိုင္ဘာ မ်ားစြာ ပါ၀င္တာေၾကာင့္ ၀မ္းသြားေစပါတယ္ ။အစိုျဖစ္ေစ ၊ အေျခာက္ျဖစ္ေစ အသုံးျပဳ နိုင္ပါတယ္ ။လတ္လတ္ဆတ္ဆတ္ ရရင္ အခြံပါဝါးစား နိုင္ပါတယ္ ။အေျခာက္ရရင္ေတာ့ ဗန္ဒါေစ့ ၂ ေစ့ ၃ ေစ့ ေလာက္ထဲ့ ၊ ခြက္တစ္ခုမွာနာရီအနည္းငယ္ ေရစိမ္ထား ၊ ပြလာရင္ ေရာႀကိတ္ၿပီး ၊ အႏွစ္ကိုပ်ားရည္ လက္ဘက္ရည္ ၁ ဇြန္းနဲ႔ ညစဥ္ေသာက္ရင္ ၀မ္းသြားေစပါတယ္ ။

၄ ။ ၾကက္ဆူဆီ ( Castor Oil )

အူႂကြက္သားမ်ားကို လႈံ႔ ေဆာ္ေပးတဲ့ သတၱိရွိလို႔ ၀မ္းသြားေစပါတယ္ ။လက္ဘက္ရည္ဇြန္း ၂ ဇြန္း ၃ ဇြန္းေလာက္ ေသာက္႐ုံပါဘဲ ။ အ၀င္ဆိုးေတာ့ေဖ်ာ္ရည္ေလး တမ်ိဳးေလာက္ ေသာက္ေပးနိုင္ပါတယ္ ။မၾကာခဏေတာ့ မေသာက္ရပါဘူး ။ အႏၲရာယ္ရွိလို႔ ပါ ။

၅ ။ ပ်ားရည္ ( Honey )

ပ်ားရည္ လက္ဘက္ရည္ဇြန္း ၂ ဇြန္း တစ္ေန႔ ၃ ႀကိမ္ေလာက္ ေသာက္ရင္၀မ္းမွန္ေစပါတယ္ ။ေရေႏြးေႏြး တစ္ဖန္ခြက္မွာ ပ်ားရည္ ၁ ဇြန္း ၊ သံပုရိုရည္ နဲ႔ ေဖ်ာ္ၿပီး အိပ္ယာထအစာမစားမီ ေသာက္ေပးရင္ ၀မ္းသြားေစပါတယ္ ။

၆ ။ ႏွမ္းၾကတ္ေစ့ ( Flax Seed )

ဖိုင္ဘာ မ်ားစြာနဲ႔ အိုမီဂါ ၃ ( omega-3 fatty acids ) တို႔ ပါ၀င္ပါတယ္။ႏွမ္းၾကတ္ေစ့ လက္ဘက္ရည္ ၁ ဇြန္စာကို ေရ တစ္ဖန္ခြက္မွာ ၂ နာရီ ၃ နာရီေလာက္စိမ္ထားၿပီး အိပ္ယာ၀င္မွာ ေသာက္ေပးနိုင္ပါတယ္ ။ နံနက္လင္းရင္ ၀မ္း ေကာင္းစြာသြားေစမွာ ျဖစ္ပါတယ္ ။အမႈန္႔ ျပဳလုပ္ၿပီး လက္ဘက္ရည္ဇြန္း ၂ ဇြန္း ၃ ဇြန္း စာကို ေရတစ္ဖန္ခြက္မွာေဖ်ာ္ေသာက္ရင္လဲ ရပါတယ္ ။

စပ္စ္သီး ( Grapes )

စပ်စ္သီး ဟင္းပုဂံ တစ္လုံးစာ ကို စားျခင္း ျဖစ္ေစ ၊ စပ်စ္ေဖ်ာ္ရည္ ဖန္ခြက္တစ္၀က္ေလာက္ ေသာက္သုံးျခင္းျဖစ္ေစ ၀မ္းသြားေစပါတယ္ ။သို႔မဟုတ္စပ်စ္သီး ေျခာက္ ၁၀ လုံးေလာက္ကို ႏြားနို႔ ထဲထဲ့ ၊ မိနစ္အနည္းငယ္ ဆူေအာင္အပူေပး ၊ ညအိပ္ယာ၀င္မွာ ေသာက္ေပးနိုင္ပါတယ္ ။သို႔ မဟုတ္စပ်စ္သီးေျခာက္ကို ေရစိမ္ထားၿပီး အိပ္ယာထ ဘာမွ မစားမီ စားေပးရင္လဲရပါတယ္ ။

၀မ္းခ်ဳပ္တတ္သူမ်ား အႏၲရာယ္ကင္းကင္း နဲ႔ ၀မ္းမွန္ေစရန္ အသုံးျပဳ နိုင္ပါတယ္ ။၀မ္းႏုတ္ေဆး ပုံမွန္သုံးစြဲတဲ့ အေလ့ ဟာ မသင့္ေတာ္ပါဘူး ။ အုမ်ား လႈပ္ရွားမႈပ်က္ျပားေစတတ္တဲ့အတြက္ ၀မ္းႏႈတ္ေလ ၀မ္းခ်ဳပ္ေလ ျဖစ္တတ္ပါတယ္ ။မိတ္ေဆြအားလုံးက်န္းမာၾကပါေစ။     ။

Credit ေဒါက္တာျမင့္သိန္း

Unicode Version

၀မ်းချုပ်ခြင်း နှင့် အိမ်တွင်းဆေး( အလိုရှိက ရှယ်ပါခင်ဗျား )

ဝမ်းချုပ်ခြင်း { Constipation } နှင့် အိမ်တွင်းဆေး

အသက်အရွယ်မရွေး ခံစားရသော ဝေဒနာကတော့ ဝမ်းချုပ်ခြင်း ပါဘဲ ။

အလွန်အကျူးမာခဲနေသော ဝမ်းများ စွန့်ထုတ်ရခြင်းဟာ အားအလွန်စိုက်ရပြီး ပင်ပမ်းခက်ခဲလှပါတယ် ။

ဝမ်းအလွန်ချုပ်တဲ့အခါ ဗိုက်တောင့် ဗိုက်ကယ် ဖြစ်ရပြီး အစားအသောက်ပျက်တာ ၊ ပါးစပ်နံတာ ၊ ခေါင်းကိုက်တာ ၊ ဝက်ခြံထွက်တာ ၊ ပါးစပ်အနာများထွက်တာ ကနေ စိတ်ကျဝေဒနာထိ တွဲ ဖြစ်လာတတ်ပါတယ် ။   ။

ဝမ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ …

– အစားအစာ ရွေးချယ် စားသောက်မှု မရှိခြင်း ၊

– ရေသောက်နည်းခြင်း ၊

– ပုံမှန်ဝမ်းသွားချိန် အလေ့အကျင့်ပြု မထားခြင်း ၊

– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း ၊

– ဝမ်းဗိုက်ကြွက်သားများ လျော့ရည်းခြင်း ၊

– လိပ်ခေါင်းရှိခြင်း ၊

– စိတ်ဖိစီးမှုများခြင်း ၊

– ဆေးဝါးများ ၏ဆိုးကျိုးကြောင့်ဖြစ်ခြင်း ၊

– ဝမ်းနှုတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း …တို့ ကြောင့် ဖြစ်တတ်ပါတယ် ။

ဝမ်းချုပ်ခြင်းကို မိမိဖာသာ ကုစားဖို့ အိမ်တွင်းဆေးဝါးများ ရှိပါတယ် .

၁ ။ လီမွန်သံပုရာ ( Lemon )

လီမွန်ဖျော်ရည်ဟာ အစာခြေလမ်းကြောင်း လှုပ်ရှားမှု ကိုအားပေးပါတယ် ။ရေနွေးနွေး တဖန်ခွက်မှာ သံပုရိုသီး တဝက်လောက်ညှစ်ထဲ့ ၊ ဆား လက်ဘက်ရည်ဇွန်းဝက် ၊ ပျားရည် အနည်းငယ် ထဲ့ပြီး မနက်အစာမစားမီ တစ်ကြိမ်ညဖက် တစ်ကြိမ် ရက်အနည်းငယ်လောက် ဆက်သောက်ရင် ဝမ်းသွားစေပါတယ် ။

၂ ။ စမုန်နက် ( Fennel )

အစာမကြေတာ ၊ လေပွတာ ၊ ဝမ်းချုပ်တာ ၊ ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေကို စမုန်နက် က ပျောက်ကင်းစေနိုင်ပါတယ် ။ခွက် ၁ ခွက်စာ စမုန်နက်ကို လှော် ၊ အမှုန့် ကြိတ် ၊ ပေါင်ဒါမှုန့် ရအောင်စစ် ၊ခွက်သန့် သန့် မှာ ထဲ့ထား ။စမုန်နက်ပေါင်ဒါ လက်ဖက်ရည်ဇွန်းဝက် ကို ရေနွေးနွေး ဖန်ခွက်တစ်ခွက်မှာ ဖျော်ပြီးသောက်ရင် ဝမ်းသွားစေပါတယ် ။

၃ ။ သဖန်းသီး ၊ ကတွတ်သီး ( Figs )

ဖိုင်ဘာ များစွာ ပါဝင်တာကြောင့် ဝမ်းသွားစေပါတယ် ။အစိုဖြစ်စေ ၊ အခြောက်ဖြစ်စေ အသုံးပြု နိုင်ပါတယ် ။လတ်လတ်ဆတ်ဆတ် ရရင် အခွံပါဝါးစား နိုင်ပါတယ် ။အခြောက်ရရင်တော့ ဗန်ဒါစေ့ ၂ စေ့ ၃ စေ့ လောက်ထဲ့ ၊ ခွက်တစ်ခုမှာနာရီအနည်းငယ် ရေစိမ်ထား ၊ ပွလာရင် ရောကြိတ်ပြီး ၊ အနှစ်ကိုပျားရည် လက်ဘက်ရည် ၁ ဇွန်းနဲ့ ညစဉ်သောက်ရင် ဝမ်းသွားစေပါတယ် ။

၄ ။ ကြက်ဆူဆီ ( Castor Oil )

အူကြွက်သားများကို လှုံ့ ဆော်ပေးတဲ့ သတ္တိရှိလို့ ဝမ်းသွားစေပါတယ် ။လက်ဘက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်းလောက် သောက်ရုံပါဘဲ ။ အဝင်ဆိုးတော့ဖျော်ရည်လေး တမျိုးလောက် သောက်ပေးနိုင်ပါတယ် ။မကြာခဏတော့ မသောက်ရပါဘူး ။ အန္တရာယ်ရှိလို့ ပါ ။

၅ ။ ပျားရည် ( Honey )

ပျားရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း တစ်နေ့ ၃ ကြိမ်လောက် သောက်ရင်ဝမ်းမှန်စေပါတယ် ။ရေနွေးနွေး တစ်ဖန်ခွက်မှာ ပျားရည် ၁ ဇွန်း ၊ သံပုရိုရည် နဲ့ ဖျော်ပြီး အိပ်ယာထအစာမစားမီ သောက်ပေးရင် ဝမ်းသွားစေပါတယ် ။

၆ ။ နှမ်းကြတ်စေ့ ( Flax Seed )

ဖိုင်ဘာ များစွာနဲ့ အိုမီဂါ ၃ ( omega-3 fatty acids ) တို့ ပါဝင်ပါတယ်။နှမ်းကြတ်စေ့ လက်ဘက်ရည် ၁ ဇွန်စာကို ရေ တစ်ဖန်ခွက်မှာ ၂ နာရီ ၃ နာရီလောက်စိမ်ထားပြီး အိပ်ယာဝင်မှာ သောက်ပေးနိုင်ပါတယ် ။ နံနက်လင်းရင် ဝမ်း ကောင်းစွာသွားစေမှာ ဖြစ်ပါတယ် ။အမှုန့် ပြုလုပ်ပြီး လက်ဘက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်း စာကို ရေတစ်ဖန်ခွက်မှာဖျော်သောက်ရင်လဲ ရပါတယ် ။

စပ်စ်သီး ( Grapes )

စပျစ်သီး ဟင်းပုဂံ တစ်လုံးစာ ကို စားခြင်း ဖြစ်စေ ၊ စပျစ်ဖျော်ရည် ဖန်ခွက်တစ်ဝက်လောက် သောက်သုံးခြင်းဖြစ်စေ ဝမ်းသွားစေပါတယ် ။သို့မဟုတ်စပျစ်သီး ခြောက် ၁၀ လုံးလောက်ကို နွားနို့ ထဲထဲ့ ၊ မိနစ်အနည်းငယ် ဆူအောင်အပူပေး ၊ ညအိပ်ယာဝင်မှာ သောက်ပေးနိုင်ပါတယ် ။သို့ မဟုတ်စပျစ်သီးခြောက်ကို ရေစိမ်ထားပြီး အိပ်ယာထ ဘာမှ မစားမီ စားပေးရင်လဲရပါတယ် ။

ဝမ်းချုပ်တတ်သူများ အန္တရာယ်ကင်းကင်း နဲ့ ဝမ်းမှန်စေရန် အသုံးပြု နိုင်ပါတယ် ။ဝမ်းနုတ်ဆေး ပုံမှန်သုံးစွဲတဲ့ အလေ့ ဟာ မသင့်တော်ပါဘူး ။ အုများ လှုပ်ရှားမှုပျက်ပြားစေတတ်တဲ့အတွက် ဝမ်းနှုတ်လေ ဝမ်းချုပ်လေ ဖြစ်တတ်ပါတယ် ။မိတ်ဆွေအားလုံးကျန်းမာကြပါစေ။    ။

Creditဒေါက်တာမြင့်သိန်း