Knowledge

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆန်ပုန်းရည်လုပ်နည်း..

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆန်ပုန်းရည်လုပ်နည်း..

ဆန်ပုန်းရည်ပြုလုပ်နည်းနှင့်အလေအလွင့်မဖြစ်စေအောင်အဖိုးတန်ဆန်ပုန်းရေသုံးစွဲနည်း၁၁မျိုး

ဆန်ပုန်းရည်ဟာလူကိုအကျိုးပြုစေတဲ့Probiotic များစွာပါဝင်တဲ့ကျန်းမာရေးအတွက်အလွန်အရာရောက်သောအရည်တစ်မျိုးဖြစ်ပါတယ်။

ရှမ်း၊မွန်လူမျိုးများမှာဆန်ပုန်းရည်အိုးတည်ပြီးအသုံးပြုတာတွေ့ရပါတယ်။

ဆန်ပုန်းရည်ပြုလုပ်နည်း

ထမင်းချက်ရန်ဒုတိယဆန်ဆေးရေနှင့်တတိယဆန်ဆေးရေတို့ကိုယူပြီးအိုးသစ်တစ်လုံးတွင်ထည့်ပါ။-ဆားသင့်ရုံနှင့်သန့်ရှင်းသောထမင်းကြမ်းအနည်းငယ်ထည့်ပြီးအိုးလုံအောင်ဖုံးထားပါ။(၃)ရက်ကျော်လျင်ချဉ်လာပါမည်။

အလျဉ်ရလာပါကမနက်ပိုင်းဆားနှင့်ထမင်းကြမ်းထည့်ပါကညနေပိုင်းဆန်ပုန်းရည်ဖြစ်ပါတယ်။အိုးသစ်ကိုသုံးရခြင်းမှာဆန်ပုန်းရည်မပုပ်စေရန်နှင့် အနံ့ဆိုးများကင်းစေရန်ဖြစ်ပါတယ်။

အသုံးဝင်ပုံမှာ

၁။ ကန်စွန်းရွက်၊မုန်လာရွက်၊အသားငါး၊ပုဇွန်နှင့်ချဉ်ရည်ချက်ရာတွင်မန်ကျည်းသီးအစားဆန်ပုန်းရည်ဖြင့်ချက်နိုင်ပါတယ်။အတို့အမြုပ်များပြုတ်ရာမှာလည်းအစာကြေပြီးအလွန်ခံတွင်းလိုက်ပါတယ်။

၂။ သားငါးခုတ်ထစ်ပြီးဆေးလျှင်လည်းအညှီအကျိအချွဲပျောက်ပါတယ်။ရေအစားဆန်ပုန်းရည်ထည့်ချက်ပါကနူးလွယ်ပါတယ်။ငါးပိသိပ်ရာမှာလည်းသုံးပါကနူးနပ်မွှေးကြိုင်လှပါတယ်။

၃။ ဆန်ပုန်းရည်(၁)ပိသာမှာရှောက်သီးကြီး(၁)လုံးထည့်ရေခန်းအောင်ပြုတ်ပါ။ရှောက်သီးမှအစေ့များထုတ်ပြီး

ဆားအနည်းငယ်ထည့်နံနက်/ည ကွမ်းသီးလုံးခန့်စားပေးပါကလေထိုးလေအောင့်၊ရင်ဘတ်နာရောဂါများပျောက်စေတယ်လို့ဆိုပါတယ်။

၄။ ဒါ့အပြင်သွေးဆုံးမီးယပ်ပျောက်စေပြီးမီးဖွားရလွယ်ကူသက်သာစေပါတယ်။အချို့ကအစာမကြေလေနာအတွက်ဆန်ပုန်းရည်အိုးတွင်ရှောက်၊သံပုရာခွံများထည့်ကာသုံးစွဲမှီဝဲကြပါတယ်။

၅။ ဆန်ပုန်းရည်(၁)ပိသာမှာစမုံမျိုး(၅)ပါး(၅)ပဲသားကိုအဝတ်ဖြင့်ထုပ်ပါ။(၃)ရက်ကျော်လျှင်အကြမ်းပုဂံ(၁)လုံးတွင်သကြားအနည်းငယ်စပါးလင်အနည်းငယ်ထုထောင်းပြီးသောက်ပါက

အမျိုးသမီးများအဖြူဆင်းရောဂါ ပျောက်စေပါတယ်။

၆။ ဆန်ပုန်းရည်အိုးထဲမှထမင်းချဉ်ကိုဆယ်ပြီးရေစစ်ကာသား၊ငါး၊ပုဇွန်၊ပဲနှင့်ထမင်းကြော်စားပါကအလွန်အရသာရှိပါတယ်။

ရေနွေးကြမ်းနဲ့အလွန်လိုက်လှပါတယ်။ထိုထမင်းချဉ်ကိုငရုတ်၊ကြက်သွန်၊ဆီ၊ ဆားနှင့်သုပ်စားတာလည်းအလွန်ကောင်းပါတယ်။

၇။ ဆန်ပုန်းရည်ကိုမနက်စာမစားမီ အဝသောက်ပါကဆီးလေကောင်းစေပါတယ်။အပူဒဏ်၊အအေးဒဏ်ခံနိုင်ရည်ရှိစေပါတယ်။ ပန်းလန်းပြီးဒူလာကောင်းတယ်လို့ဆိုပါတယ်။

၈။ ကြောင်ပန်းရွက်ကိုဆန်ဆေးရည်နဲ့ပြုတ်ပြီးကြက်သွန်၊ဆီ၊ဆား၊ငါးကျီးခြောက်နှင့်သုပ်စားပါကသူငယ်နာဝမ်းပျက်၊မီးယပ်ဝမ်းပျက်ပျောက်စေတဲ့အပြင်သကျည်းကိုက်ခြင်း၊ရောဂါများကိုပျောက်စေပါတယ်။

၉။ လူကြီးသူမများကအိမ်နောက်ဖေးဆန်ပုန်းရည်တည်ပြီးအိမ်ရှေ့စပါးလင်မွှေးစိုက်ပါကတေ စ္ဆ္ဆ၊ သရဲ၊ပယောဂများကင်းဝေးစေတယ်လို့ဆိုပါတယ်။

၁၀။ ဆံသားတွေကောင်းပြီးမဲနက်တောက်ပြောင်စေဖို့ဆန်ပုန်းရည်ကိုခေါင်းမလျော်မီနာရီဝက်ကြိုပြီးဦးရေပြားဆံရင်းထိအောင်လိမ်းပြီး

စိမ့်ဝင်စေရန်(၂၀)မိနစ်ခန့်နှပ်ထားပါ။ပြီးမှရိုးရိုးရေနဲ့ဆေးပြီးတလျော်ကင်ပွန်းခေါင်းလျော်ရည်နဲ့လျော်ပါ။

၁၁။ ဆန်ပုန်းရည်ဟာချွေးပေါက်များကိုကျဉ်းစေပြီးအသားအရေလှပဝင်းလက်စေလို့ မျက်နှာသန့်ဆေးရည်၊အရေပြားလှဆေးရည်အဖြစ်မနက်ပိုင်းနဲ့ညပိုင်းဆေးပေး၊လိမ်းပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။

ဒီလိုလက်စွဲသုံးလာကြတဲ့ဆန်ပုန်းရေရဲ့ကောင်းကျိုးတွေကိုမှတ်သားပြီးအလေအလွင့်မဖြစ်စေပဲငွေမကုန်တဲ့ဆေးအဖြစ်အသုံးပြုနိုင်စေရန်ရေးသားမျှဝေလိုက်ပါတယ်။

Credit

Zawgyi

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ဆန္ပုန္းရည္လုပ္နည္း..

ဆန္ပုန္းရည္ျပဳလုပ္နည္းႏွင့္အေလအလြင့္မျဖစ္ေစေအာင္အဖိုးတန္ဆန္ပုန္းေရသုံးစြဲနည္း၁၁မ်ိဳး

ဆန္ပုန္းရည္ဟာလူကိုအက်ိဳးျပဳေစတဲ့Probiotic မ်ားစြာပါဝင္တဲ့က်န္းမာေရးအတြက္အလြန္အရာေရာက္ေသာအရည္တစ္မ်ိဳးျဖစ္ပါတယ္။

ရွမ္း၊မြန္လူမ်ိဳးမ်ားမွာဆန္ပုန္းရည္အိုးတည္ၿပီးအသုံးျပဳတာေတြ႕ရပါတယ္။

ဆန္ပုန္းရည္ျပဳလုပ္နည္း..

ထမင္းခ်က္ရန္ဒုတိယဆန္ေဆးေရႏွင့္တတိယဆန္ေဆးေရတို႔ကိုယူၿပီးအိုးသစ္တစ္လုံးတြင္ထည့္ပါ။-ဆားသင့္႐ုံႏွင့္သန႔္ရွင္းေသာထမင္းၾကမ္းအနည္းငယ္ထည့္ၿပီးအိုးလုံေအာင္ဖုံးထားပါ။(၃)ရက္ေက်ာ္လ်င္ခ်ဥ္လာပါမည္။

အလ်ဥ္ရလာပါကမနက္ပိုင္းဆားႏွင့္ထမင္းၾကမ္းထည့္ပါကညေနပိုင္းဆန္ပုန္းရည္ျဖစ္ပါတယ္။အိုးသစ္ကိုသုံးရျခင္းမွာဆန္ပုန္းရည္မပုပ္ေစရန္ႏွင့္ အနံ႔ဆိုးမ်ားကင္းေစရန္ျဖစ္ပါတယ္။

အသုံးဝင္ပုံမွာ

၁။ ကန္စြန္း႐ြက္၊မုန္လာ႐ြက္၊အသားငါး၊ပုဇြန္ႏွင့္ခ်ဥ္ရည္ခ်က္ရာတြင္မန္က်ည္းသီးအစားဆန္ပုန္းရည္ျဖင့္ခ်က္ႏိုင္ပါတယ္။အတို႔အျမဳပ္မ်ားျပဳတ္ရာမွာလည္းအစာေၾကၿပီးအလြန္ခံတြင္းလိုက္ပါတယ္။

၂။ သားငါးခုတ္ထစ္ၿပီးေဆးလွ်င္လည္းအညႇီအက်ိအခြၽဲေပ်ာက္ပါတယ္။ေရအစားဆန္ပုန္းရည္ထည့္ခ်က္ပါကႏူးလြယ္ပါတယ္။ငါးပိသိပ္ရာမွာလည္းသုံးပါကႏူးနပ္ေမႊးႀကိဳင္လွပါတယ္။

၃။ ဆန္ပုန္းရည္(၁)ပိသာမွာေရွာက္သီးႀကီး(၁)လုံးထည့္ေရခန္းေအာင္ျပဳတ္ပါ။ေရွာက္သီးမွအေစ့မ်ားထုတ္ၿပီး

ဆားအနည္းငယ္ထည့္နံနက္/ည ကြမ္းသီးလုံးခန႔္စားေပးပါကေလထိုးေလေအာင့္၊ရင္ဘတ္နာေရာဂါမ်ားေပ်ာက္ေစတယ္လို႔ဆိုပါတယ္။

၄။ ဒါ့အျပင္ေသြးဆုံးမီးယပ္ေပ်ာက္ေစၿပီးမီးဖြားရလြယ္ကူသက္သာေစပါတယ္။အခ်ိဳ႕ကအစာမေၾကေလနာအတြက္ဆန္ပုန္းရည္အိုးတြင္ေရွာက္၊သံပုရာခြံမ်ားထည့္ကာသုံးစြဲမွီဝဲၾကပါတယ္။

၅။ ဆန္ပုန္းရည္(၁)ပိသာမွာစမုံမ်ိဳး(၅)ပါး(၅)ပဲသားကိုအဝတ္ျဖင့္ထုပ္ပါ။(၃)ရက္ေက်ာ္လွ်င္အၾကမ္းပုဂံ(၁)လုံးတြင္သၾကားအနည္းငယ္စပါးလင္အနည္းငယ္ထုေထာင္းၿပီးေသာက္ပါက

အမ်ိဳးသမီးမ်ားအျဖဴဆင္းေရာဂါ ေပ်ာက္ေစပါတယ္။

၆။ ဆန္ပုန္းရည္အိုးထဲမွထမင္းခ်ဥ္ကိုဆယ္ၿပီးေရစစ္ကာသား၊ငါး၊ပုဇြန္၊ပဲႏွင့္ထမင္းေၾကာ္စားပါကအလြန္အရသာရွိပါတယ္။

ေရေႏြးၾကမ္းနဲ႔အလြန္လိုက္လွပါတယ္။ထိုထမင္းခ်ဥ္ကိုင႐ုတ္၊ၾကက္သြန္၊ဆီ၊ ဆားႏွင့္သုပ္စားတာလည္းအလြန္ေကာင္းပါတယ္။

၇။ ဆန္ပုန္းရည္ကိုမနက္စာမစားမီ အဝေသာက္ပါကဆီးေလေကာင္းေစပါတယ္။အပူဒဏ္၊အေအးဒဏ္ခံႏိုင္ရည္ရွိေစပါတယ္။ ပန္းလန္းၿပီးဒူလာေကာင္းတယ္လို႔ဆိုပါတယ္။

၈။ ေၾကာင္ပန္း႐ြက္ကိုဆန္ေဆးရည္နဲ႔ျပဳတ္ၿပီးၾကက္သြန္၊ဆီ၊ဆား၊ငါးက်ီးေျခာက္ႏွင့္သုပ္စားပါကသူငယ္နာဝမ္းပ်က္၊မီးယပ္ဝမ္းပ်က္ေပ်ာက္ေစတဲ့အျပင္သက်ည္းကိုက္ျခင္း၊ေရာဂါမ်ားကိုေပ်ာက္ေစပါတယ္။

၉။ လူႀကီးသူမမ်ားကအိမ္ေနာက္ေဖးဆန္ပုန္းရည္တည္ၿပီးအိမ္ေရွ႕စပါးလင္ေမႊးစိုက္ပါကေတ စၦၦ၊ သရဲ၊ပေယာဂမ်ားကင္းေဝးေစတယ္လို႔ဆိုပါတယ္။

၁၀။ ဆံသားေတြေကာင္းၿပီးမဲနက္ေတာက္ေျပာင္ေစဖို႔ဆန္ပုန္းရည္ကိုေခါင္းမေလ်ာ္မီနာရီဝက္ႀကိဳၿပီးဦးေရျပားဆံရင္းထိေအာင္လိမ္းၿပီး

စိမ့္ဝင္ေစရန္(၂၀)မိနစ္ခန႔္ႏွပ္ထားပါ။ၿပီးမွ႐ိုး႐ိုးေရနဲ႔ေဆးၿပီးတေလ်ာ္ကင္ပြန္းေခါင္းေလ်ာ္ရည္နဲ႔ေလ်ာ္ပါ။

၁၁။ ဆန္ပုန္းရည္ဟာေခြၽးေပါက္မ်ားကိုက်ဥ္းေစၿပီးအသားအေရလွပဝင္းလက္ေစလို႔ မ်က္ႏွာသန႔္ေဆးရည္၊အေရျပားလွေဆးရည္အျဖစ္မနက္ပိုင္းနဲ႔ညပိုင္းေဆးေပး၊လိမ္းေပးျခင္းျဖင့္ အသုံးျပဳႏိုင္ပါတယ္။

ဒီလိုလက္စြဲသုံးလာၾကတဲ့ဆန္ပုန္းေရရဲ႕ေကာင္းက်ိဳးေတြကိုမွတ္သားၿပီးအေလအလြင့္မျဖစ္ေစပဲေငြမကုန္တဲ့ေဆးအျဖစ္အသုံးျပဳႏိုင္ေစရန္ေရးသားမွ်ေဝလိုက္ပါတယ္။

Credit