International News

မသေဆေးလို့တောင် တင်စားရလောက်တဲ့ အသက်ရှည်ဆေး ခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ)

မသေဆေးလို့တောင် တင်စားကြတဲ့ အသက်ရှည်ဆေးခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ) အကြောင်း..

အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ အတွက်

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲများဖုံးအုပ်သော ဒေသ တွင် များစွာ ပေါက်သဘာဝအလျောက် ရောက်သည်။

ရေခဲများဖုံးအုပ်ချိန်၌ ရေခဲ များအောက်၌ ပေါက်ရောက်ပြီး ရေခဲများအရည်ပျော်သွား သောအခါမှ ပေါ်ထွက်လာသည်။ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေခန့်ရှိသည်။

ရေခဲပြင်အောက် ၌ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ ပင်တည်းဖြစ်၍ ပင်စည် အစိမ်းရောင်ရှိပြီး ချောမွေ့သည် ။

ရွက်ဆိုင်ထွက်သည်။ ဖြောင့်မတ်သည်။ကြိုးပြားသေးပုံရှိပြီး ရွက်ထိပ် ချွန်သွယ်သည်။ ရွက်ညှာမဲ့သည်။ ရွက်လယ် ကြော ထင်ရှားသည်။

၂ လက်မ ၄ လက်မ ရှည်သည်။ပွင့်တည်း ပွင့်သည်။ ၁ မှ ၂ လက်မ အထိ ရှည်သည်။ ခေါင်းလောင်း ပုံဖြစ်သည်။

မြန်မာဆေးကျမ်းများအရ ၎င်းဥသည်ခါးသည်၊ဆိမ့်သည်။အသက်ကို ရှည်စေနိုင်သော ဂုဏ်သတ္တိရှိ၏

လူသားတို့အတွက် အရေးကြီးသောလေဓာတ်ကိ အားပေး၏။ ယုတ်လျော့နေသော ကိုယ်ငွေ့အပူ ဓာတ်ကို ဖြစ်ထွန်း နိုင်ရန် များစွာ အထောက်အပံ့ပြု၏။

အသုံးပြုပုံ

မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။အနာပေါက်၊ ပန်းနာ၊

သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ..

မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။

မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့်ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။

မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက

ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။

Credit ~ arogyam online