Zawgyi
အသုံးအျဖဳန္းႀကီးသူေတာင္မွ တစ္ႏွစ္အတြင္း ေငြအေျမာက္အမ်ား စုမိေစမဲ့ နည္းလမ္း ၃ခ်က္
ပိုက္ဆံစုျခင္းဟာ အသုံးအျဖဳန္းႀကီးသူေတြအတြက္ အခက္ခဲဆုံးအရာျဖစ္ၿပီး အၿမဲတေစေမ့ေလ်ာ့ေစတတ္တဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ တခါတေလ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ပစၥည္းေလးေတြကို ဝယ္ဖို႔အတြက္ စုထားတဲ့ေငြေလးေတြ အရံသင့္ရွိေနရင္ေတာ့ တကယ့္ကိုအဆင္ေျပေစပါတယ္။
ဒါေၾကာင့္ ေငြမစုတတ္သူေတြ ေငြစုၿပီး သူေ႒းျဖစ္ဖို႔နဲ႔ အသုံးအျဖဳန္းႀကီးသူေတြလည္း ေငြစုမိလာေစဖို႔ နည္းလမ္းသုံးခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အဆင့္ဆင့္စုေဆာင္းမယ္
ဒီနည္းလမ္းဟာ တႏွစ္သို႔မဟုတ္ ၅၂ ပတ္ေလာက္ၾကာျမင့္ရပါမယ္။ ဥပမာအားျဖင့္ ပထမဆုံးစစုတဲ့အပတ္မွာ ၁၀၀၀ နဲ႔စုရင္ ေနာက္တပတ္မွာ ၂၀၀၀ ၊ တတိယပတ္မွာ ၃၀၀၀ စသျဖင့္ ၁ ေထာင္စီ တိုးတိုးၿပီး စုသြားေပးပါ။
ဒါေပမယ့္ ယခုနည္းလမ္းဟာ ေန႔စဥ္ပုံမွန္ဝင္ေငြရွိေနတဲ့ သူအတြက္သာအလုပ္ျဖစ္ၿပီး ခက္ခဲပါက လစဥ္စုေငြသေဘာမ်ိဳးနဲ႔ ျပန္စုလို႔လည္း ရပါတယ္။
၂။ သုံးၿပီးတာနဲ႔စုမယ္
ဒီနည္းလမ္းဟာ လြယ္ကူၿပီးေတာ့ သင့္ကိုပိုက္ဆံစုမိ႐ုံသာမက ကုန္က်စားရိတ္ေတြကိုလည္း သတိထားမိေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဥပမာအားျဖင့္ သင္ဘာကိုပဲဝယ္ဝယ္ တန္ဖိုးရဲ႕ ၁၀ ရာခိုင္ႏႈန္းကို စုဘူးထဲထည့္ရမွာပါ။
သင္က ၁၅၀၀၀ တန္တဲ့အက်ႌဝယ္ရင္ ၁၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ၁၅၀၀ ကိုစုထားပါ။ ဒီနည္းလမ္းက သင့္ရဲ႕အသုံးစားရိတ္ေတြကို ေျခရာခံႏိုင္ၿပီး ျပန္ကာတဲ့သေဘာမ်ိဳး ျဖစ္ေစပါတယ္။
၃။ အျပစ္ေပးရင္းလည္း စုမယ္
ဒီနည္းလမ္းကေတာ့ သင့္ရဲ႕မေကာင္းတဲ့အေလ့အထေတြကို ျပန္လည္ျပင္ဆင္ႏိုင္ဖို႔ ကူညီေပးႏိုင္သလို ေငြလည္းစုမိေစမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္အိပ္ရာထေနာက္က်တာေတြ၊ အလုပ္ေနာက္က်တာေတြ၊ Gym သြားဖို႔ေမ့ေနတာေတြအတြက္ ကိုယ့္ကိုယ္ကို ဒဏ္ေၾကး ေကာက္ပါ။
၁၀၀၀ ၊ ၂၀၀၀ က နည္းေသးရင္ ၅၀၀၀ ၊ ၁၀၀၀၀ ထိ ဒဏ္ေၾကးေကာက္ၿပီး ကိုယ့္ကိုယ္ကိုအျပစ္ေပးပါ။အေရးႀကီးတဲ့အရာတစ္ခုက အစမွာသတ္မွတ္ထားတဲ့ ဒါဏ္ေၾကးကို ကိုယ့္ကိုယ္ကိုညႇာတဲ့အေနနဲ႔ ေလ်ာ့ေပါ့ဖို႔မစဥ္းစားပါနဲ႔။
ဒီနည္းလမ္းဟာ သင့္ကိုမေကာင္းတဲ့အက်င့္ေတြပါ ေပ်ာက္သြားေစၿပီး ေငြပိုစုမိလာေစပါတယ္။ သင္အရမ္းေတာ္သြားလို႔ မစုမိမွာမစိုးရိမ္ပါနဲ႔။ အမွားမလုပ္မိတဲ့ သူဆိုတာ မေတြ႕ဖူးေသးလို႔ပါ။
သင့္အတြက္ ဘယ္နည္းလမ္းက အထိေရာက္ဆုံးျဖစ္ႏိုင္မလဲ ကြန္းမန႔္မွာ ေျပာျပႏိုင္ပါတယ္။
Credit to Original Writer
===================
Unicode
အသုံးအဖြုန်းကြီးသူတောင်မှ တစ်နှစ်အတွင်း ငွေအမြောက်အများ စုမိစေမဲ့ နည်းလမ်း ၃ချက်
ပိုက်ဆံစုခြင်းဟာ အသုံးအဖြုန်းကြီးသူတွေအတွက် အခက်ခဲဆုံးအရာဖြစ်ပြီး အမြဲတစေမေ့လျော့စေတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေ ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းလေးတွေကို ဝယ်ဖို့အတွက် စုထားတဲ့ငွေလေးတွေ အရံသင့်ရှိနေရင်တော့ တကယ့်ကိုအဆင်ပြေစေပါတယ်။
ဒါကြောင့် ငွေမစုတတ်သူတွေ ငွေစုပြီး သူဋ္ဌေးဖြစ်ဖို့နဲ့ အသုံးအဖြုန်းကြီးသူတွေလည်း ငွေစုမိလာစေဖို့ နည်းလမ်းသုံးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အဆင့်ဆင့်စုဆောင်းမယ်
ဒီနည်းလမ်းဟာ တနှစ်သို့မဟုတ် ၅၂ ပတ်လောက်ကြာမြင့်ရပါမယ်။ ဥပမာအားဖြင့် ပထမဆုံးစစုတဲ့အပတ်မှာ ၁၀၀၀ နဲ့စုရင် နောက်တပတ်မှာ ၂၀၀၀ ၊ တတိယပတ်မှာ ၃၀၀၀ စသဖြင့် ၁ ထောင်စီ တိုးတိုးပြီး စုသွားပေးပါ။
ဒါပေမယ့် ယခုနည်းလမ်းဟာ နေ့စဉ်ပုံမှန်ဝင်ငွေရှိနေတဲ့ သူအတွက်သာအလုပ်ဖြစ်ပြီး ခက်ခဲပါက လစဉ်စုငွေသဘောမျိုးနဲ့ ပြန်စုလို့လည်း ရပါတယ်။
၂။ သုံးပြီးတာနဲ့စုမယ်
ဒီနည်းလမ်းဟာ လွယ်ကူပြီးတော့ သင့်ကိုပိုက်ဆံစုမိရုံသာမက ကုန်ကျစားရိတ်တွေကိုလည်း သတိထားမိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဘာကိုပဲဝယ်ဝယ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို စုဘူးထဲထည့်ရမှာပါ။
သင်က ၁၅၀၀၀ တန်တဲ့အင်္ကျီဝယ်ရင် ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၅၀၀ ကိုစုထားပါ။ ဒီနည်းလမ်းက သင့်ရဲ့အသုံးစားရိတ်တွေကို ခြေရာခံနိုင်ပြီး ပြန်ကာတဲ့သဘောမျိုး ဖြစ်စေပါတယ်။
၃။ အပြစ်ပေးရင်းလည်း စုမယ်
ဒီနည်းလမ်းကတော့ သင့်ရဲ့မကောင်းတဲ့အလေ့အထတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကူညီပေးနိုင်သလို ငွေလည်းစုမိစေမှာဖြစ်ပါတယ်..။ ဥပမာအားဖြင့် သင်အိပ်ရာထနောက်ကျတာတွေ၊ အလုပ်နောက်ကျတာတွေ၊ Gym သွားဖို့မေ့နေတာတွေအတွက် ကိုယ့်ကိုယ်ကို ဒဏ်ကြေး ကောက်ပါ။
၁၀၀၀ ၊ ၂၀၀၀ က နည်းသေးရင် ၅၀၀၀ ၊ ၁၀၀၀၀ ထိ ဒဏ်ကြေးကောက်ပြီး ကိုယ့်ကိုယ်ကိုအပြစ်ပေးပါ။အရေးကြီးတဲ့အရာတစ်ခုက အစမှာသတ်မှတ်ထားတဲ့ ဒါဏ်ကြေးကို ကိုယ့်ကိုယ်ကိုညှာတဲ့အနေနဲ့ လျော့ပေါ့ဖို့မစဉ်းစားပါနဲ့..။
ဒီနည်းလမ်းဟာ သင့်ကိုမကောင်းတဲ့အကျင့်တွေပါ ပျောက်သွားစေပြီး ငွေပိုစုမိလာစေပါတယ်။ သင်အရမ်းတော်သွားလို့ မစုမိမှာမစိုးရိမ်ပါနဲ့။ အမှားမလုပ်မိတဲ့ သူဆိုတာ မတွေ့ဖူးသေးလို့ပါ။
သင့်အတွက် ဘယ်နည်းလမ်းက အထိရောက်ဆုံးဖြစ်နိုင်မလဲ ကွန်းမန့်မှာ ပြောပြနိုင်ပါတယ်။
Credit to Original Writer