အရက်ဖြူနဲ့ဘီအီး၊ ကျွန်တော်တို့ အရပ်ဆီမှာ အရက်သောက်သုံးသူတွေကို သူတော့သိပ်မခံလောက်တော့ဘူး ပြောရင် ဒီလူဟာ ဘီအီးသောက်နေသူကို ညွှန်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သဘောကတော့ ဘီအီးအရက်ကိုစွဲသောက်တဲ့ အဆင့်ရောက်နေပြီဆိုလျှင် သိပ်ကြာကြာမနေနိုင်တော့သည်ကို ပြောကြခြင်း ဖြစ်သည်
ဘီအီးအရက်ရဲ့ ဆိုးကျိုးကို ကြားဖူးနားဝရှိနေတော့ အရက်ဖြူသောက်သုံးသူ လူကြီးများကို မေးကြည့်ဖူးသည်။ဘီအီးအရက်ရဲ့ အရသာကို ခနထားပါ၊ အရက်ဖြူကို ဘာလို့ ဘီအီးလို့ ခေါ်သလဲ မေးကြည့်ဖူးသည်။ အရက်ဖြူဆို အရက်ဖြူပေါ့ ဘာလို့ ဘီအီးလို့ ခေါ်သလဲပေါ့၊ ဒါက အရပ်ထဲက လူကြီးများကို မေးကြည့်ခြင်း ဖြစ်သည်။
ဘိုလိုတတ်သည့် နိုင်ငံခြားအရက် သောက်သည့်သူများကိုလည်း မြန်မာအရက်ဖြူကို ဘာလို့ ဘီအီးလို့ ခေါ်လဲ မေးကြည့်ဖူးသည်။ ဘူတာမှားစီးမိသည့် ရထားလို လိုရာမရောက်သည့် အဖြေတွေနဲ့ပဲ တိုးနေသည်။ အရက်ဖြူကို ဘယ်လိုအနက်ပြန်ပြန် ဘီအီးလို့ ခေါ်လို့မရကြောင်း နုံနဲတဲ့အတွေးနဲ့ စဉ်းစားမိတယ်။
ကျွန်တော့်ဆီမှာ အကျင့်တခုရှိပါသည်။ စာဖတ်တာ ဝါသနာပါတော့ ဝါသနာအရစာဖတ်သလို ကိုယ်မသိတာ သိရဖို့၊ ကိုယ်လိုအပ်တာ ဖြည့်ဖို့အတွက်လည်း စာဖတ်လေ့ရှိတယ်။ ဒါကြောင့် မြန်မာအရက်ဖြူကို ဘာလို့ ဘီအီးအရက်လို့ နှုတ်ကျိူးနေကြကြောင်း လိုက်ရှာဖတ်ကြည့်ပါသည်။
သိအောင် စာဖတ်ရတယ်´လို့ ပြောဖူး၊ရေးဖူးတဲ့ ဆရာမောင်သာနိုးရေးထားတဲ့ ဆောင်းပါးထဲကျမှ ဘဝင်မကျနေတဲ့ အဖြေကိုတွေ့လိုက်တယ်။ Burma Economic Development Corporation (မြန်မာ့စီးပွားရေး ဖွံဖြိုးမှုကော်ပိုရေးရှင်း) ဆိုတဲ့အဖွဲ့ကြီးက ခေတ်မီစက်ကြီးတွေနဲ့ အရက်ဖြူချက်လုပ်တာကို BEDC အရက်ဖြူဆိုပြီး စနာမည်တွင်တယ်။
ကော်ပိုရေးရှင်းက ပေးတဲ့နာမည်မဟုတ်ပေမဲ့ ကော်ပိုရေးရှင်းကို လူတွေက အစွဲပြုပြီး BEDC လို့ခေါ်ရင်းကနေ နောက်ပိုင်းကျ DC ပြုတ်ပြီး BE ဆိုပြီးဖြစ်သွားတာပဲ။လူကြိုက်လည်း များတော့ ဘီအီး ဘီအီး ဆိုပြီး ဖြစ်သွားတာပဲလို့ သိရဖတ်ရတယ်။
အာ့တော့ ကျွန်တော်က ဘီအီးလူကြီးမင်းများကို ပြောပြလိုက်တော့ တသက်လုံးက အရိုးစွဲနေတဲ့သိမူ့ကို ပြုပြင်ဖို့ အတော့်ကိုမချင့်မရဲနဲ့ ချိန်ဆနေပုံရတယ်။ နဒအ ၃၁.၃.၂၀၂၂ (Nanda Aung – နဒအ မှတ်စုများနှင့် အတွေးအမြင်များ) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
zawgyi
အရက္ျဖဴနဲ႔ဘီအီး၊ ကြၽန္ေတာ္တို႔ အရပ္ဆီမွာ အရက္ေသာက္သုံးသူေတြကို သူေတာ့သိပ္မခံေလာက္ေတာ့ဘူး ေျပာရင္ ဒီလူဟာ ဘီ
အီးေသာက္ေနသူကို ၫႊန္းတယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ သေဘာကေတာ့ ဘီအီးအရက္ကိုစြဲေသာက္တဲ့ အဆင့္ေရာက္ေနၿပီဆိုလွ်င္ သိပ္ၾကာၾကာမေနႏိုင္ေတာ့သည္ကို ေျပာၾကျခင္း ျဖစ္သည္။
ဘီအီးအရက္ရဲ႕ ဆိုးက်ိဳးကို ၾကားဖူးနားဝရွိေနေတာ့ အရက္ျဖဴေသာက္သုံးသူ လူႀကီးမ်ားကို ေမးၾကည့္ဖူးသည္။ဘီအီးအရက္ရဲ႕ အရသာကို ခနထားပါ၊ အရက္ျဖဴကို ဘာလို႔ ဘီအီးလို႔ ေခၚသလဲ ေမးၾကည့္ဖူးသည္။ အရက္ျဖဴဆို အရက္ျဖဴေပါ့ ဘာလို႔ ဘီအီးလို႔ ေခၚသလဲေပါ့၊ ဒါက အရပ္ထဲက လူႀကီးမ်ားကို ေမးၾကည့္ျခင္း ျဖစ္သည္။
ဘိုလိုတတ္သည့္ ႏိုင္ငံျခားအရက္ ေသာက္သည့္သူမ်ားကိုလည္း ျမန္မာအရက္ျဖဴကို ဘာလို႔ ဘီအီးလို႔ ေခၚလဲ ေမးၾကည့္ဖူးသည္။ ဘူတာမွားစီးမိသည့္ ရထားလို လိုရာမေရာက္သည့္ အေျဖေတြနဲ႔ပဲ တိုးေနသည္။ အရက္ျဖဴကို ဘယ္လိုအနက္ျပန္ျပန္ ဘီအီးလို႔ ေခၚလို႔မရေၾကာင္း ႏုံနဲတဲ့အေတြးနဲ႔ စဥ္းစားမိတယ္။
ကြၽန္ေတာ့္ဆီမွာ အက်င့္တခုရွိပါသည္။ စာဖတ္တာ ဝါသနာပါေတာ့ ဝါသနာအရစာဖတ္သလို ကိုယ္မသိတာ သိရဖို႔၊ ကိုယ္လိုအပ္တာ ျဖည့္ဖို႔အတြက္လည္း စာဖတ္ေလ့ရွိတယ္။ ဒါေၾကာင့္ ျမန္မာအရက္ျဖဴကို ဘာလို႔ ဘီအီးအရက္လို႔ ႏႈတ္က်ိဴးေနၾကေၾကာင္း လိုက္ရွာဖတ္ၾကည့္ပါသည္။
သိေအာင္ စာဖတ္ရတယ္´လို႔ ေျပာဖူး၊ေရးဖူးတဲ့ ဆရာေမာင္သာႏိုးေရးထားတဲ့ ေဆာင္းပါးထဲက်မွ ဘဝင္မက်ေနတဲ့ အေျဖကိုေတြ႕လိုက္တယ္။ Burma Economic Development Corporation (ျမန္မာ့စီးပြားေရး ဖြံၿဖိဳးမႈေကာ္ပိုေရးရွင္း) ဆိုတဲ့အဖြဲ႕ႀကီးက ေခတ္မီစက္ႀကီးေတြနဲ႔ အရက္ျဖဴခ်က္လုပ္တာကို BEDC အရက္ျဖဴဆိုၿပီး စနာမည္တြင္တယ္။
ေကာ္ပိုေရးရွင္းက ေပးတဲ့နာမည္မဟုတ္ေပမဲ့ ေကာ္ပိုေရးရွင္းကို လူေတြက အစြဲျပဳၿပီး BEDC လို႔ေခၚရင္းကေန ေနာက္ပိုင္းက် DC ျပဳတ္ၿပီး BE ဆိုၿပီးျဖစ္သြားတာပဲ။လူႀကိဳက္လည္း မ်ားေတာ့ ဘီအီး ဘီအီး ဆိုၿပီး ျဖစ္သြားတာပဲလို႔ သိရဖတ္ရတယ္။
အာ့ေတာ့ ကြၽန္ေတာ္က ဘီအီးလူႀကီးမင္းမ်ားကို ေျပာျပလိုက္ေတာ့ တသက္လုံးက အ႐ိုးစြဲေနတဲ့သိမူ႔ကို ျပဳျပင္ဖို႔ အေတာ့္ကိုမခ်င့္မရဲနဲ႔ ခ်ိန္ဆေနပုံရတယ္။ နဒအ ၃၁.၃.၂၀၂၂ (Nanda Aung – နဒအ မွတ္စုမ်ားႏွင့္ အေတြးအျမင္မ်ား) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)