Knowledge

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး..

ငွေကြေးမရှိသော်လည်း နေ့စဉ်လှူဒါန်းနိုင်သောအလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်။

အဘယ်ကြောင့်မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြားတော်မူသည်။ “ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့အလှူဒါန ပြုနိုင်ပါမည်နည်းဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့..။

တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန ၇ မျိူးရှိသည်။ထို(၇)မျိုးမှာ..

(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်း

အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း

(၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း

(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း

စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း

(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း

ကောင်းသောစေတနာအမြင်ဖြင့်သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း၅ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့်သူတစ်ပါးကို ကူညီခြင်း

(၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း

လှေစီးကားစီးသည့်အခါမိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အားမိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း..

(၇) နေအိမ်အလှူဒါနပြုခြင်း

မိမိ၏အိမ်နေရာကို သူတစ်ပါးတို့ အနားယူရန် ပေးကမ်းခြင်း

မည်သူမဆိုဤအလှူဒါန(၇)မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်.. အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ်မကွာလိုက်ပါလာမည်သာဖြစ်ပါသည်။

အခုလိုအချိန်ပေးပြီး အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit – Original Writer

ငွေကြေးမရှိသော်လည်း နေ့စဉ်လှူဒါန်းနိုင်သောအလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်

အဘယ်ကြောင့်မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြားတော်မူသည်။ “ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့အလှူဒါန ပြုနိုင်ပါမည်နည်းဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့..။

တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန ၇ မျိူးရှိသည်။ထို(၇)မျိုးမှာ..

(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်း

အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း

(၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း..

(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း

စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း

(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း

ကောင်းသောစေတနာအမြင်ဖြင့်သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း၅ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့်သူတစ်ပါးကို ကူညီခြင်း

(၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း

လှေစီးကားစီးသည့်အခါမိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အားမိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း