မိမိပတ်ဝန်းကျင်မှာရှိတဲ့ တောက်တဲ့ လိုမျိုး မိတ်ဆွေစစ်ကို သေတဲ့အထိ တန်ဖိုးထားပါ ။
ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သည်…အိမ်များမှာအများအားဖြင့်သစ်သားနံရံပါးနှစ်ခုကို အလယ်တွင်နေရာလွတ်လေးထားပိတ်ပြီး နံရံထူတစ်ခုအဖြစ်တည်ဆောက်တတ်ကြသည်။
တစ်နေ့ အိမ်ပြင်ရန် နံရံကိုဖွင့်ဖျက်လိုက်သောအခါ တောက်တဲ့လေးတစ်ကောင်အတွင်းပိုင်း၌ တွယ်ကပ်နေသည်ကိုတွေ့လိုက်ရ၏ ။အပြင်မှရိုက်သောသံတစ်ချောင်းသည်ထိုအကောင်ငယ်လေး၏ ခြေတစ်ဖက်ကို ထိုးစိုက်ဝင်နေလျက်သားတွေ့လိုက်ရသည်။
သူဒီမြင်ကွင်းလေးကိုမြင်တော့ အတော်လေးသနားသွားသည် ။ထို့နောက် သံမှိုကိုသေချာစစ်ဆေးကြည့်ရှု လိုက်သောအခါ လွန်ခဲ့တဲ့ ၅နှစ်ခန့်အချိန် ဤအိမ်ကိုစတင် တည်ဆောက်စဉ်ကတည်း ရိုက်ထားသောသံမှိုဖြစ်နေသောကြောင့်ပင်ပို၍ အံ့သြမှင်သက်သွားမိ၏ ။
ဘယ်လိုဖြစ်တာပါလိမ့် ။ဒီတောက်တဲ့လေးက နေရာမရွေ့နိုင်ပဲ (၅)နှစ်လောက်အသက်ရှင်နေတာအိုး…ဒီမှောင်မည်းနေတဲ့ နံရံလွတ်ကြားထဲခြေတစ်ဖက်သံရိုက်ခံထားရလို့ ဘယ်မှမသွားနိုင်တော့ပါပဲ…(၅)နှစ်တောင်အသက်ရှင်နေသေးတာ ..ဟာ! မဖြစ်နိုင်တာပဲ ဘာလုပ်နေခဲ့တာလဲ ?
ဘယ်ကဘယ်လို အစာစားပြီး အသက်ရှင်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့စဉ်းစားတွေးကြည့်လို့ မရတောသည့်အဆုံးအံ့သြလွန်းကာ အလုပ်ကိုရပ်လိုက်ပြီးတောက်တဲ့လေးကိုသာ စောင့်ကြည့်လေ့လာဖို့ဆုံးဖြတ်လိုက်သည် ။
ဒီလိုနဲ့ နံရံကို နဂိုအတိုင်းလေး ပုံမပျက်အတွင်းကိုသူမြင်နိုင်ယုံဟကာ ပြန်ကပ်လိုက်ပြီး တိတ်ဆိတ်စွာ အသာထိုင်စောင့်ကြည့်နေလိုက်၏တော်တော်လေးကြာတော့ အခြားတောက်တဲ့တစ်ကောင်သည် ပါးစပ်နှင့်အစာအချိူ့့ကိုကိုက်ချီပြီးရောက်လာသည် ။ဘယ်ကရောက်လာမှန်းတော့မသိပေ ။
ထို့နောက် သံမှိုရိုက်ခံထား ရသောအကောင်ကိုအစာခွံ့ကြွေးနေလေ၏ ။ထိုမြင်ကွင်းလေးကို တွေ့ရှိပြီးနောက် သူ…အံ့သြမှင်သက်ကာ နက်ရှိုင်းတဲ့ခံစားမှုကြောင့်ကြက်သီးများပင်ထခဲ့ရသည် ။ငါးနှစ်ကြာအောင် သံရိုက်ခံထားရတဲ့ တောက်တဲ့လေးရဲ့အဖြစ် မလျော့သောမျှော်လင့်ချက်၊သံရိုက်ခံထားရလို့ ခြေတစ်လှမ်းတောင်မရွေ့နိုင်တော့တဲ့ အဖော်ဖြစ်သူကို ငါးနှစ်ကြာ ရှာကြွေးခဲ့တဲ့ တောက်တဲ့ကလေးထားမသွား လက်မလျော့သော မျှော်လင့်ချက် ။
စိတ်ကူးကြည့်လို့ ရရဲ့လားဗျာ…အဖော်ဖြစ်သူအပေါ် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ငါးနှစ်ကြာအောင်မဆုတ်မနစ် ဂရုတစိုက်အစာရှာကြွေးလာခဲ့တာ…။တစ်စုံတစ်ယောက်က သင့်ကိုအမှန်တစ်ကယ် ။လိုအပ်နေတဲ့အခါ မအားဘူးလို့မပြောလိုက်ပါနဲ့လားဗျာ…သင်ဟာ တစ်စုံတစ်ယောက်သောသူအတွက် မျှော်လင့်ချက် အားကိုးယုံကြည်ရာရှင်သန်မှု သူ့အတွက်သင်ဟာ ကမ္ဘာတစ်ခုတောင် ဖြစ်နေနိုင်ပါတယ် ။
ဥပေက္ခာပြုလိုက်တဲ့ အခိုက်အတန့် ခဏလေးဟာသင့်ကို ဘဝတစ်ခုလုံးပုံပြီးချစ်တဲ့သူတွေရဲ့ နှလုံးသားကို ကျိူးပဲ့စေတယ်။ဖျက်ဆီးဖို့က တစ်ခဏပဲအချိန်ယူရပါတယ်။ဖန်တီးဖို့တော့ ဘဝတစ်ခုလုံးကြာတတ်တယ်ဆိုတာကို တစ်ခုခုမပြောမိခင် အမြဲတမ်း သတိတရရှိပါစေ… ။ ။
ဘာသာပြန်- Thet Khaing
===================
Zawgyi
မိမိပတ်ဝန်းကျင်မှာရှိတဲ့ တောက်တဲ့ လိုမျိုး မိတ်ဆွေစစ်ကို သေတဲ့အထိ တန်ဖိုးထားပါ ။
ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သည်…အိမ်များမှာအများအားဖြင့်သစ်သားနံရံပါးနှစ်ခုကို အလယ်တွင်နေရာလွတ်လေးထားပိတ်ပြီး နံရံထူတစ်ခုအဖြစ်တည်ဆောက်တတ်ကြသည်။
တစ်နေ့ အိမ်ပြင်ရန် နံရံကိုဖွင့်ဖျက်လိုက်သောအခါ တောက်တဲ့လေးတစ်ကောင်အတွင်းပိုင်း၌ တွယ်ကပ်နေသည်ကိုတွေ့လိုက်ရ၏ ။အပြင်မှရိုက်သောသံတစ်ချောင်းသည်ထိုအကောင်ငယ်လေး၏ ခြေတစ်ဖက်ကို ထိုးစိုက်ဝင်နေလျက်သားတွေ့လိုက်ရသည်။
သူဒီမြင်ကွင်းလေးကိုမြင်တော့ အတော်လေးသနားသွားသည် ။ထို့နောက် သံမှိုကိုသေချာစစ်ဆေးကြည့်ရှု လိုက်သောအခါ လွန်ခဲ့တဲ့ ၅နှစ်ခန့်အချိန် ဤအိမ်ကိုစတင် တည်ဆောက်စဉ်ကတည်း ရိုက်ထားသောသံမှိုဖြစ်နေသောကြောင့်ပင်ပို၍ အံ့သြမှင်သက်သွားမိ၏ ။
ဘယ်လိုဖြစ်တာပါလိမ့် ။ဒီတောက်တဲ့လေးက နေရာမရွေ့နိုင်ပဲ (၅)နှစ်လောက်အသက်ရှင်နေတာအိုး…ဒီမှောင်မည်းနေတဲ့ နံရံလွတ်ကြားထဲခြေတစ်ဖက်သံရိုက်ခံထားရလို့ ဘယ်မှမသွားနိုင်တော့ပါပဲ…(၅)နှစ်တောင်အသက်ရှင်နေသေးတာ ..ဟာ! မဖြစ်နိုင်တာပဲ ဘာလုပ်နေခဲ့တာလဲ ?
ဘယ်ကဘယ်လို အစာစားပြီး အသက်ရှင်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့စဉ်းစားတွေးကြည့်လို့ မရတောသည့်အဆုံးအံ့သြလွန်းကာ အလုပ်ကိုရပ်လိုက်ပြီးတောက်တဲ့လေးကိုသာ စောင့်ကြည့်လေ့လာဖို့ဆုံးဖြတ်လိုက်သည် ။
ဒီလိုနဲ့ နံရံကို နဂိုအတိုင်းလေး ပုံမပျက်အတွင်းကိုသူမြင်နိုင်ယုံဟကာ ပြန်ကပ်လိုက်ပြီး တိတ်ဆိတ်စွာ အသာထိုင်စောင့်ကြည့်နေလိုက်၏တော်တော်လေးကြာတော့ အခြားတောက်တဲ့တစ်ကောင်သည် ပါးစပ်နှင့်အစာအချိူ့ကိုကိုက်ချီပြီးရောက်လာသည် ။ဘယ်ကရောက်လာမှန်းတော့မသိပေ ။
ထို့နောက် သံမှိုရိုက်ခံထား ရသောအကောင်ကိုအစာခွံ့ကြွေးနေလေ၏ ။ထိုမြင်ကွင်းလေးကို တွေ့ရှိပြီးနောက် သူ…အံ့သြမှင်သက်ကာ နက်ရှိုင်းတဲ့ခံစားမှုကြောင့်ကြက်သီးများပင်ထခဲ့ရသည် ။ငါးနှစ်ကြာအောင် သံရိုက်ခံထားရတဲ့ တောက်တဲ့လေးရဲ့အဖြစ် မလျော့သောမျှော်လင့်ချက်၊သံရိုက်ခံထားရလို့ ခြေတစ်လှမ်းတောင်မရွေ့နိုင်တော့တဲ့ အဖော်ဖြစ်သူကို ငါးနှစ်ကြာ ရှာကြွေးခဲ့တဲ့ တောက်တဲ့ကလေးထားမသွား လက်မလျော့သော မျှော်လင့်ချက် ။
စိတ်ကူးကြည့်လို့ ရရဲ့လားဗျာ။အဖော်ဖြစ်သူအပေါ် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ငါးနှစ်ကြာအောင်မဆုတ်မနစ် ဂရုတစိုက်အစာရှာကြွေးလာခဲ့တာ…။တစ်စုံတစ်ယောက်က သင့်ကိုအမှန်တစ်ကယ် လိုအပ်နေတဲ့အခါ မအားဘူးလို့မပြောလိုက်ပါနဲ့လားဗျာ…သင်ဟာ တစ်စုံတစ်ယောက်သောသူအတွက် မျှော်လင့်ချက် အားကိုးယုံကြည်ရာရှင်သန်မှု သူ့အတွက်သင်ဟာ ကမ္ဘာတစ်ခုတောင် ဖြစ်နေနိုင်ပါတယ် ။
ဥပေက္ခာပြုလိုက်တဲ့ အခိုက်အတန့် ခဏလေးဟာသင့်ကို ဘဝတစ်ခုလုံးပုံပြီးချစ်တဲ့သူတွေရဲ့ နှလုံးသားကို ကျိူးပဲ့စေတယ်။ဖျက်ဆီးဖို့က တစ်ခဏပဲအချိန်ယူရပါတယ်။ဖန်တီးဖို့တော့ ဘဝတစ်ခုလုံးကြာတတ်တယ်ဆိုတာကို တစ်ခုခုမပြောမိခင် အမြဲတမ်း သတိတရရှိပါစေ… ။ ။
#ဘာသာပြန် – Thet Khaing