ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများ..
( နွားရွေးနည်း ပညာ )
၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး
၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး
၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ်
၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး.. ။
၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။
၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး ၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။
၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။
၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။ ။
( ဗွေများ )
( ၁ ) ဗွေဆင့်ဗွေ
ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)
( ၂ ) မျက်ခြားဗွေ
မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)
( ၃ ) ဗွေထီးဆောင်း
ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်
နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။
( ၄ ) မြခနောက်ဗွေ
နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။
( ၅ ) သံလျက်ဗွေ
နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။
( ခြောက်ကွက်လှနွား )
၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်းအကွက်ကောင်း လေးကွက်
( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )
မြောက်သုံးသွယ် ကျယ်သုံးလီ နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက် ။
( မြောက်သုံးသွယ် )
ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း..။
( ကျယ်သုံးလီ )
ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း
ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။
( နီသုံးချက် )
လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း
(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။
နွားပြာနီ ကြောင်စွယ် မှောင်ကွယ်ရာဝယ် မမှားနိင်..။
နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ်တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။
( နွား၏ချို )
ဘယ်လဲ ညာထောင် ဥစ္စာပြောင် ဘယ်ထောင်ညာလဲ တက်တက်မွဲ ။ တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။
တယ်လူးချို နုတ်သောချို နဲ့သောချို ။(အကျိုးမပေး)
ကြက်တူရွေးချို ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။(အကျိုးမပေး)
မှတ်ချက် ။ ။ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကိုလွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲ
မှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။
Credit – ( ဖတ်မိပြီးသဘောတွေ့ရင် တောင်သူဦးကြီးများအတွက် ကျေးဇူးပြု၍ share ပေးစေချင်ပါတယ် )