Knowledge

တစ္ဧကကို ေငြက်ပ္ (၁၅) သိန္း မွ သိန္း (၃၀) အထိ အက်ိဳးအျမတ္ ရရွိေနတဲ့ ဝဥအေၾကာင္း

ဝဥစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူတွေ ဝင်ငွေတိုးပွားစေရေးအတွက် (၃) နှစ်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။အထူးသဖြင့် ချင်းပြည်နယ် ဘက်မှာဆိုရင် ဝဥ ကို ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ နဲ့ မင်းတပ်မြို့တွေမှာ အများဆုံး စိုက်ပျိုးကြပြီး

စိုက်ပျိုးစရိတ်အားဖြင့် တစ်ဧက ကို ၁၅ သိန်း ကျပ်ခန့် ကုန်ကျတယ်လို့ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။“အဲလို စိုက်ပျိုးစရိတ်၁၅ သိန်းလောက်ကုန်ကျသလို အကျိုးအမြတ်အနေနဲ့လည်း တစ်ဧက ကို ၁၅ သိန်းကနေ သိန်း ၃၀ အထိ ရရှိတယ်” လို့

ချင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးကပြောပါတယ်။ဝဥဟာ မျိုးကွဲပေါင်း ၁၃၀ ရှိပါတယ်။ အဲဒီအနက် ချင်းပြည်နယ်မှာတော့ ၅ မျိုးကို စိုက်ပျိုးနေတာပါ။အဓိက အားဖြင့် ဝဥ အဖြူ၊ အနီ၊ အဝါ မျိုးကွဲတွေ ဖြစ်ပါတယ်။

ဝဥ သီးနှံဟာနိုင်ငံတကာဈေးကွက်မှာဝယ်လိုအား ကောင်းတဲ့သီးနှံဖြစ်ပြီးချင်းပြည်နယ်နဲ့တော့ ရေမြေဒေသ ကိုက်ညီတာမို့စိုက်ပျိုးဖြစ်ထွန်းတယ်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့် ဝဥ ထုတ်လုပ်မှုကဆင့် တောင်သူတွေ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေးအတွက် ရည်ရွယ်ပြီးတော့၂၀၂၀-၂၁ မှ ၂၀၂၂-၂၃ စီမံချက်နဲ့ ဝဥ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအကောင်အထည်ဖော်ဆောင်ရွက်နေတာလို့သိရပါတယ်။

လက်ရှိစိုက်ပျိုးမှုအနေနဲ့ဆိုရင်၂၀၂၀-၂၁စိုက်ပျိုးရာသီမှာတော့ ဟားခါးခရိုင်မှာ၃၇၈၄ ဧက ၊ ဖလမ်းခရိုင် မှာ ၂၂၄၄ ဧက ၊မတူပီ ခရိုင်မှာ ၅၅၉၃ ဧက ၊မင်းတပ်ခရိုင်မှာ ၅၃၀၀ ဧက စုစုပေါင်း ၁၆၉၂၁ ဧက ကိုလည်းကောင်း၊၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီမှာတော့

ဟားခါးခရိုင်မှာ ၃၈၆၄ ဧက၊ ဖလမ်းခရိုင်မှာ ၂၃၇၈ ဧက ၊ မတူပီခရိုင်မှာ ၅၉၁၆ ဧက စုစုပေါင်း ၁၂၁၅၈ ဧက တို့ကို စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခရက်ဒစ်

Zawgyi(version)

တစ္ဧကကို ေငြက်ပ္ (၁၅) သိန္း မွ သိန္း (၃၀) အထိ အက်ိဳးအျမတ္ ရရွိေနတဲ့ ဝဥအေၾကာင္း

ဝဥစိုက္ပ်ိဳးထုတ္လုပ္မႈကို ေတာင္သူေတြ ဝင္ေငြတိုးပြားေစေရးအတြက္ (၃) ႏွစ္စီမံခ်က္ေရးဆြဲၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနပါတယ္။အထူးသျဖင့္ ခ်င္းျပည္နယ္ ဘက္မွာဆိုရင္ ဝဥ ကို ဟားခါး၊ ထန္တလန္၊ ကန္ပက္လက္၊ မတူပီ နဲ႕ မင္းတပ္ၿမိဳ႕ေတြမွာ အမ်ားဆုံး စိုက္ပ်ိဳးၾကၿပီး

စိုက္ပ်ိဳးစရိတ္အားျဖင့္ တစ္ဧက ကို ၁၅ သိန္း က်ပ္ခန႔္ ကုန္က်တယ္လို႔ ခ်င္းျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနက သိရပါတယ္။အဲလို စိုက္ပ်ိဳးစရိတ္၁၅ သိန္းေလာက္ကုန္က်သလို အက်ိဳးအျမတ္အေနနဲ႕လည္း တစ္ဧက ကို ၁၅ သိန္းကေန သိန္း ၃၀ အထိ ရရွိတယ္ လို႔

ခ်င္း ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႈးကေျပာပါတယ္။ဝဥဟာ မ်ိဳးကြဲေပါင္း ၁၃၀ ရွိပါတယ္။ အဲဒီအနက္ ခ်င္းျပည္နယ္မွာေတာ့ ၅ မ်ိဳးကို စိုက္ပ်ိဳးေနတာပါ။အဓိက အားျဖင့္ ဝဥ အျဖဴ၊ အနီ၊ အဝါ မ်ိဳးကြဲေတြ ျဖစ္ပါတယ္။

ဝဥ သီးႏွံဟာနိုင္ငံတကာေဈးကြက္မွာဝယ္လိုအား ေကာင္းတဲ့သီးႏွံျဖစ္ၿပီးခ်င္းျပည္နယ္နဲ႕ေတာ့ ေရေျမေဒသ ကိုက္ညီတာမို႔စိုက္ပ်ိဳးျဖစ္ထြန္းတယ္လို႔ ေျပာနိုင္ပါတယ္။

ဒါေၾကာင့္ ဝဥ ထုတ္လုပ္မႈကဆင့္ ေတာင္သူေတြ လူေနမႈဘဝဖြံ႕ၿဖိဳး တိုးတက္ေစေရးႏွင့္ ဆင္းရဲမႈေလ်ာ့က်ေစေရးအတြက္ ရည္႐ြယ္ၿပီးေတာ့၂၀၂၀-၂၁ မွ ၂၀၂၂-၂၃ စီမံခ်က္နဲ႕ ဝဥ စိုက္ပ်ိဳးထုတ္လုပ္မႈတိုးတက္ေစေရးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတာလို႔သိရပါတယ္။

လက္ရွိစိုက္ပ်ိဳးမႈအေနနဲ႕ဆိုရင္၂၀၂၀-၂၁စိုက္ပ်ိဳးရာသီမွာေတာ့ ဟားခါးခရိုင္မွာ၃၇၈၄ ဧက ၊ ဖလမ္းခရိုင္ မွာ ၂၂၄၄ ဧက ၊မတူပီ ခရိုင္မွာ ၅၅၉၃ ဧက ၊မင္းတပ္ခရိုင္မွာ ၅၃၀၀ ဧက စုစုေပါင္း ၁၆၉၂၁ ဧက ကိုလည္းေကာင္း၊၂၀၂၁-၂၀၂၂ စိုက္ပ်ိဳးရာသီမွာေတာ့

ဟားခါးခရိုင္မွာ ၃၈၆၄ ဧက၊ ဖလမ္းခရိုင္မွာ ၂၃၇၈ ဧက ၊ မတူပီခရိုင္မွာ ၅၉၁၆ ဧက စုစုေပါင္း ၁၂၁၅၈ ဧက တို႔ကို စိုက္ပ်ိဳးနိုင္ခဲ့တယ္လို႔ သိရပါတယ္။

ခရက္ဒစ္