ၾကားသိရသမွ်

ဒီခေတ်ကြီးထဲမှာ ဒီလို့ ကိစ္စတာရှိတာနေတာ ယုံရခက်ခက်တဲ့ အစီစဉ်တင်ဆက်သူ ဆုမွန် ရဲ့ စေ့စပ်ပွဲအကြောင်း





Credit

unicode

အစီအစဉ်တင်ဆက်သူ ဆုမွန်လို့ဆိုလာရင်တော့ MRTV-4 , Channel-7 အစရှိတဲ့ ရုပ်သံအစီအစဉ်တွေမှာ ပရိတ်သတ်တွေချစ်ခင်မြတ်နိုးရတဲ့ အစီအစဉ်တင်ဆက်သူအမျိုးသမီးတွေထဲပါဝင်တဲ့ တစ်ဦးဖြစ်ပါတယ်။သူမရဲ့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ အစီအစဉ်တင်ဆက်ပုံတွေကြောင့် ပရိတ်သတ်အားလုံးရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူလေးဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူအပြင် အနုပညာလှုပ်ရှားမှဒအနေနဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ပါတယ်။သူမဟာ လက်ရှိမှာတော့.. ချစ်ရသူနဲ့ စေ့စပ်သွားခဲ့ပြီဖြစ်ပါတယ်။ ပရိတ်သတ်များအပါအဝင် သူမရဲ့ အသိမိတ်ဆွေများအားလုံးက သူမရဲ့ စေ့စပ်ပွဲအတွက် ဝမ်းမြောက်ဂုဏ်ယူနေခဲ့ကြတာဖြစ်ပြီး သူမအနေနဲ့လည်း အလွန်ပျော်ရွှင်နေ ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ချစ်သူကတော့ လက်ရှိမှာ နိုင်ငံခြားမှာရောက်ရှိနေတာဖြစ်ပြီး စေ့စပ်ပွဲကိုတော့ Online ပေါ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ချစ်သူအနေနဲ့ သူမကို တအားမြတ်နိုးတန်ဖိုးထားရတဲ့.. အတွက် ဝေးကွာနေတဲ့အချိန်မှာတောင် တယတယနှင့် စေ့စပ်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်တွေအနေနဲ့လည်း သူမကို ချစ်ခင်တန်ဖိုးထားတဲ့ အမျိုးသားနှင့် တွေ့ဆုံသွားတဲ့အတွက်အလွန်ဝမ်းမြောက်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့.. ချစ်ကောင်လေးနဲ့ စေ့စပ်လိုက်ပေမမယ့် ခုချိန်ထိ အပြင်မှာမတွေရသေးကြောင်းပြောပြလာခဲ့ပါတယ်။

Credit