“ပုလင္းထဲကို အီးေပါက္ၿပီး ထည့္ေရာင္းရာမွ တစ္လလွ်င္ ျမန္မာေငြ သိန္း (၉၀၀) ရရွိေနတဲ့အမ် ိုးသမီး”(႐ုပ္သံ)
ရွားရွားပါးပါး အီးေပါက္ၿပီး ပိုက္ဆံရွာတဲ့သူ။ Entrepreneur ဆိုတဲ့စကားလုံးကို ၾကားဖူးၾကေပမယ့္ Fartrepreneur ဆိုတဲ့စကားလုံးကို အခုမွစၾကားဖူးမယ္ ထင္ပါတယ္။
Fartrepreneur ဆိုတာ Fart (ေလလည္ျခင္း) ဆိုတဲ့ စကားလုံးကေနဆင္းသက္လာတာပါ။ Stephanie Matto ဆိုတဲ့ ဆယ္လီအမ်ိဳးသမီးဟာ သူေလလည္ထားတဲ့ (Fart jar) ပုလင္းေတြကိုေရာင္းတာ တစ္လကိုျမန္မာေငြ သိန္း ၉၀၀ ေလာက္ ဝင္ေငြရေနပါသတဲ့။
သူကပ႐ိုတိန္းဓာတ္မ်ားတဲ့ အစားအစာေတြစားၿပီး အဝတ္နဲ႔လုပ္ထားတဲ့ ႏွင္းဆီပြင့္ဖတ္ေလးေတြအေပၚ တိုက္႐ိုက္ေလလည္ကာ ပုလင္းထဲထည့္ၿပီး အဖုံးေသခ်ာပိတ္ကာ ေရာင္းတာျဖစ္ပါတယ္။
အမယ္ဒီအလုပ္က လြယ္တယ္လို႔မထင္ပါနဲ႔တဲ့။ တခ်ိဳ႕ကာစတန္မာေတြက လိုခ်င္တဲ့အနံ႔ မွာတတ္ေသးတယ္တဲ့။ တစ္ေယာက္ဆိုရင္ cheese စားၿပီးေလလည္ေပးပါလို႔ ဆိုသတဲ့။ Black bean ပဲေတြ၊ organic အစားအစာေတြ၊ ဒိန္ခ်ဥ္စတာေတြစားၿပီး စာအုပ္ဖတ္ရင္း ေလလည္ဖို႔ေစာင့္ပါသတဲ့။
ေအာ္ဒါေတြအရမ္းတက္ရင္ ခဏခဏ ေလလည္ရလြန္းလို႔ ေဆး႐ုံေတာင္ တက္လိုက္ရသတဲ့။ တစ္ခါတစ္ေလ တစ္ပတ္တည္းကို ေဒၚလာ ၅၀၀၀၀ (ျမန္မာေငြ ၈၉ သိန္း) ဖိုးေလာက္အထိ ေရာင္းအားတက္ခဲ့တယ္လို႔ သူကဆိုပါတယ္။
ဘာလို႔ Fartrepreneur ျဖစ္လာသလဲလို႔ေမးေတာ့ သူ႔ေဖာ္လိုဝါးေတြက ေတာင္းဆိုလို႔ပါတဲ့။ သူမဟာ YouTube မွာ channel ဖြင့္ထားတာ ၈ ႏွစ္ေလာက္ရွိၿပီး၊ fan ေတြအေတာ္မ်ားပါသတဲ့..။ သူ႔ဖန္ေတြက သူ႔ကိုအထူးအဆန္းမ်ိဳးစုံ လုပ္ခိုင္းၾကတယ္တဲ့။ အဲ့မွာေတာင္းဆိုမႈမ်ားတာက ေလလည္ခိုင္းတာတဲ့။
အစကေတာ့ ဟာသတစ္ခုအေနနဲ႔ လူေတြသူ႔ကို စတာလို႔ထင္ခဲ့ေပမယ့္ ေနာက္ေတာ့စီးပြားျဖစ္ ေရာင္ဖို႔ေတြးခဲ့ရာကေန အခုလို Fartrepreneur ျဖစ္လာတာပါတဲ့ခင္ဗ်ား။ ေဒၚလာ ၁၀၀၀ ဖိုးဝယ္ရင္ ၅၀ ရာခိုင္ႏႈန္း (50% discount) ရွိပါသတဲ့။
ခရက္ဒစ္
Unicode
“ပုလင်းထဲကို အီးပေါက်ပြီး ထည့်ရောင်းရာမှ တစ်လလျှင် မြန်မာငွေ သိန်း (၉၀၀) ရရှိနေတဲ့အမျ ိုးသမီး”(ရုပ်သံ)
ရှားရှားပါးပါး အီးပေါက်ပြီး ပိုက်ဆံရှာတဲ့သူ။ Entrepreneur ဆိုတဲ့စကားလုံးကို ကြားဖူးကြပေမယ့် Fartrepreneur ဆိုတဲ့စကားလုံးကို အခုမှစကြားဖူးမယ် ထင်ပါတယ်။
Fartrepreneur ဆိုတာ Fart (လေလည်ခြင်း) ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ Stephanie Matto ဆိုတဲ့ ဆယ်လီအမျိုးသမီးဟာ သူလေလည်ထားတဲ့ (Fart jar) ပုလင်းတွေကိုရောင်းတာ တစ်လကိုမြန်မာငွေ သိန်း ၉၀၀ လောက် ဝင်ငွေရနေပါသတဲ့။
သူကပရိုတိန်းဓာတ်များတဲ့ အစားအစာတွေစားပြီး အဝတ်နဲ့လုပ်ထားတဲ့ နှင်းဆီပွင့်ဖတ်လေးတွေအပေါ် တိုက်ရိုက်လေလည်ကာ ပုလင်းထဲထည့်ပြီး အဖုံးသေချာပိတ်ကာ ရောင်းတာဖြစ်ပါတယ်..။
အမယ်ဒီအလုပ်က လွယ်တယ်လို့မထင်ပါနဲ့တဲ့။ တချို့ကာစတန်မာတွေက လိုချင်တဲ့အနံ့ မှာတတ်သေးတယ်တဲ့။ တစ်ယောက်ဆိုရင် cheese စားပြီးလေလည်ပေးပါလို့ ဆိုသတဲ့..။ Black bean ပဲတွေ၊ organic အစားအစာတွေ၊ ဒိန်ချဉ်စတာတွေစားပြီး စာအုပ်ဖတ်ရင်း လေလည်ဖို့စောင့်ပါသတဲ့..။
အော်ဒါတွေအရမ်းတက်ရင် ခဏခဏ လေလည်ရလွန်းလို့ ဆေးရုံတောင် တက်လိုက်ရသတဲ့။ တစ်ခါတစ်လေ တစ်ပတ်တည်းကို ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ ၈၉ သိန်း) ဖိုးလောက်အထိ ရောင်းအားတက်ခဲ့တယ်လို့ သူကဆိုပါတယ်။
ဘာလို့ Fartrepreneur ဖြစ်လာသလဲလို့မေးတော့ သူ့ဖော်လိုဝါးတွေက တောင်းဆိုလို့ပါတဲ့။ သူမဟာ YouTube မှာ channel ဖွင့်ထားတာ ၈ နှစ်လောက်ရှိပြီး fan တွေအတော်များပါသတဲ့..။ သူ့ဖန်တွေက သူ့ကိုအထူးအဆန်းမျိုးစုံ လုပ်ခိုင်းကြတယ်တဲ့။ အဲ့မှာတောင်းဆိုမှုများတာက လေလည်ခိုင်းတာ..။
အစကတော့ ဟာသတစ်ခုအနေနဲ့ လူတွေသူ့ကို စတာလို့ထင်ခဲ့ပေမယ့် နောက်တော့စီးပွားဖြစ် ရောင်ဖို့တွေးခဲ့ရာကနေ အခုလို Fartrepreneur ဖြစ်လာတာပါတဲ့ခင်ဗျား။ ဒေါ်လာ ၁၀၀၀ ဖိုးဝယ်ရင် ၅၀ ရာခိုင်နှုန်း (50% discount) ရှိပါသတဲ့။
ခရက်ဒစ်