ၾကားသိရသမွ်
မစားဘဲ လမ်းဘေးလွှင့်ပစ်ထားတဲ့ ငုံးဥတွေကနေ ငုံးပေါက်လေးတွေ အများကြီးပေါက်လာတဲ့ ဗီဒီယိုဖိုင်
ဒီတစ်ခါ ပရိသတ်ကြီးကို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခု တင်ဆက်ပေးသွားပါ့မယ်.. အဲတာကတော့ မစားဘဲ လွှင့်ပစ်ထားတဲ့ ငုံးဥတွေကနေ ငုံးလေးတွေ အများကြီးပေါက်လာတဲ့ ဗီဒီယိုဖိုင်အကြောင်းပါပဲ…
ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မိုင်းရယ် – လားရှိုး လမ်းဘေးမှာ မစားဘဲနဲ့ စွန့်ပစ်ထားတဲ့ ငုံးဥတွေကနေငုံးကလေးလေးတွေ အများအပြားပေါက်လာပြီး လမ်းမပေါ်တက်လာခဲ့ပါတယ်
ကားတွေဆိုင်ကယ်တွေ ယာဉ်တွေဖြတ်သန်းအသွားတက်နင်းပီး သေကုန်မှာစိုးတဲ့အတွဲ့ ကောက်ပီးတောင်းထဲထည့်ပီးတစ်ခုခုလုပ်မယ်လို့ယူဆရပါတယ်..။ သနားစရာပါဗျာ၊ ထူးလည်းထူးဆန်းပါတယ်။ မိဘလည်းမရှိ အကောင်ပေါက်ကလေးတွေ
တောထဲလျှောက်သွားတော့လည်း တစ်ခြားသတ္တဝါတွေရဲ့ သတ်ဖြတ်ခြင်းခံရအုံးမှာပါပဲ။ပြေးလည်းမပြေးနိုင် အစာလည်းရှာမစားတတ်သေးဥကပေါက်ခါစလေးတွေပါ။
ဒီလို စွန့်ပစ်ငုံးဥကနေ ငုံးပေါင်းများစွာ ပေါက်လာတဲ့ ဗီဒီယိုဖိုင်ကိုK o n K h a y K e H s i ဆိုတဲ့ လူမှုကွန်ရက် အကောင့်ပိုင်ရှင် လွှင့်တင်ပေးထားတာ ဖြစ်ပြီးအတော့်ကို ရေးပန်းစားနေတာပါ….။
ဒီကမ္ဘာလောကကြီးကို အလှဆင်နိုင်တာဟာလည်း လူသားတွေဖြစ်သလိုဒီကမ္ဘာကြီး ဖျက်စီးကြမယ့် သက်ရှိဟာလည်း လူသားတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်က ရေမြေတောတောင်တွေ၊
သစ်ပင်ဝါးပင်တွေ၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတတွေ၊သားရဲ့ကြေးငှက်တိရစ္ဆာန်တွေဆိုလည်းလူသားတွေရဲ့ အတ္တရှေ့တန်းတင် အလွန်အကျူးထုတ်ယူကြ စည်းမဲ့ကမ်းမဲ့သုံးစွဲကြတဲ့အတွက်ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုတွေလည်း ယိုယွင်းပျက်စီးလာခဲ့ကြပါပီ။
အဲဒီအတွက်လည်း အပြန်အလှန်အားဖြင့်လူသားတွေကိုပဲထိခိုက်စေပါတယ်။ရာသီဥတုတွေဖောက်ပြန်ခြင်း၊ ရောဂါဘယများထူပြောလာခြင်း၊ အစားရေစာရှားပါးလာခြင်းနဲ့အတူ..
လူသားတို့နှလုံးသားထဲက အကြင်နာတရားတွေ လူသားဆန်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ လျှော့ပါးပျောက်ကွယ်လာပီးနောက်ဆုံး အချင်းချင်းသတ်ကြဖြတ်ကြနဲ့ ကမ္ဘာကြီးဟာ အကျည်းတန်အရုပ်ဆိုးလာခဲ့ပါပြီ…။
အဲဒီအတွက်ကမ္ဘာကြီးသာယာလှပဖို့ တစ်ဦးတစ်ယောက်ကအစ အားလုံးပါဝင်ပီး အကြင်နာတရား၊ မေတ္တာတရား များနဲ့ကိုယ်တတ်စွမ်းသလောက် အလှဆင်ပေးကြပါလို့မေတ္တာရပ်ခံရင်း ငုံးကောင်ပေါက်လေးတွေရဲ့ ဗွီယိုကိုကြည့်ကြည့်လိုက်ပါအုံးဗျာ…။ ။
မူရင်းစာသားကို ဖြည့်စွက်ရေးသားထားတဲ့အတွက် မူရင်းပို့ပိုင်ရှင်နှင့် မူရင်းဗွီယိုပိုင်ရှင်ကိုလေးစားစွာခရက်ဒစ်ပေးလိုက်ပါတယ်နော်။ခရက်ဒစ်
Zawgyi