Local News

နှစ်သစ်ကူးည သီးသန့် ညမထွက်ရအမိန့် ပယ်ဖျက်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း..

နှစ်သစ်ကူးည တညတည်းအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ပယ်ဖျက်ဆိုင်းငံ့ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ စကစ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်နေရာမှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိရာ နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ဒီဇင်ဘာလ ၃၁ ရက်ညမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်မှာ ဖြစ်တာကြောင့်လို့ ပါရှိပါတယ်။

ထိုကြောင့် ဒီဇင်ဘာလ ၃၁ ရက် ည သန်းခေါင် ၁၂ နာရီမှ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီထိ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ခေတ္တပယ်ဖျက်ခွင့်ပြုသည်ဟု အများပြည်သူ သိရှိစေရန် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

နှစ်သစ်ကူးည သီးသန့်ကို ညမထွက်ရ အမိန့် ပယ်ဖျက်လိုက်တဲ့အတွက် ထူးခြားဖြစ်စဉ် ဖြစ်ကြောင်း၊ တခုခု ဖြစ်မှာကို စိုးရိမ်ရကြောင်း ပြည်သူတွေက ဝေဖန်မှတ်ချက်ပေးလျက် ရှိနေပါတယ်။

ယခင်နှစ်တွေလို မဟုတ်တဲ့အတွက်ကြောင့် ဂရုစိုက်နေရကြောင်း၊ နှစ်သစ်ကူးညမှာလည်း အပြင်ထွက်မှာ မဟုတ်သလို ညနေခင်းထဲက အိမ်ထဲမှာပဲ နေမှာ ဖြစ်ကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးက ပြောပြပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း နှစ်သစ်ကူးညမှာ အထူးဂရုစိုက် နေကြပါလို့ မှာကြားလိုက်ပါရစေ ခင်ဗျာ။

zawgyi

ႏွစ္သစ္ကူးည တညတည္းအတြက္ ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ကို ပယ္ဖ်က္ဆိုင္းငံ့ လိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ က ယေန႔ ဒီဇင္ဘာလ ၂၉ ရက္တြင္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

အဆိုပါ ထုတ္ျပန္ခ်က္မွာ စကစ လက္ေအာက္ခံ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္ေနရာမွာ ႏိုင္ငံတကာႏွစ္သစ္ကူးပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ရန္ စီစဥ္ထားရွိရာ ႏွစ္သစ္ကူးပြဲေတာ္ က်င္းပမယ့္ ဒီဇင္ဘာလ ၃၁ ရက္ညမွာ မီးရႉးမီးပန္းမ်ား ပစ္ေဖာက္ျခင္းႏွင့္ စတိတ္ရႈိးပြဲမ်ားနဲ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္မွာ ျဖစ္တာေၾကာင့္လို႔ ပါရွိပါတယ္။

ထိုေၾကာင့္ ဒီဇင္ဘာလ ၃၁ ရက္ ည သန္းေခါင္ ၁၂ နာရီမွ ဇန္နဝါရီလ ၁ ရက္ နံနက္ ၄ နာရီထိ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အရ ထုတ္ျပန္ခဲ့သည့္ ညမထြက္ရအမိန႔္ကို ေခတၱပယ္ဖ်က္ခြင့္ျပဳသည္ဟု အမ်ားျပည္သူ သိရွိေစရန္ ထုတ္ျပန္လိုက္တယ္လို႔ သိရပါတယ္။

ႏွစ္သစ္ကူးည သီးသန႔္ကို ညမထြက္ရ အမိန႔္ ပယ္ဖ်က္လိုက္တဲ့အတြက္ ထူးျခားျဖစ္စဥ္ ျဖစ္ေၾကာင္း၊ တခုခု ျဖစ္မွာကို စိုးရိမ္ရေၾကာင္း ျပည္သူေတြက ေဝဖန္မွတ္ခ်က္ေပးလ်က္ ရွိေနပါတယ္။

ယခင္ႏွစ္ေတြလို မဟုတ္တဲ့အတြက္ေၾကာင့္ ဂ႐ုစိုက္ေနရေၾကာင္း၊ ႏွစ္သစ္ကူးညမွာလည္း အျပင္ထြက္မွာ မဟုတ္သလို ညေနခင္းထဲက အိမ္ထဲမွာပဲ ေနမွာ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေန လူငယ္တဦးက ေျပာျပပါတယ္။ စာဖတ္သူေတြအေနနဲ႔လည္း ႏွစ္သစ္ကူးညမွာ အထူးဂ႐ုစိုက္ ေနၾကပါလို႔ မွာၾကားလိုက္ပါရေစ ခင္ဗ်ာ။