Health Care

တစ်နေ့ကို ငွေတစ်သိန်းဝင်တယ်ဆိုတဲ့လျှော်ဖြူပင်အကြောင်းလေ့လာလိုသူများအတွက်..

တစ်နေ့ကို ငွေတစ်သိန်းဝင်တယ်ဆိုတဲ့လျှော်ဖြူပင်အကြောင်းလေ့လာလိုသူများအတွက်..

မင့်ဟုတ်မှလည်းလုပ်ပါကွာ၊တစ်နေ့ငွေတစ်သိန်းဆိုတာဖြစ်နိုင် ါ့မလားကွမိမိပြောစကားအပေါ်စိုက်ပျိုးရေး မိတ်ဆွေ အစ်ကိုကြီး တစ်ဦး၏ စူးစမ်းသံဖြစ်၏သူ့အသံတွင မယုံတစ်ဝက်၊ယုံတစ်ဝက်ဖြစ်နေသည်ကို

မှန်းဆ နိုင်သကဲ့သို့ သူ့မျက်နှာပေါ်တွင် လည်းအားတက်သည့်အမူအယာအပိုင်းအစကိုတွေ့မြင်နေရ၏မိမိအနေဖြင့်ထိုစကားမှာ ဟုတ်မှန်ကြောင်း၊ လက်တွေ့လုပ်ကိုင်နေ ကြသည့်အသိုင်းအဝိုင်းမသယ်ဆောင်

လာသည်ဖြစ်၍ သံသယဖြစ်ရန် မလိုကြောင်း ရှင်းလင်းတင်ပြ လိုက်၏ထိုအခါမှငါ့အဖို့ကတော့ကွာတစ်နေ့တစ်သိန်း မဟုတ် ပါဘူး၊ တစ်နေ့တစ်သောင်း ရတယ် ဆိုလည်းကျေနပ် တယ်မောင်”ဟုသူ၏ အနိမ့်ဆုံ တစ်နေ့တာလျာထားဝင်ငွေကို ဖွင့်ဟလေ တော့၏

ဒါဆို ဒီလိုလုပ်ကွာ၊ မင်း ပြောတဲ့နေရာ ကိုသွား၊ ပျိုးပင်ဘယ်မှာရမယ်၊ဘယ်လိုစိုက်ပျိုး ပြုစုရတယ်၊ဘယ်လိုထုတ်လုပ်ရတယ် ဆိုတာတွေကို ကိုယ်တိုင် သွားလေ့လာြပြီး ဓာတ်ပုံရိုက်ခဲ့၊ပြီးရင် မင်းပြောတဲ့အကျိုးအမြတ်

ဆိုတာနဲ့ ဈေးကွက် အခြေအနေတွေကို ပါစုံစမ်းပေး”ဟုပင် အားတက်သရောတိုက်တွန်းနေလေ ၏မိမိအနေဖြင့်လည်းကိုယ်တင်ပြသည့်ကိစ္စကိုစိတ်ဝင်စားမှုတွေ့ရသည် ကတစ်ကြောင်းကိုယ်တိုင်သွားရောက်လေ့လာလိုသည်

က တစ်ကြောင်းထိုနှစ်ကြောင်းမျှဖြင့် ဤလေ့လာရေးခရီးကိုစတင်ဖြစ်ခဲ့ပါ၏ ဤလေ့လာရေး ခရီးကို လျှော်ဖြူ (ခေါ်)ဆေးကုလားမစိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းခွင်လေ့လာရေးခရီးဟုဆိုကြပါစို့နေပြည်တော်မှ

မန္တလေး ထိုမှပုဂံပြည့်ရှင် အနော်ရထာ မင်း၏ မိဖုရားစောမွန်လှ၏ ကောင်းမှုတော် ရွှေစာရံဘုရားတည် ရှိရာ အုန်းချောရွာ၊ ထိုမှတဆင့် ဆည်တော်လေးရွာကို ကျော်လိုက်သည်နှင့် လေ့လာရန် ချိန်းဆိုထား ပြီးဖြစ်သည့် ခြံသို့ ဆိုက်ြမြိုက်စွာရောက် ခဲ့လေ၏

ဆည်တော်လေးရွာ ကျော်သည်နှင့် သရက်ခြံ၊ ဆီးခြံဟူသည့်ဥယျာဉ်ခြံကြီးများကိုအားကျဖွယ်တွေရ၏ ထိုခြံတို့ကိုကြည့်ရင်းစိုက်ပျိုးရေး ဝါသနာပါသည်ဆိုသူတို့သည်ကိုယ်အား န်သည့်အပင်တို့ကိုသာရွေးချယ် စိုက်ပျိုးခဲ့ ကြသည်ဟူသည့်အသိကိုရလိုက်၏

မည်သည့်အပင်မျိုးကိစိုက်ပျိုးခဲ့ကြ သည်ဖြစ်စေကာလတစ်ခုကိုသည်းခံဖြတ်ကျော်ပြီး ချိန်တွင်သီးချိန်ပွင့်ချိန်ဆိုသည်ကိုမျက်မှောက်ပြုကြရသည်ဆိုသည့် အတွေးစကိုလည်းဆုပ်ကိုင်မိသလိုဖြစ်၍မိမိလုပ်ကိုင်ထားသည်များ အပေါ်အားတက်မိပြန်၏

ကြိုတင်ချိန်းဆို ထားသည်ဖြစ်၍ ခြံရှင်မှာ ဝတ်ကောင်းစားလှတို့ဝတ်ဆင်လျကအဖန်ရည်နှင့် မြည်းဖွယ်ရာတို့နှင့် ကြိုလင့်၏။သို့ရာတွင်ထိုခြံရှင်နှင့်မိမိတို့မှာယခင်ကရင်းနှီးကျွမ်းဝင်သူများမဟုတ်ကြ

ဤလုပ်ငန်းဆောင်ရွက်နေ သည့် ညီငယ်တစ်ဦး၏ ကြိုတင် ညှိနှိုင်း မိတ်ဆက်ပေးမှုကြောင့်သာ ရောက်လာရခြင်း ဖြစ်၏။ သို့အတွက်တွေ့စတွင် ခြံရှင်၏ မျက်နှာမှာ အိုးတိုး အမ်းတမ်းဖြစ်နေ လေ၏

စကားပြောကြရင်းဖြင့် စိုက်ပျိုးရေးသမား အချင်းချင်းရင်းနှီး သွားကြ၏။ ထိုအခါ မှလျှော်ဖြူ စိုက်ခင်းအတွင်း ဝင်ရောက်လေ့လာ လိုကြောင်း၊ သိလိုသည်များကို မေးမြန်း လိုကြောင်း၊ လေ့လာမှုမှတ်တမ်းဓာတ်ပုံရိုက်ခွင့်ပြုစေ လိုကြောင်း စကားလမ်းခင်းရင်းနှစ်

ယောက်သား ခြံအတွင်းလှည့်လည်လေ့လာဖြစ် ခဲ့လေ၏ပင်ခြားစိပ်ပြီး တန်းခြားကျဲထားတဲ့ ရည်ရွယ်ချက် ကလေးသိ ပါရစေ လျှော်ဖြူပင်တို့၏ အစိပ်အကျဲကိုကြည့်၍ မိမိမှဤသို့ စကားဦးသန်း

လိုက်၏မည်သည့်ရည်ရွယ်ချက်မျှမရှိကြောင်းယခင်ကဘရာဇီးငှက်ပျောကို ပင်ခြား ၉ ပေ၊ တန်းခြား ၂၀ ပေစိုက်ခဲ့ရာကငှက်ပျောပင် များကြားတွင် လျှော်ဖြူပင်များကို တစ်ပင်ခြား

စိုက် ခဲ့သဖြင့် ယခုကဲ့သို့ပင်ခြား စိပ် ပြီးတန်းခြားကျဲနေတာဖြစ်ကြောင်းရှင်းပြ၏ငှက်ပျောပင်တို့ကားမရှိတော့၊ ၂နှစ်အကြာ တွင်လျှောဖြူပင်တို့ကဖုံးလွှမ်းသွားသဖြင့်ရှင်းပစ်ခဲ့ခြင်းဖြစ်ကြာင်းသိရ၏ ဤသို့ ပင်ခြားစိပ်

သဖြင့် အပင်တို့၏ သဘာဝအတိုင်းအလင်းလုခဲ့ကြရာက ဘေးကိုင်းဖြာမှုနည်း၍ ပင်ဖြောင့်များ အဖြစ်တွေ့ရ ၏ခြံအတွင်းရှိ ၇ နှစ်သားအရွယ် ဒေသမျိုးအပင် ၄၅၀ မှာပင်စည်လုံးပတ် ပျမ်းမျှ ၃ ပေခန့်ရှိနေပြီဖြစ်၏

၂၀၁၆ ခုနှစ်၊ ၆ နှစ်သားအရွယ်တွင် အစေးစတင် ထုတ်လုပ် ခဲ့ရာ မတ်လမှ နိုဝင်ဘာလအထိ အစေးထုတ်ရာသီ ၉ လအတွင်း တစ်ရက်ခြားအစေး ထုတ်ခဲ့ရာ ရောင်းရငွေ ကျ

 





ဒါဆို ဒီလိုလုပ်ကွာ၊ မင်း ပြောတဲ့နေရာ ကိုသွား၊ ပျိုးပင်ဘယ်မှာရမယ်၊ဘယ်လိုစိုက်ပျိုး ပြုစုရတယ်၊ဘယ်လိုထုတ်လုပ်ရတယ် ဆိုတာတွေကို ကိုယ်တိုင် သွားလေ့လာပြီး ဓာတ်ပုံရိုက်ခဲ့၊ပြီးရင် မင်းပြောတဲ့အကျိုးအမြတ်



မန္တလေး ထိုမှပုဂံပြည့်ရှင် အနော်ရထာ မင်း၏ မိဖုရားစောမွန်လှ၏ ကောင်းမှုတော် ရွှေစာရံဘုရားတည် ရှိရာ အုန်းချောရွာ၊ ထိုမှတဆင့် ဆည်တော်လေးရွာကို ကျော်လိုက်သည်နှင့် လေ့လာရန် ချိန်းဆိုထား ပြီးဖြစ်သည့် ခြံသို့ ဆိုက်မြိုက်စွာရောက် ခဲ့လေ၏









