နွေရာသီရောက်ပြီဆိုရင် ပူအိုက်လွန်းလို့ အရေပြားတွေယားယံပြီး အိကျီ င်္လက်ရှည်တွေဆို သိပ်ဝတ်လို့အဆင်မပြေပါဘူး။ ဒါ့ကြောင့် အိကျီ ၤ လက်ပြတ်လှလှလေးတွေ ဝတ်နိုင်ဖို့ဆိုရင် ချိုင်းကြားအသားအရေလေး ဖြူဝင်းနေဖို့လိုတာပေါ့နော်..။
နည်းလမ်း ( ၁ )
လိုအပ်တဲ့ ပစ္စည်းတွေကတော့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။ ပြီးရင် ချိုင်းကြား ၊ ဒူးခေါင်း၊ တဒေါင်
ဆစ်နဲ့ တခြားညိုမဲနေတဲ့ နေရာတွေမှာလိမ်းလို့ရပါတယ်။ ၅ မိနစ်လောက် ပွတ်လိမ်းပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ညိုမည်းတာကိုသက်သာစေမယ့်အပြင် ချွေးပေါက်ပွင့်စေမှာဖြစ်ပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် တစ်လလောက်လုပ်ပေးပါ။
နည်းလမ်း ( ၂ )
လိုအပ်တဲ့ ပစ္စည်းတွေကတော့ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ လိမ္မော်ရည် ၄ စက် ၅ စက်၊ သံပုရာသီး တစ်ခြမ်း၊ နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ Glycerin အရည် လက်ဖက်ရည်ဇွန်း
တစ်ဝက်၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ချိုင်းကြားနဲ့ တခြားညိုမည်းနေတဲ့ နေရာမှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံပါ။ ရေအေးနဲ့ ဆေးချပါ။ တစ်ပတ် ၃ ကြိမ်လုပ်ပေးပါ။ ၁ လတိတိလုပ်ပါ။
နည်းလမ်း ( ၃ )
အာလူးကိုအခွံနွှာလိုက်ပါ။ ပြီးရင် ခြစ်တဲ့ဟာနဲ့ ခြစ်ချပေးပါ။ အဲဒီနောက် ပိတ်စအသန့်တစ်ခုကိုယူပြီး အရည်ညှစ်ထုတ်ပေးပါ။ အဲဒီအရည်ကို ချိုင်းအောက်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ..။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်။ တစ်လတိတိ လုပ်ပေးပါ။
နည်းလမ်း ( ၄ )
လိုအပ်တဲ့ ပစ္စည်းတွေကတော့ မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းနှစ်ခုကို သေချာရောလိုက်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။ခရက်ဒစ်



