႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး “
လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္ သူတစ္ပါးထက္ ႐ုပ္အဆင္း လွပ လိုသူတို႔ သည္ေကာင္းမႈ ( ၄ ) ပါး ကိုျပဳၾက ရမည္ ဟု က်မ္းဂန္တို႔ ၌ဆို ၾက၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား
၁။ အဝတ္အစား , သကၤန္း လွဴဒါန္းျခင္း
၂။ အစာအဟာရ လွဴဒါန္းျခင္း
၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း
၄။ တံျမက္လွည္းျခင္း
ဤ( ၄)ပါးသည္ ႐ုပ္အဆင္း လွပျခင္း၏ အေၾကာင္းရင္း ျဖစ္ေလ ၏ ။
ထိုကုသိုလ္( ၄ )ပါး ကိုျပဳပါက ႐ုပ္အဆင္း လွပျခင္းအျပင္ သက္ဆိုင္ ရာေကာင္း က်ိဳးမ်ား ကိုလဲ ထပ္မံ ရေသး၏။ ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ ကို ျဖစ္ေလရာ ဘဝတိုင္း သူတစ္ပါးထက္ ႐ုပ္အဆင္း လွလို သူတို ႔သည္ မလြဲ မေသြ ျပဳၾက ရေပ မည္။
တစ္ခ်ိဳ႕လူေတြက ႐ုပ္လွတယ္ စိတ္မလွဘူး ။ ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲ လွလွ သူမ်ားေတြရဲ႕ ေမတၱာေတြကို ရသင့္သေလာက္ မရၾက ေတာ့ဘူး ။ တစ္ခ်ိဳ႕လူေတြက ႐ုပ္ဆိုးတယ္ စိတ္ထားျဖဴ တယ္ ။
ဒီစိတ္ေတြေၾကာင့္ပဲ ဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုး သူတစ္ခုခု လိုအပ္ လာရင္ ကူညီမယ့္ သူေတြအဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံ သူေတြ ေပါမ်ား တတ္တယ္ ။
တစ္ခ်ိဳ႕လူေတြက ႐ုပ္လည္း မလွဘူး စိတ္လည္း မလွဘူး ။ ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲတေလာကလံုးကို အျပစ္ျမင္ၿပီး ပူေလာင္ေန ရတယ္ ။
႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာ ကလည္း ဘဝေပး ကုသိုလ္ကံ ေကာင္းေလး ေကာင္းခဲ ႔တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။ ဒါေပမယ့္ အရင္ဘဝက ဘာေကာင္းခဲဲ႔ ေကာင္းခဲ႔ မေကာင္းခဲ႔ မေကာင္းခဲ႔
ဒီဘဝမွာ ရသင့္ ရထိုက္တဲ႕ ႐ုပ္ရည္ ကေတာ့ ျပဳျပင္လို့ မရရင္ စိတ္ကေလး ကိုေတာ့ ေကာင္းတာ မလုပ္ ႏိုင္ေသးရင္ သူမ်ားကို ဒုကၡမေပး မိေအာင္ေန။
လူ႔တန္ဖိုးဆိုတာ ႐ုပ္ရည္ ေငြေၾကး အေပၚကေန အေပၚယံ ရွပ္ၾကည့္လို႔ မသိရဘူး ။ တန္ဖိုးတက္ေအာင္မေနႏိုင္ေသးရင္ေတာင္ ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုး က်ေအာင္ မေနနဲ႔။
စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။ စိတ္ေကာင္း ရွိရင္ ကံေကာင္း တယ္ ။ စိတ္မေကာင္း ႏိုင္ေသးရင္ေတာင္ စိတ္မယုတ္ညံ ႔နဲ႔ ။ ကိုယ္ေဒါသ ထြက္ခ်ိန္ အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္း တအားကို ပူေလာင္ၿပီး ႐ုပ္က် ခဲ႔ရတဲ႔ အခ်ိန္အခိုက္တန့္ ရွိခဲ႔ ဖူးတယ္ ။
အဓိက ကေတာ့ စိတ္ထား ေပါ့ပါးသြားရင္ အရာ အားလံုးက ေပါ့ေပါ့ပါးပါး ျဖစ္သြား မွာပါ…။ခရက္ဒစ္
Unicode
” ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး “
လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင် သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့ သည်ကောင်းမှု ( ၄ ) ပါး ကိုပြုကြ ရမည် ဟု ကျမ်းဂန်တို့ ၌ဆို ကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား
၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း
၂။ အစာအဟာရ လှူဒါန်းခြင်း
၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း
၄။ တံမြက်လှည်းခြင်း
ဤ( ၄)ပါးသည် ရုပ်အဆင်း လှပခြင်း၏ အကြောင်းရင်း ဖြစ်လေ ၏ ။
ထိုကုသိုလ်( ၄ )ပါး ကိုပြုပါက ရုပ်အဆင်း လှပခြင်းအပြင် သက်ဆိုင် ရာကောင်း ကျိုးများ ကိုလဲ ထပ်မံ ရသေး၏။ ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ ကို ဖြစ်လေရာ ဘဝတိုင်း သူတစ်ပါးထက် ရုပ်အဆင်း လှလို သူတို့သည် မလွဲ မသွေ ပြုကြ ရပေ မည်။
တစ်ချို့လူတွေက ရုပ်လှတယ် စိတ်မလှဘူး ။ ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲ လှလှ သူများတွေရဲ့ မေတ္တာတွေကို ရသင့်သလောက် မရကြ တော့ဘူး ။ တစ်ချို့လူတွေက ရုပ်ဆိုးတယ် စိတ်ထားဖြူ တယ် ။
ဒီစိတ်တွေကြောင့်ပဲ ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး သူတစ်ခုခု လိုအပ် လာရင် ကူညီမယ့် သူတွေအဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံ သူတွေ ပေါများ တတ်တယ် ။
တစ်ချို့လူတွေက ရုပ်လည်း မလှဘူး စိတ်လည်း မလှဘူး ။ ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲတလောကလုံးကို အပြစ်မြင်ပြီး ပူလောင်နေ ရတယ် ။
ရုပ်လှပြီး စိတ်လှဖို့ ဆိုတာ ကလည်း ဘဝပေး ကုသိုလ်ကံ ကောင်းလေး ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမယ့် အရင်ဘဝက ဘာကောင်းခဲ့ ကောင်းခဲ့ မကောင်းခဲ့ မကောင်းခဲ့
ဒီဘဝမှာ ရသင့် ရထိုက်တဲ့ ရုပ်ရည် ကတော့ ပြုပြင်လို့ မရရင် စိတ်ကလေး ကိုတော့ ကောင်းတာ မလုပ် နိုင်သေးရင် သူများကို ဒုက္ခမပေး မိအောင်နေ။
လူ့တန်ဖိုးဆိုတာ ရုပ်ရည် ငွေကြေး အပေါ်ကနေ အပေါ်ယံ ရှပ်ကြည့်လို့ မသိရဘူး ။ တန်ဖိုးတက်အောင်မနေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုး ကျအောင် မနေနဲ့။
စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။ စိတ်ကောင်း ရှိရင် ကံကောင်း တယ် ။ စိတ်မကောင်း နိုင်သေးရင်တောင် စိတ်မယုတ်ညံ့နဲ့ ။ ကိုယ်ဒေါသ ထွက်ချိန် အငြိုးတေးကြီးချိန် တုန်းကလည်း တအားကို ပူလောင်ပြီး ရုပ်ကျ ခဲ့ရတဲ့ အချိန်အခိုက်တန့် ရှိခဲ့ ဖူးတယ် ။
အဓိက ကတော့ စိတ်ထား ပေါ့ပါးသွားရင် အရာ အားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွား မှာပါ…။ခရက်ဒစ်