အေထြအေထြဗဟုသုတ

















Khin

Unicode

အနုပညာကို ချစ်မြတ်နိုးတတ်တဲ့ သူတွေဟာ အသက်ပိုရှည်ကြောင်း တွေ့ရှိရ

သင်ဟာ သီချင်းနားထောင် ရတာ၊ ရုပ်ရှင်ကြည့်ရတာ၊ စာအုပ်ဖတ် တာနဲ့ တစ်ခြားသော အနုပညာဆိုင်ရာ တစ်ခုခုကို စိတ်ဝင်စား သူဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့် သင့်ပါ ပြီနော်။

အနုပညာကို ချစ်မြတ်နိုး တတ်တဲ့ သူတွေဟာ လူနေမှုဘဝမှာ အသက်ပို ရှည်ရှည် နေရတတ်ကြ ပါတဲ့။ ဘယ်လိုအချက်တွေကြောင့် အနုပညာက အသက်ကို ပိုရှည်စေတာ လဲ ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးတယ်

အနုပညာကို ခံစားတတ်တဲ့ သူတွေ၊ အနုပညာကို ချစ်တတ်တဲ့ သူတွေဟာ တစ်ခြားသူတွေ ထက် စိတ်ဖိစီးမှု ခံစားရမှု နည်းတတ် ကြပါ တယ်။

ဥပမာ- စိတ်ပင်ပန်းနေ ချိန်မှာ ကိုယ်နှစ်သက်တဲ့ ဂီတသံချိုချိုလေးကို နားထောင်လိုက် ရတဲ့ အချိန်မှာ စိတ်ပင်ပန်းမှုတွေ ကို တစ်ဝက်လောက် လျော့ချ နိုင်လို့ပါ။ စိတ်ပျိုရင် ကိုယ်နုတယ် ဆိုတဲ့ စကားလေးလိုပဲ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေ သိပ်မရှိ တဲ့အခါ အသက်ရှည် ကျန်းမာဖို့ ဖြစ်လာပါတယ်။

ဖန်တီးနိုင်မှု စွမ်းအားကို တိုးမြှင့်ပေးတယ်

အနုပညာက လူတစ်ယောက်ရဲ့ ဖန်တီးမှု စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်ပေး နိုင်စွမ်း ရှိပါတယ်။ အနုပညာကို နှစ်သက်သူ တစ်ယောက်ဟာ သာမာန်လူတွေ ထက် ဉာဏ်ရည်မြင့်မားပြီး အရာရာမှာ အပြုသဘောဆောင်တဲ့ အတွေးတွေကို သူများတွေ ထက် တွေးတတ်ကြ ပါတယ်။

ဒီလိုနဲ့ နေထိုင်ရတဲ့ ဘဝမှာ အဓိပ္ပါယ် ရှိရှိ ပျော်ပျော်ရွှင်ရွှင်နေ တတ်ကြ သူတွေဖြစ်လို့ စိတ်ကျန်းမာပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြ ပါတယ်။

ငြိမ်းချမ်းမှုကို ခံစားရစေတယ်

အနုပညာ တစ်ခုမှာ အဲဒီ့အနုပညာကို ဖန်တီးလိုက် တဲ့သူရဲ့ ချစ်ခြင်းတွေ၊ အတွေးတွေ၊ ပျော်ရွှင်ခြင်းတွေ၊ ငြိမ်းချမ်းမှုတွေနဲ့ စိတ်ကူးယဉ် ဆန်ခြင်းတွေ ပါဝင်နေ ပါတယ်။ ဒါကို ခံစားတတ်တဲ့သူကမှ သူ့ရဲ့အဓိပ္ပါယ်ကို နားလည် တတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် အနုပညာကို ချစ်တဲ့ သူတွေဟာ ငြိမ်းချမ်းမှုကို ခံစားဖူးတဲ့ သူတွေဖြစ် သလို သူတို့ရဲ့ စိတ်ကို အနားပေးဖို့ အနုပညာရဲ့ အကူအညီကို ယူတတ်ကြ တာဖြစ် ပါတယ်။

ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ဖြစ်စေတယ်

အနုပညာကို ခံစားနေတဲ့ အချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေ တယ်လို့ လေ့လာချက်တွေအရ သိရ ပါတယ်။ သွေးတိုးခြင်း၊ ကိုလက်စရော မြှင့်တက်ခြင်း၊ အသက်ရ ှုမဝခြင်းနဲ့ တစ်ခြားသော ရောဂါတွေကိုလည်း လျော့ချပေး ပါတယ်။

နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အတွက် ကောင်းမွန်ပြီး ရုပ်ပိုင်းဆိုင်ရာအရ အရွယ်တင် နုပျိုစေ ပါတယ်။ ဒါဟာ တကယ့်ကို အံ့သြ ဖို့ကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။

Khin