ၾကားသိရသမွ်

၂၃)ပေရှိ စပါးအုံးမြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့ရတဲ့ ခြံစောင့်ဝန်ထမ်

အသက် 37 နှစ်အရွယ် ခြံစောင့်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Robert Nababan ဟာ Riau စီရင်စု၊ Indragiri Hulu Regency နယ်မှာ အလုပ်ကနေ.. အိမ်ကို ပြန်လာစဉ် အရှည် 23 ပေ ရှိတဲ့ ဧရာမ စပါးအုံးမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့ရပါတယ်..။ ယင်းနယ်မြေဟာ သစ်တောထူထပ်ရာ နယ်မြေဖြစ်လို့ သားကောင်ကြီးတွေရန်ကို ကြောက်ရပါတယ်။

Mirror ရဲ့ အဆိုအရ Robert ဟာ အိမ်ကို မော်တော်ဆိုင်ကယ်နဲ့ ပြန်လာစဉ်မှာ လမ်းမအလယ်ကို ကန့်လန့်ပိတ်ထားတဲ့ မြွေကြီးနဲ့ တိုးမိတာလို့ ဆိုပါတယ်။ အခြားဒေသခံ ရွာသားနှစ်ဦးလည်း မြွေကြောင့် ရှေ့ဆက်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ ယင်းနောက်မှာတော့ Robert က မြွေကို ကိုင်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် မြွေက လက်မောင်းကို ပြန်ကိုက်ခဲ့ပြီး၊ ၎င်းရဲ့ သန်မာလှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ရစ်ပတ်ကာ Robert ကို မျိုဖို့ကြိုးစားခဲ့ကြောင်း၊ ဒီလိုနဲ့.. သူလည်း မြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ကြောင်း မီဒီယာတွေကို ရှင်းပြပါတယ်။ သူဟာ ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရပါတယ်။

Robert က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ” ကျနော်က သူ့ကို ကိုင်ဖို့ ကြိုးစားတယ် .. ပြီးတော့ ကျနော့်ကို ကိုက်တယ် … အဲဒီနောက် နပန်းလုံးရတော့တာပဲ “လို့ ဆေးရုံခုတင်ထက်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းနဲ့ လက်ဖဝါး မြွေကိုက်တဲ့ဒဏ်ရာဟာ အလွန်နက်ရိုင်းကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေသခံသတင်းစာတွေရဲ့ ဖော်ပြချက်အရ သူဟာ အလွန်ခြေကုန်လက်ပန်းကျနေကြောင်း သိရပါတယ်။ မြွေကြီးကို တိုင်းထွာကြည့်တဲ့အခါ 23 ပေ အရှည်ရှိပါတယ်။ ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေဟာ 25.2 ပေဖြစ်ကြောင်း သိရပါတယ်။

Zawgyi(version)

အသက္ 37 ႏွစ္အ႐ြယ္ ၿခံေစာင့္ဝန္ထမ္းတစ္ဦးျဖစ္တဲ့ Robert Nababan ဟာ Riau စီရင္စု၊ Indragiri Hulu Regency နယ္မွာ အလုပ္ကေန အိမ္ကို ျပန္လာစဥ္ အရွည္ 23 ေပ ရွိတဲ့ ဧရာမ စပါးအုံးေႁမြႀကီးနဲ႕ ပက္ပင္းတိုးခဲ့ရပါတယ္..။ ယင္းနယ္ေျမဟာ သစ္ေတာထူထပ္ရာ နယ္ေျမျဖစ္လို႔ သားေကာင္ႀကီးေတြရန္ကို ေၾကာက္ရပါတယ္။

Mirror ရဲ႕ အဆိုအရ Robert ဟာ အိမ္ကို ေမာ္ေတာ္ဆိုင္ကယ္နဲ႕ ျပန္လာစဥ္မွာ လမ္းမအလယ္ကို ကန႔္လန႔္ပိတ္ထားတဲ့ ေႁမြႀကီးနဲ႕ တိုးမိတာလို႔ ဆိုပါတယ္။ အျခားေဒသခံ ႐ြာသားႏွစ္ဦးလည္း ေႁမြေၾကာင့္ ေရွ႕ဆက္လို႔ မရခဲ့ဘူးလို႔ ဆိုပါတယ္။ ယင္းေနာက္မွာေတာ့ Robert က ေႁမြကို ကိုင္ဖို႔ ႀကိဳးစားခဲ့တာပါ။

ဒါေပမယ့္ ေႁမြက လက္ေမာင္းကို ျပန္ကိုက္ခဲ့ၿပီး၊ ၎ရဲ႕ သန္မာလွတဲ့ ခႏၶာကိုယ္ႀကီးနဲ႕ ရစ္ပတ္ကာ Robert ကို မ်ိဳဖို႔ႀကိဳးစားခဲ့ေၾကာင္း၊ ဒီလိုနဲ႕ သူလည္း ေႁမြႀကီးနဲ႕ သူနိုင္ကိုယ္နိုင္ တိုက္ပြဲဝင္ခဲ့ရတာ ျဖစ္ေၾကာင္း မီဒီယာေတြကို ရွင္းျပပါတယ္။ သူဟာ ေဆး႐ုံမွာ အေရးေပၚ ကုသမႈ ခံယူေနရပါတယ္။

Robert က သတင္းေထာက္ေတြနဲ႕ ေတြ႕ဆုံစဥ္မွာ က်ေနာ္က သူ႕ကို ကိုင္ဖို႔ ႀကိဳးစားတယ္ .. ၿပီးေတာ့ က်ေနာ့္ကို ကိုက္တယ္။ အဲဒီေနာက္ နပန္းလုံးရေတာ့တာပဲ လို႔ ေဆး႐ုံခုတင္ထက္မွာ မီဒီယာေတြကို ေျဖၾကားခဲ့ပါတယ္။ သူ႕ရဲ႕ လက္ေမာင္းနဲ႕ လက္ဖဝါး ေႁမြကိုက္တဲ့ဒဏ္ရာဟာ အလြန္နက္ရိုင္းေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ေဒသခံသတင္းစာေတြရဲ႕ ေဖာ္ျပခ်က္အရ သူဟာ အလြန္ေျခကုန္လက္ပန္းက်ေနေၾကာင္း သိရပါတယ္..။ ေႁမြႀကီးကို တိုင္းထြာၾကည့္တဲ့အခါ 23 ေပ အရွည္ရွိပါတယ္..။ ဂင္းနစ္မွတ္တမ္းဝင္ထားတဲ့ ကမၻာအရွည္ဆုံး စပါးအုံးေႁမြဟာ 25.2 ေပျဖစ္ေၾကာင္း သိရပါတယ္။