Local News

ဖူးမြော်စဉ်မှာ “မျက်နှာတော်”ပေါ်လာခဲ့တဲ့ ထူးခြားတန်ခိုးကြီးမားတဲ့ မော်လမြိုင်က စေတီတော်…🙏

ဖူးမြော်စဉ်မှာ “မျက်နှာတော်”ပေါ်လာခဲ့တဲ့ ထူးခြားတန်ခိုးကြီးမားတဲ့ မော်လမြိုင်က စေတီတော်….🙏

မော်လမြိုင်မြို့ဟာ အေးချမ်းသာယာတဲ့ မြို့တစ်မြို့ ဖြစ်ပြီး တန်ခိုးကြီး ဘုရားတွေများပြား တည်ရှိရာ ဒေသ တစ်ခုဖြစ်ပါတယ်

တန်ခိုးကြီးဘုရားတွေထဲက စေတီတစ်ဆူဖြစ်တဲ့ ဦးဇိနစေတီတော်ဟာ မော်လမြိုင်မြို့ အရှေ့ဖက် တောင်ရိုးပေါ်မှာ တည်ရှိတဲ့ စေတီတော်တစ်ဆူ ဖြစ်ပါတယ်

စေတီတော်ရဲ့ သမိုင်းကြောင်းကို ဆိုရမယ်ဆိုရင် ရှေးမြန်မာမင်းများ လက်ထက်က မော်လမြိုင် (ရမ္မာဝတီ) ကို မင်းကြီး ဥဇနာ (ဦးဇိန) ကအုပ်ချုပ်ခဲ့ပါတယ်…မင်းကြီး ဥဇနာဟာတောင်ကုန်းပေါ်မှာရှိတဲ့ စေတီဟောင်းတစ်ဆူကို ပြုပြင်ခဲ့ပါတယ်…

ထိုစေတီကိုလည်း ဦးဇိနစေတီ ဟု ခေါ်တွင်ခဲ့ပြီး တောင်ကုန်းကိုလည်း ဦးဇိနတောင်လို့ ခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်….

ဒါ့အပြင် ဦးဇိန တည်ခဲ့တဲ့ စေတီဟောင်းကို အသောကမင်းကြီးတည်ထားခဲ့တဲ့ ဆံတော်ကိန်းဝပ်လျက်ရှိတဲ့ စေတီလို့လည်း ယုံကြည်မှုတွေ ရှိခဲ့ကြတယ်လို့ သိရပါတယ်….

ထို စေတီတော်ကို သွားရောက်ဖူးမြော်ကြသူတွေလည်းရှိကြပြီးတော့ သွားရောက်ဖူးမြော်သူတစ်ဦးကတော့ဘုရားဖူးမြော်စဉ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့ရပါတယ်…

အဲတာကတော့ စေတီတော်ကို ဖူးမြော်စဉ်မှာ မျက်နှာတော်ပေါ်လာပြီး မျက်နှာတော်ကိုပါ ဖူးမြော်ခွင့်ရခဲ့တာပါ…

ဒီအကြောင်းကို ဓာတ်ပုံတွေနဲ့ တကွ အဆိုပါ ဖူးမြော်သူကခုလို ပြောဆိုထားပါတယ်…“မော်လမြိုင် ဦးဇိနဘုရားသွားဖူးတာ မျက်နှာတော်ပါ ဖူးမြင်ခဲ့ရတယ်..” ဆိုပြီး ထူးခြားတဲ့ တန်ခိုးတော်ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်….

ဒီအကြောင်းဟာ လူမှုကွန်ရက်မှာလည်း ပြန့်နှံ့နေပြီး ဓာတ်ပုံထဲကတစ်ဆင့်ဖူးမြော်သူတွေ များပြားနေပါတယ်….ပရိသတ်ကြီးတို့လည်း တန်ခိုးတော်ကြီးမားတဲ့စေတီတော်ကြီးကို ဖူးမြော်နိုင်အောင် ဓာတ်ပုံလေးတွေ ပြန်လည်ဝေမျှလိုက်ပါတယ်နော်….

ကိုယ်တိုင်သွားမဖူးနိုင်တဲ့ သူတွေ ဖူးရအောင်လည်း ပြန်လည် Share ပေးခဲ့ကြဖို့ မမေ့ပါနဲ့နော်..

Unicode











