Local News

အားလံုးကူညီေပးၾကပါအံုး အိပ္ေပ်ာ္ေနစဥ္ (၁၉)ႏွစ္အရြယ္ မဇူးဇူး ေပ်ာက္ေနတာ (၁၄) ရက္ေက်ာ္ ၾကာသြားပါပီ

အားလံုးကူညီေပးၾကပါအံုး အိပ္ေပ်ာ္ေနစဥ္ (၁၉)ႏွစ္အရြယ္ မဇူးဇူး ေပ်ာက္ေနတာ (၁၄) ရက္ေက်ာ္ၾကာသြားပါပီ

ေနျပည္ေတာ္- လူေပ်ာက္ေၾကာ္ျငာျခင္းပါ

ေနျပည္ေတာ္တြင္ ေပ်ာက္ဆုံးေနသည့္ အသက္၁၉ႏွစ္အ႐ြယ္ မိန္းကေလး ၁၄ ရက္ၾကာသည့္အထိ ျပန္မေတြ႕ေသးေၾကာင္းသိရပါတယ္။

အမည္မွာ ” ဇူးဇင္ထိုက္(ခ)ဇူးဇူး” ျဖစ္ၿပီး စိတ္အေျခအေနပုံမွန္မဟုတ္ဘဲ မွတ္ဉာဏ္အားနည္းသူျဖစ္ေၾကာင္း၊ ဇန္နဝါရီ ၁ ရက္ညပိုင္းက မိသားစု၀င္မ်ား အိပ္ေပ်ာ္ေနစဥ္ ေနအိမ္မွ စက္ဘီးျဖင့္ ထြက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“သူကက်ေတာ့ေလ မွတ္ဉာဏ္အားနည္းတာေပါ့။ ေမြးရာပါလို႔ပဲ ေျပာရမလားေပါ့။

စိတ္ကလုပ္သင့္၊ မလုပ္သင့္ စဥ္းစားႏိုင္စြမ္းမရွိဘူး။ အတန္းပညာကလဲ ၆တန္းအထိ ပဲေနရတယ္။ ဆက္ထားလို႔မရေတာ့လို႔ ထုတ္ထားရတာေပါ့။

အိမ္နဲ႔ အဆင္မေျပတာမ်ိဳးလည္းမရွိဘူး။ ခ်စ္သူရည္းစားလဲမရွိဘူး။ ဖုန္းလဲသူကို ေပးသုံးတာမဟုတ္ဘူး။

သူဟာသူ အိမ္သားေတြအကုန္ အိပ္ေပ်ာ္ေနခ်ိန္ထြက္သြားတာေပါ့။ ညီမတို႔ ဘယ္အခ်ိန္က်မွသိလဲဆိုရင္ မနက္ ၅နာရီထိုး အိပ္ရာကအထမွာ ၿခံ၀န္း တံခါးကပြင့္ေနတယ္။

လိုက္ရွာၾကည့္ေတာ့ သူနဲ႔ စက္ဘီးတစီးက ေပ်ာက္ေနတယ္။ အဲဒါေၾကာင့္ စက္ဘီးနဲ႔ သူထြက္သြားတယ္လို႔ ယူဆရ‌တာပါ”ဟု အေဒၚျဖစ္သူကေျပာသည္။

ယင္းသို႔ ေပ်ာက္ဆုံးသြားသည္ကို သိရွိၿပီးေနာက္ လိုက္လံရွာေဖြရာတြင္ စီးသြားသည့္ စက္ဘီးကို ဟိုတယ္ဇုန္ ၂ လမ္းေဘးပလက္ေဖာင္းေပၚတြင္ ေသာ့ခတ္ရက္သားေတြ႕ရွိခဲ့ၿပီး

လူကို ယေန႔ခ်ိန္အထိ ျပန္မေတြ႕ေသးေၾကာင္း၊ ရဲစခန္းတြင္လည္း ဇန္နဝါရီ (၂) ရက္ေန႔ကပင္ လူေပ်ာက္တိုင္ခ်က္ဖြင့္ထားေၾကာင္း ၎ကေျပာသည္။

မဇူးဇူး ေပ်ာက္ဆုံးေနသည့္အတြက္ မိဘႏွစ္ပါးမွာလည္း မအိပ္ႏိုင္၊ မစားႏိုင္ ပူပင္ေသာက ေရာက္ေနၾကၿပီး ေတြ႕ရွိပါက –

ဖုန္းနံပါတ္ ✅ 09420713059 / 09448794191

သို႔ ဆက္သြယ္အေၾကာင္း ၾကားေပးပါရန္ ေပ်ာက္ဆုံးေနသူ မဇူးဇူး၏ မိသားစုက ေမတၱာရပ္ခံထားသည္။

unicode

အားလုံးကူညီပေးကြပါအုံး အိပ်ပျော်နေစဉ် (၁၉)နှစ်အရွယ် မဇူးဇူး ပျောက်နေတာ (၁၄) ရက်ကျော်ကြာသွားပါပီ

နေပြည်တော်- လူပျောက်ကြော်ငြာခြင်းပါ‼️

နေပြည်တော်တွင် ပျောက်ဆုံးနေသည့် အသက်၁၉နှစ်အရွယ် မိန်းကလေး ၁၄ ရက်ကြာသည့်အထိ ပြန်မတွေ့သေးကြောင်းသိရပါတယ်။

အမည်မှာ ” ဇူးဇင်ထိုက်(ခ)ဇူးဇူး” ဖြစ်ပြီး စိတ်အခြေအနေပုံမှန်မဟုတ်ဘဲ မှတ်ဉာဏ်အားနည်းသူဖြစ်ကြောင်း၊ ဇန်နဝါရီ ၁ ရက်ညပိုင်းက မိသားစုဝင်များ အိပ်ပျော်နေစဉ် နေအိမ်မှ စက်ဘီးဖြင့် ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူကကျတော့လေ မှတ်ဉာဏ်အားနည်းတာပေါ့။ မွေးရာပါလို့ပဲ ပြောရမလားပေါ့။

စိတ်ကလုပ်သင့်၊ မလုပ်သင့် စဉ်းစားနိုင်စွမ်းမရှိဘူး။ အတန်းပညာကလဲ ၆တန်းအထိ ပဲနေရတယ်။ ဆက်ထားလို့မရတော့လို့ ထုတ်ထားရတာပေါ့။

အိမ်နဲ့ အဆင်မပြေတာမျိုးလည်းမရှိဘူး။ ချစ်သူရည်းစားလဲမရှိဘူး။ ဖုန်းလဲသူကို ပေးသုံးတာမဟုတ်ဘူး။

သူဟာသူ အိမ်သားတွေအကုန် အိပ်ပျော်နေချိန်ထွက်သွားတာပေါ့။ ညီမတို့ ဘယ်အချိန်ကျမှသိလဲဆိုရင် မနက် ၅နာရီထိုး အိပ်ရာကအထမှာ ခြံဝန်း တံခါးကပွင့်နေတယ်။

လိုက်ရှာကြည့်တော့ သူနဲ့ စက်ဘီးတစီးက ပျောက်နေတယ်။ အဲဒါကြောင့် စက်ဘီးနဲ့ သူထွက်သွားတယ်လို့ ယူဆရ‌တာပါ”ဟု အဒေါ်ဖြစ်သူကပြောသည်။

ယင်းသို့ ပျောက်ဆုံးသွားသည်ကို သိရှိပြီးနောက် လိုက်လံရှာဖွေရာတွင် စီးသွားသည့် စက်ဘီးကို ဟိုတယ်ဇုန် ၂ လမ်းဘေးပလက်ဖောင်းပေါ်တွင် သော့ခတ်ရက်သားတွေ့ရှိခဲ့ပြီး

လူကို ယနေ့ချိန်အထိ ပြန်မတွေ့သေးကြောင်း၊ ရဲစခန်းတွင်လည်း ဇန်နဝါရီ (၂) ရက်နေ့ကပင် လူပျောက်တိုင်ချက်ဖွင့်ထားကြောင်း ၎င်းကပြောသည်။

မဇူးဇူး ပျောက်ဆုံးနေသည့်အတွက် မိဘနှစ်ပါးမှာလည်း မအိပ်နိုင်၊ မစားနိုင် ပူပင်သောက ရောက်နေကြပြီး တွေ့ရှိပါက

ဖုန်းနံပါတ် ✅ 09420713059 / 09448794191

သို့ ဆက်သွယ်အကြောင်း ကြားပေးပါရန် ပျောက်ဆုံးနေသူ မဇူးဇူး၏ မိသားစုက မေတ္တာရပ်ခံထားသည်။