ယနေ့ ရန်ကုန်မြို့က မိန်းကလေးတစ်ဦး၏ ဖြစ်စဉ်များ.
ဖြစ်စဉ် (၁) – “ဒီနေ့အလုပ်အင်တာဗျူးခေါ်လို့ နေ့လည် ၁၂ နာရီကျော်မှာ Water Boom နားကို ညီမ သွားပါတယ်။ ၅ ကွေ့မှတ်တိုင်ကနေ YBS 31 စီးဖို့စောင့်နေရင်း ကားကလည်းမလာ အင်တာဗျူးဖို့ ၁၅ မိနစ်လောက်ပဲလိုတော့ ညီမ ကားလမ်းမအတိုင်း လမ်းလျှောက်သွားပါတယ် (လိုင်းကားတွေ့မှ တားစီးမယ်ဆိုပီး)။
၅ ရပ်ကွက် ကန်ဘောင်ဘက်နားအရောက်မှာ အိမ်စီးကားအဖြူနဲ့ ညီမလေးဘယ်သွားမလို့လဲဆိုပီး ညီမနောက်ကတောက်လျှောက်လိုက်လာပါတယ်။ ကားထဲမှာ ယောက်ျား (၃) ယောက်ပါပါတယ်။ ညီမလည်း လမ်းကိုအမြန်လျှောက်ရင်း အောင်ဇေယျလမ်းထိပ်မရောက်ခင် ညီမရှေ့မှာကားကိုပိတ်ရပ်ပီး ကားပေါ်က Mask အမဲတပ်ထားတဲ့အကောင်တကောင် ဆင်းလာပါတယ်။
“သဲလေးရယ် ကိုကို့ကိုစိတ်မဆိုးပါနဲ့” ဆိုပီး ညီမလက်ကို အတင်းဆွဲပီး ကားပေါ်ခေါ်ပါတယ်။ အဲ့နားမှာ ဦးလေးကြီး ၂ ယောက်က မတ်တပ်ရပ်နေပါတယ်။ ညီမက သူတို့ကို မသိပါဘူး။ ကူညီပါဦးလို့အော်တော့ လိုက်သွားလိုက်ပါလို့ပြောပီးထွက်သွားကြပါတယ်ရှင်..
ညီမလဲကြောက်လန့်ပီး ညီမလက်ကိုဆွဲထားတဲ့ကောင်ခြေထောက်ကိုစောင့်ကန်ပီး ကားလမ်းတဖက်က ကွမ်းယာဆိုင်ကိုပြေးပီး အကူညီတောင်းပါတယ်။ အောင်ဇေယျလမ်းထိပ်က ကွမ်းယာဆိုင်ပါ။ အဲ့ဆိုင်က အန်တီနဲ့ဦးလေးက ညီမကိုခေါ်ထားပေးပါတယ်။ အဲ့ကောင်တွေအကြာကြီးစောင့်နေပါတယ်။ ကွမ်းယာဆိုင်က ဦးလေးကြီးနဲ့အကိုကြီးတွေ သူတို့ကိုကြည့်နေမှ ပြန်လှည့်သွားတာပါ။ ညီမသူငယ်ချင်းတွေကို ဖုန်းဆက်ပီး သူတို့လာမှ ညီမပြန်ခဲ့ရပါတယ်။
မိန်းကလေးတွေ သတိထားကြပါ။ နေရာနီးနီးဝေးဝေး အဖော်ပါမှသွားကြပါ.. အားလုံးအစစအရာရာ ဂရုစိုက်ကြပါ.. ကားနံပါတ် မှတ်ချိန်တောင်မရပါဖူးရှင်.. (Yuki No)
ဖြစ်စဉ် (၂) – မနက်က YBS 35 ပေါ်မှာဖုန်းနှိုက်ခံလိုက်ရတဲ့ ကောင်မလေးအတွက် စိတ်မကောင်းပါဘူးဗျာ.. အဝေးပြေးနားရောက်ခါနီးမှ ဖုန်းနှိုက်ခံရတာ သူကအဝေးပြေးဆင်းမှာ ဘောင်းဘီအိပ်ထဲနှိုက်သွားတာ ဂျင်းလည်းအထူအကျပ်ပါ.. အောက်ဆင်းမှဖုန်းမရှိတော့ဘူးဆိုပြီး အော်တယ်.. ပြန်တက်ပီးဖုန်းတောင်းဆက်သေးတယ် မရတော့ဘူး.. ခါးပိုက်နှိုက်ကတောင် ညီမလေးဖုန်းနံပတ်ပြောဆိုဘဲ.. မျက်ရည်လေးဝဲပီး ပြန်ဆင်းသွားရှာတယ်..
ကိုယ်ကသိလည်း မပြောရဲဘူး.. လေးကောင်နောက်ကနှစ်ကောင်က ကိုယ့်နောက်မှာ ပြီးသွားပြီလား ပြီးသွားပြီတော့ကြားလိုက်တယ်.. ပြီးတော့ ဓမာရုံမှတ်တိုင်ဆင်းသွားတယ်.. ကိုယ်တုန်းကလည်း အဲ့လေးကောင်ဘဲဝိုင်းထားတာ.. ကျောပိုးအိတ်နဲ့ ပေါင်ရှေ့အုပ်ထားတော့ မမြင်ရဘူး.. နားကြပ်ကိုဖြုတ်လိုက်တာမသိဘူး သီချင်းပိတ်ထားလို့ ပေါင်ယားလာမှ လန့်ပြီးဖုန်းကိုစမ်းကြည့်တာ တစ်ဝက်လောက်ထွက်နေပြီ.. ခပ်တည်တည်နဲ့ လက်နဲ့ဖိထားလိုက်တယ်.. အာ့တောင်အတင်းဆွဲနေတာ မသိချင်ယောင်ဘဲဆောင်နေလိုက်တယ်.. မရတော့မှ တစ်ခြားလူပြောင်းနှိုက်တယ်..
လေးယောက်တစ်ဖွဲ့ပါ သတိထားပါ YBS 35 ပေါ်မှာ မကြာမကြာတွေ့ပါတယ်.. ကျောပိုးအိတ်ကြီးရှေ့လွယ်ထားပါတယ်.. ဉီးထုပ်ဆောင်း Mask တပ်ထားပါတယ်.. လက်မှာ တက်တူးအတိုအစလည်းရှိပါတယ်.. အရပ်ရှည်ပါတယ် အဲ့ကောင်မြင်ရင်တန်းသိတယ်.. တစ်ကောင်ကအမြဲအနားကနေ check နေတတ်ပါတယ်.. cover ပေးတာနှစ်ကောင်ပါ.. ပါသွားရင် မမျှော်လင့်နဲ့တော့ အားလုံးသတိထားနိုင်ကြပါစေဗျာ.. (YPS)
Crd
Zawgyi
ယေန႔ ရန္ကုန္ၿမိဳ႕က မိန္းကေလးတစ္ဦး၏ ျဖစ္စဥ္မ်ား..
ျဖစ္စဥ္ (၁) – “ဒီေန႔အလုပ္အင္တာဗ်ဴးေခၚလို႔ ေန႔လည္ ၁၂ နာရီေက်ာ္မွာ Water Boom နားကို ညီမ သြားပါတယ္။ ၅ ေကြ႕မွတ္တိုင္ကေန YBS 31 စီးဖို႔ေစာင့္ေနရင္း ကားကလည္းမလာ အင္တာဗ်ဴးဖို႔ ၁၅ မိနစ္ေလာက္ပဲလိုေတာ့ ညီမ ကားလမ္းမအတိုင္း လမ္းေလွ်ာက္သြားပါတယ္ (လိုင္းကားေတြ႕မွ တားစီးမယ္ဆိုပီး)။
၅ ရပ္ကြက္ ကန္ေဘာင္ဘက္နားအေရာက္မွာ အိမ္စီးကားအျဖဴနဲ႔ ညီမေလးဘယ္သြားမလို႔လဲဆိုပီး ညီမေနာက္ကေတာက္ေလွ်ာက္လိုက္လာပါတယ္။ ကားထဲမွာ ေယာက္်ား (၃) ေယာက္ပါပါတယ္။ ညီမလည္း လမ္းကိုအျမန္ေလွ်ာက္ရင္း ေအာင္ေဇယ်လမ္းထိပ္မေရာက္ခင္ ညီမေရွ႕မွာကားကိုပိတ္ရပ္ပီး ကားေပၚက Mask အမဲတပ္ထားတဲ့အေကာင္တေကာင္ ဆင္းလာပါတယ္။
“သဲေလးရယ္ ကိုကို႔ကိုစိတ္မဆိုးပါနဲ႔” ဆိုပီး ညီမလက္ကို အတင္းဆြဲပီး ကားေပၚေခၚပါတယ္။ အဲ့နားမွာ ဦးေလးႀကီး ၂ ေယာက္က မတ္တပ္ရပ္ေနပါတယ္။ ညီမက သူတို႔ကို မသိပါဘူး။ ကူညီပါဦးလို႔ေအာ္ေတာ့ လိုက္သြားလိုက္ပါလို႔ေျပာပီးထြက္သြားၾကပါတယ္ရွင္..
ညီမလဲေၾကာက္လန္႔ပီး ညီမလက္ကိုဆြဲထားတဲ့ေကာင္ေျခေထာက္ကိုေစာင့္ကန္ပီး ကားလမ္းတဖက္က ကြမ္းယာဆိုင္ကိုေျပးပီး အကူညီေတာင္းပါတယ္။ ေအာင္ေဇယ်လမ္းထိပ္က ကြမ္းယာဆိုင္ပါ။ အဲ့ဆိုင္က အန္တီနဲ႔ဦးေလးက ညီမကိုေခၚထားေပးပါတယ္။ အဲ့ေကာင္ေတြအၾကာႀကီးေစာင့္ေနပါတယ္။ ကြမ္းယာဆိုင္က ဦးေလးႀကီးနဲ႔အကိုႀကီးေတြ သူတို႔ကိုၾကည့္ေနမွ ျပန္လွည့္သြားတာပါ။ ညီမသူငယ္ခ်င္းေတြကို ဖုန္းဆက္ပီး သူတို႔လာမွ ညီမျပန္ခဲ့ရပါတယ္။
မိန္းကေလးေတြ သတိထားၾကပါ။ ေနရာနီးနီးေဝးေဝး အေဖာ္ပါမွသြားၾကပါ.. အားလုံးအစစအရာရာ ဂ႐ုစိုက္ၾကပါ.. ကားနံပါတ္ မွတ္ခ်ိန္ေတာင္မရပါဖူးရွင္.. (Yuki No)
ျဖစ္စဥ္ (၂) – မနက္က YBS 35 ေပၚမွာဖုန္းႏႈိက္ခံလိုက္ရတဲ့ ေကာင္မေလးအတြက္ စိတ္မေကာင္းပါဘူးဗ်ာ.. အေဝးေျပးနားေရာက္ခါနီးမွ ဖုန္းႏႈိက္ခံရတာ သူကအေဝးေျပးဆင္းမွာ ေဘာင္းဘီအိပ္ထဲႏႈိက္သြားတာ ဂ်င္းလည္းအထူအက်ပ္ပါ.. ေအာက္ဆင္းမွဖုန္းမရွိေတာ့ဘူးဆိုၿပီး ေအာ္တယ္.. ျပန္တက္ပီးဖုန္းေတာင္းဆက္ေသးတယ္ မရေတာ့ဘူး.. ခါးပိုက္ႏႈိက္ကေတာင္ ညီမေလးဖုန္းနံပတ္ေျပာဆိုဘဲ.. မ်က္ရည္ေလးဝဲပီး ျပန္ဆင္းသြားရွာတယ္..
ကိုယ္ကသိလည္း မေျပာရဲဘူး.. ေလးေကာင္ေနာက္ကႏွစ္ေကာင္က ကိုယ့္ေနာက္မွာ ၿပီးသြားၿပီလား ၿပီးသြားၿပီေတာ့ၾကားလိုက္တယ္.. ၿပီးေတာ့ ဓမာ႐ုံမွတ္တိုင္ဆင္းသြားတယ္.. ကိုယ္တုန္းကလည္း အဲ့ေလးေကာင္ဘဲဝိုင္းထားတာ.. ေက်ာပိုးအိတ္နဲ႔ ေပါင္ေရွ႕အုပ္ထားေတာ့ မျမင္ရဘူး.. နားၾကပ္ကိုျဖဳတ္လိုက္တာမသိဘူး သီခ်င္းပိတ္ထားလို႔ ေပါင္ယားလာမွ လန္႔ၿပီးဖုန္းကိုစမ္းၾကည့္တာ တစ္ဝက္ေလာက္ထြက္ေနၿပီ.. ခပ္တည္တည္နဲ႔ လက္နဲ႔ဖိထားလိုက္တယ္.. အာ့ေတာင္အတင္းဆြဲေနတာ မသိခ်င္ေယာင္ဘဲေဆာင္ေနလိုက္တယ္.. မရေတာ့မွ တစ္ျခားလူေျပာင္းႏႈိက္တယ္..
ေလးေယာက္တစ္ဖြဲ႕ပါ သတိထားပါ YBS 35 ေပၚမွာ မၾကာမၾကာေတြ႕ပါတယ္.. ေက်ာပိုးအိတ္ႀကီးေရွ႕လြယ္ထားပါတယ္.. ဉီးထုပ္ေဆာင္း Mask တပ္ထားပါတယ္.. လက္မွာ တက္တူးအတိုအစလည္းရွိပါတယ္.. အရပ္ရွည္ပါတယ္ အဲ့ေကာင္ျမင္ရင္တန္းသိတယ္.. တစ္ေကာင္ကအၿမဲအနားကေန check ေနတတ္ပါတယ္.. cover ေပးတာႏွစ္ေကာင္ပါ.. ပါသြားရင္ မေမွ်ာ္လင့္နဲ႔ေတာ့ အားလုံးသတိထားႏိုင္ၾကပါေစဗ်ာ.. (YPS)
Crd



