crd
==============
Unicode
ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်မှ ကိုဗစ်တိုက်ဖျက်ရေးအတွက် သိန်း ၃၀၀ လှူဒါန်း
နှစ်စဉ်ကျင်းပသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရှိုးပွဲကို ယခုနှစ်တွင် အွန်လိုင်းမှဖျော်ဖြေသည့် ပုံစံဖြင့် အခမဲ့ ကျင်းပခဲ့သော်လည်း စိုင်းစိုင်းခမ်းလှိုင်၏ ပရိသတ်များနှင့် မိတ်ဆွေများ၏ ဝိုင်းဝန်းလှူဒါန်းမှုမှ ယခုအချိန်ထိ အလှူငွေကျပ်သိန်း ၈၀၀ ခန့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။အဆိုပါ ရရှိသော အလှူငွေများထဲမှ ကျပ်သိန်း ၃၀၀ ကို ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီထံသို့ စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၁၄ ရက်က လှူဒါန်းခဲ့သည်။
ဒီအလှူငွေတွေဟာ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ အလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ်၊ ကျန်တဲ့အလှူငွေကိုလည်း လိုအပ်တဲ့ နေရာတွေကို ဆက်လက်လှူဒါန်းသွားမှာပါ၊ Birthday Show ကနေတစ်ဆင့် ရန်ပုံငွေရှာဖွေခဲ့တဲ့ အစီအစဉ်မှာ ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ သူငယ်ချင်းများ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်
crd org