Health Care

ပိုက္ဆံမြဲတာထက္ အသိဥာဏ္မြဲတာေၾကာက္စရာ ကိုယ္၀န္ေဆာင္မိခင္ေတြ အထူးသတိထားပါ..

ပိုက္ဆံမြဲတာထက္ အသိဥာဏ္မြဲတာေၾကာက္စရာ ကိုယ္၀န္ေဆာင္မိခင္ေတြ အထူးသတိထားပါ

24-1-2023အသိဉာဏ္မြဲတာေၾကာက္စရာ

မေလာ့ေခ်ာင္႐ြာကိုယ္ဝန္ေဆာင္မိခင္၊သားဦးကိုယ္ဝန္ကိုသားဖြားဆရာမနဲ႔ျပတယ္၊ေမြးေတာ့အရပ္လက္သည္နဲ႔ေမြးတယ္

ကိုယ္ဝန္အဆိပ္တက္ေရာဂါလည္းရွိၿပီးတကိုယ္လုံးေဖာေရာင္ေနတယ္

အရပ္လက္သည္ကႏွိပ္ထားႏိုက္ထားေတာ့ေမြးလမ္းေၾကာင္းတစ္ခုလုံးေရာင္ကိုင္းေနၿပီ၊ေရမႊာေတြေတာင္ပုတ္ၿပီးညင္းသိုးသိုးအနံ႔ရေနၿပီ၊ မႏိုင္တဲ့အဆုံးမွာေတာ့ေဆး႐ုံေရာက္လာတယ္

ဒီေန႔ခြဲေပးရမဲ့အေရးႀကီးလူနာက ေျခာက္ေယာက္ျဖစ္ေနၿပီ၊ ခုႏွစ္ေယာက္အတြက္ၿမိဳ႕နယ္ေဆး႐ုံမွာအခက္အခဲေတာ့ သထုံေဆး႐ုံသြားဖို႔ေျပာရတယ္

ပုံစံမ်ိဳးစုံႏွင့္အေၾကာင္းျပဘူးခံတယ္ အနားရွိေနတဲ့ သေဘာေကာင္းလွတဲ့မိခင္တစ္ေယာက္က မၾကည့္ရက္ႏိုင္ေတာ့လို႔ ဆရာႀကီး က်မရက္ေ႐ြ႕ေပးလိုက္မယ္၊ ဒီလူနာကိုဆရာႀကီးတို႔ဉီးစားေပးလိုက္ပါဆိုလို႔ခြဲေပးလိုက္ရတယ္

ကေလးကျပာႏွမ္းၿပီးထြက္လာတယ္၊အသက္ကမ႐ူေတာ့ဘူး၊သူနာျပဳဆရာမေတြလည္းရလို႔ရျငားႀကိဳးစားေပးပါတယ္

ကံေကာင္ခ်င္ေတာ့နာရီဝက္အၾကာမွာကေလးႏွလုံးခုန္သံရလာတယ္၊အသက္႐ူလာတယ္

ကေလးအတြက္ကံေကာင္းသြားပါတယ္၊ဒီေဆး႐ုံကလက္မခံလို႔လြဲလိုက္လို႔ကေလးေသဆုံးသြားခဲ့ရင္ျပသာနာရွာၾကအူးမယ္

ရက္ေ႐ြ႕ေပးတဲ့ကိုယ္ဝန္ေဆာင္မိခင္သည္ကို စိတ္ထဲကတကယ္ေက်းဇူးတင္မိတယ္

ကေလးမိဘေတြၾကည့္ရတာ အသက္ငယ္ၿပီးပိုက္ဆံမတတ္ႏိုင္တဲ့ပုံစံေလးျဖစ္ပုံရပါတယ္

ပိုက္ဆံမြဲတာထက္အသိဉာဏ္မြဲတာပိုေၾကာက္ဖို႔ေကာင္းပါတယ္ဗ်ာ

ကေလးမ်ားေသဆုံးသြားခဲ့ရင္ေဆး႐ုံကပိုက္ဆံမပါလို႔မလုပ္ေပးလို႔ေသတယ္ျဖစ္ရဦးမယ္

မိခင္ျဖစ္ျဖစ္၊ကေလးျဖစ္ျဖစ္ေသရင္ျပသာနာကၿပီးမသြားဘူး

အပိုင္ဆရာမကေသသူအိမ္ကိုမ်က္ႏွာငယ္ေလးနဲ႔သြား၊စိတ္ညိဴးငယ္စြာနဲ႔ေမးရျမန္းရ၊အစီရင္ခံစာတပုံတစ္ပင္ႏွင့္ေရးတင္ဖို႔လုပ္ရအူးမယ္၊ဘာေၾကာင့္ေသတယ္ရွာေဖြရအူးမယ္

လူနာေၾကာင့္လား၊ဆင္းရဲမြဲေတမႈေၾကာင့္လား၊က်န္းမာေရးဝန္ထမ္းေတြကိုယ္တိုင္အသုံးမက်လို႔လား၊ လမ္းပန္းဆက္သြယ္ေရးလား၊လားေပါင္းမ်ားစြာနဲ႔စဥ္းစားၿပီးအစီရင္ခံစာတင္ေပေတာ့ပဲ

ေျပာခ်င္ပါတယ္ဗ်ာ မတတ္ႏိုင္ရင္က်သမွ်ေဆးဖိုးကိုတာဝန္ယူေပးပါမယ္၊ေနာက္တခါဆိုသားဦးကိုယ္ဝန္ကိုအရပ္လက္သည္နဲ႔မေမြၾကဖို႔ေတာင္းပန္ပါတယ္

လူ႔အသက္နဲ႔ယွဥ္ရင္ေငြေၾကးကအေရးမႀကီဘူး၊ေဆး႐ုံကိုသာေစာေစာလာခဲ့ပါ၊ မရွိရင္လည္းေဆးဖိုးလဲေပးမွာပါ

ကေလးအသက္သာရွင္ရင္အကုန္က်ခံခ်င္လြန္းလို႔ပါ၊ကေလးအေမရဲ႕ငိုသံေတြကကိုယ့္ကိုနာက်င္ေစပါတယ္

ေရွ႕ေရွးေတြကလဲ တာဝန္မယူႏိုင္ပဲ သက္ဦးေတြကိုေမြးေပးလို႔ ေသခဲ့ရတာအႀကိမ္ႀကိမ္ရွိခဲ့ရက္ အခုလဲ တာဝန္မယူႏိုင္ပဲေမြးေပးေနတဲ့အရပ္လက္သည္ေတြကိုေတာ့ ဘာေျပာရမွန္းကိုမသိ

ဘယ္လိုေျပာေျပာ ဂ႐ုမစိုက္ဘူးဆိုတဲ့အထာေတြလား စိတ္ပ်က္စရာေန႔ေလးတစ္ေန႔ပဲ

#ၿမိဳ႕က်န္းမာေရးဉီးစီးဌာန

#က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ

unicode

ပိုက်ဆံမွဲတာထက် အသိဉာဏ်မွဲတာကြောက်စရာ ကိုယ်ဝန်ဆောင်မိခင်တွေ အထူးသတိထားပါ

24-1-2023အသိဉာဏ်မွဲတာကြောက်စရာ

မလော့ချောင်ရွာကိုယ်ဝန်ဆောင်မိခင်၊သားဦးကိုယ်ဝန်ကိုသားဖွားဆရာမနဲ့ပြတယ်၊မွေးတော့အရပ်လက်သည်နဲ့မွေးတယ်

ကိုယ်ဝန်အဆိပ်တက်ရောဂါလည်းရှိပြီးတကိုယ်လုံးဖောရောင်နေတယ်

အရပ်လက်သည်ကနှိပ်ထားနိုက်ထားတော့မွေးလမ်းကြောင်းတစ်ခုလုံးရောင်ကိုင်းနေပြီ၊ရေမွှာတွေတောင်ပုတ်ပြီးညင်းသိုးသိုးအနံ့ရနေပြီ၊ မနိုင်တဲ့အဆုံးမှာတော့ဆေးရုံရောက်လာတယ်

ဒီနေ့ခွဲပေးရမဲ့အရေးကြီးလူနာက ခြောက်ယောက်ဖြစ်နေပြီ၊ ခုနှစ်ယောက်အတွက်မြို့နယ်ဆေးရုံမှာအခက်အခဲတော့ သထုံဆေးရုံသွားဖို့ပြောရတယ်

ပုံစံမျိုးစုံနှင့်အကြောင်းပြဘူးခံတယ် အနားရှိနေတဲ့ သဘောကောင်းလှတဲ့မိခင်တစ်ယောက်က မကြည့်ရက်နိုင်တော့လို့ ဆရာကြီး ကျမရက်ရွေ့ပေးလိုက်မယ်၊ ဒီလူနာကိုဆရာကြီးတို့ဉီးစားပေးလိုက်ပါဆိုလို့ခွဲပေးလိုက်ရတယ်

ကလေးကပြာနှမ်းပြီးထွက်လာတယ်၊အသက်ကမရူတော့ဘူး၊သူနာပြုဆရာမတွေလည်းရလို့ရငြားကြိုးစားပေးပါတယ်

ကံကောင်ချင်တော့နာရီဝက်အကြာမှာကလေးနှလုံးခုန်သံရလာတယ်၊အသက်ရူလာတယ်

ကလေးအတွက်ကံကောင်းသွားပါတယ်၊ဒီဆေးရုံကလက်မခံလို့လွဲလိုက်လို့ကလေးသေဆုံးသွားခဲ့ရင်ပြသာနာရှာကြအူးမယ်

ရက်ရွေ့ပေးတဲ့ကိုယ်ဝန်ဆောင်မိခင်သည်ကို စိတ်ထဲကတကယ်ကျေးဇူးတင်မိတယ်

ကလေးမိဘတွေကြည့်ရတာ အသက်ငယ်ပြီးပိုက်ဆံမတတ်နိုင်တဲ့ပုံစံလေးဖြစ်ပုံရပါတယ်

ပိုက်ဆံမွဲတာထက်အသိဉာဏ်မွဲတာပိုကြောက်ဖို့ကောင်းပါတယ်ဗျာ

ကလေးများသေဆုံးသွားခဲ့ရင်ဆေးရုံကပိုက်ဆံမပါလို့မလုပ်ပေးလို့သေတယ်ဖြစ်ရဦးမယ်

မိခင်ဖြစ်ဖြစ်၊ကလေးဖြစ်ဖြစ်သေရင်ပြသာနာကပြီးမသွားဘူး

အပိုင်ဆရာမကသေသူအိမ်ကိုမျက်နှာငယ်လေးနဲ့သွား၊စိတ်ညိူးငယ်စွာနဲ့မေးရမြန်းရ၊အစီရင်ခံစာတပုံတစ်ပင်နှင့်ရေးတင်ဖို့လုပ်ရအူးမယ်၊ဘာကြောင့်သေတယ်ရှာဖွေရအူးမယ်

လူနာကြောင့်လား၊ဆင်းရဲမွဲတေမှုကြောင့်လား၊ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်အသုံးမကျလို့လား၊ လမ်းပန်းဆက်သွယ်ရေးလား၊လားပေါင်းများစွာနဲ့စဉ်းစားပြီးအစီရင်ခံစာတင်ပေတော့ပဲ

ပြောချင်ပါတယ်ဗျာ မတတ်နိုင်ရင်ကျသမျှဆေးဖိုးကိုတာဝန်ယူပေးပါမယ်၊နောက်တခါဆိုသားဦးကိုယ်ဝန်ကိုအရပ်လက်သည်နဲ့မမွေကြဖို့တောင်းပန်ပါတယ်

လူ့အသက်နဲ့ယှဉ်ရင်ငွေကြေးကအရေးမကြီဘူး၊ဆေးရုံကိုသာစောစောလာခဲ့ပါ၊ မရှိရင်လည်းဆေးဖိုးလဲပေးမှာပါ

ကလေးအသက်သာရှင်ရင်အကုန်ကျခံချင်လွန်းလို့ပါ၊ကလေးအမေရဲ့ငိုသံတွေကကိုယ့်ကိုနာကျင်စေပါတယ်

ရှေ့ရှေးတွေကလဲ တာဝန်မယူနိုင်ပဲ သက်ဦးတွေကိုမွေးပေးလို့ သေခဲ့ရတာအကြိမ်ကြိမ်ရှိခဲ့ရက် အခုလဲ တာဝန်မယူနိုင်ပဲမွေးပေးနေတဲ့အရပ်လက်သည်တွေကိုတော့ ဘာပြောရမှန်းကိုမသိ

ဘယ်လိုပြောပြော ဂရုမစိုက်ဘူးဆိုတဲ့အထာတွေလား စိတ်ပျက်စရာနေ့လေးတစ်နေ့ပဲ

#မြို့ကျန်းမာရေးဉီးစီးဌာန

#ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ