တ႐ုတ္ဖိုက္တာနဲ႔ ထိုးသတ္ရဦးမယ့္ ေအာင္လအန္ဆန္
ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္နဲ႔ တ႐ုတ္ဖိုက္တာ Fan Rong နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ္လို႔..
One Championship ဘက္က ေဖေဖာ္ဝါရီလ ၃ ရက္မွာ အသိေပးလာပါတယ္။
ခ်န္ပီယံျဖစ္ဖို႔ ျပန္လည္ႀကိဳးစားေနတဲ့ ေအာင္လအန္ဆန္နဲ႔ တ႐ုတ္ဖိုက္တာ Fan Rong တို႔ဟာ
လာမယ့္ ေမလ ၅ ရက္၊ အေမရိကန္ႏိုင္ငံမွာက်င္းပမယ့္ ပြဲစဥ္အတြင္း Middle Weight တန္းအျဖစ္ထိုးသတ္ သြားမယ္လို႔ သိရပါတယ္။
ေအာင္လအန္ဆန္နဲ႔ တ႐ုတ္ဖိုက္တာ Fan Rong တို႔ဟာ ဒီႏွစ္အေစာပိုင္းက ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ စီစဥ္ခဲ့ေပမယ့္..
Fan Rong မွာ ကိုဗစ္ပိုးေတြ႕ခဲ့လို႔ ေအာင္လအန္ဆန္ဟာ ဘရာဇီးဖိုက္တာ Gilberto Galvao နဲ႔ ထိုးသတ္ခဲ့ရပါတယ္။
ေအာင္လအန္ဆန္ဟာ သူ႔ရဲ႕ ကမာၻ႔ခ်န္ပီယံခါးပတ္ေတြလက္လြတ္ခဲ့ရၿပီး ျပန္လည္ယွဥ္ၿပိဳင္ရာမွာ တတိယေျမာက္ႏိုင္ပြဲ ရရွိထားၿပီး
ေနာက္ဆုံးထိုးသတ္ခဲ့တဲ့ ၂ ပြဲမွာဆိုရင္လည္း ပထမအခ်ီနဲ႔ အလဲထိုးအႏိုင္ယူႏိုင္ခဲ့ပါတယ္။
ေအာင္လအန္ဆန္ဟာ တ႐ုတ္ဖိုက္တာ Fan Rong ကို ထပ္မံအႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ခ်န္ပီယံခါးပတ္ေတြအတြက္ ျပန္လည္စိန္ေခၚခြင့္ရမွာျဖစ္ပါတယ္။
credit to orginal
Unicode
တရုတ်ဖိုက်တာနဲ့ ထိုးသတ်ရဦးမယ့် အောင်လအန်ဆန်
မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့
One Championship ဘက်က ဖေဖော်ဝါရီလ ၃ ရက်မှာ အသိပေးလာပါတယ်။
ချန်ပီယံဖြစ်ဖို့ ပြန်လည်ကြိုးစားနေတဲ့ အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ
လာမယ့် မေလ ၅ ရက်၊ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ပွဲစဉ်အတွင်း Middle Weight တန်းအဖြစ်ထိုးသတ် သွားမယ်လို့ သိရပါတယ်။
အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ဟာ ဒီနှစ်အစောပိုင်းက ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့်
Fan Rong မှာ ကိုဗစ်ပိုးတွေ့ခဲ့လို့ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့.. ထိုးသတ်ခဲ့ရပါတယ်။
အောင်လအန်ဆန်ဟာ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ပြန်လည်ယှဥ်ပြိုင်ရာမှာ တတိယမြောက်နိုင်ပွဲ ရရှိထားပြီး
နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂ ပွဲမှာဆိုရင်လည်း ပထမအချီနဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ တရုတ်ဖိုက်တာ Fan Rong ကို ထပ်မံအနိုင်ရခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ချန်ပီယံခါးပတ်တွေအတွက် ပြန်လည်စိန်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။
credit to orginal