Knowledge

နာကျင်မှုလုံးဝမရှိဘဲ ဆူးနှုတ်ယူနည်း ( ၇ ) နည်း..

နာကျင်မှုလုံးဝမရှိဘဲ ဆူးနှုတ်ယူနည်း..

အသုံးဝင်တဲ့ နည်းလမ်းလေးတွေမို့လို့ သိမ်းထားစေချင်ပါတယ်။ ကလေးငယ်တွေ အများဆုံးဖြစ်တတ်ပေမယ့် လူကြီးတွေလဲ တကယ်တမ်း အဆူးဝင်ရင် နေမထိထိုင်မသာဖြစ်တတ်ပါတယ်။

အရေပြားထဲကို သစ်သားစ၊ သတ္တုစ၊ ဖန်ကွဲစ စတာတွေ စူးဝင်သွားတဲ့အခါ အရမ်းနာကျင်တာ ကိုက်ခဲတာဖြစ်စေနိုင်ပြီး ရောဂါပိုးဝင်ရောက်ကာ ပြည်တည်နိုင်တဲ့အတွက် စူးဝင်သွားတဲ့ အဆူးကို ဖယ်ထုတ်ပစ်ဖို့လိုပါတယ်။

လူတော်တော်များများက အပ်၊ လက်သည်းညှပ်၊ ဇာဂနာတို့နဲ့ တူးဆွပြီး အဆူးကို ထုတ်လေ့ရှိပါတယ်။

ဒီနည်းက အရမ်းကို နာကျင်စေပြီး ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် မသုံးသင့်ပါဘူး။ ဒါဆို ဘယ်လိုလုပ်ရမလဲ ????

အရမ်းကို ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်ရအောင်

၁။ မီးတိပ်ဖြင့် ဆူးထုတ်နည်း ဒီနည်းလမ်းလေးကတော့ လွယ်ကူပေမယ့် နက်နက်နဲနဲဝင်သွားတဲ့ ဆူးအတွက်တော့ သုံးမရပါ။

ပြုလုပ်ပုံ

အဆူးဝင်နေတဲ့ နေရာကို ရေနွေး ဒါမှမဟုတ် ဆပ်ပြာနဲ့.. ဆေးပါ။ ဆေးပြီး ဆူးဝင်တဲ့နေရာကို အခြောက်ခံပါ။ ပြီးတာနဲ့ အဲ့နေရာကို မီးတိပ်စနဲ့ ကပ်ပေးပါ။

ကပ်ထားတဲ့ မီးတိပ်စနေရာကို သင့်လက်ဖျားလေးနဲ့ ငါးကြိမ်လောက် အသာအယာပွတ်ပေးပါ။

(၃)မိနစ်ခန့်စောင့်ပြီး တိပ်စကို ခပ်ဆတ်ဆတ်လေး ဆွဲခွာလိုက်ပါ။ တိပ်နဲ့အတူ ဆူးထွက်လာပါလိမ့်မယ်။ ပြီးရင် အနာကို ရေနွေး (သို့) အရက်ပြန်နဲ့ ပြန်ဆေးပေးပါ။

၂။ ရှာလကာရည်ဖြင့် ဆူးထုတ်နည်း

ပြုလုပ်ပုံ

ခွက်တစ်ခွက်ထဲကို ရှာလကာရည် အနည်းငယ်လောင်းထည့်ပြီး အဆူးစူးတဲ့နေရာကို ရှာလကာရှည်နဲ့ (၁၅ – ၂၀)မိနစ်ခန့် စိမ်ထားပါ။

ရှာလကာရည်ထဲမှာ အက်စက်ဓာတ်ပါတာမို့ အရေပြားပေါ်သို့ အဆူးစထွက်လာမှု ရှိ/မရှိကို စောင့်ကြည့်ပါ။

ထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။ ထွက်မလာသေးရင် ဆက်စိမ်ထားပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။

၃။ ဆားခါးဖြင့် ဆူးထုတ်နည်း >>> နက်နက်နဲနဲဝင်သွားတဲ့ ဆူးအတွက် အရမ်းအသုံးဝင်ပါတယ်။

ပြုလုပ်ပုံ

ဆားခါးက အရေပြားဆဲလ်တွေထဲက အရည်တွေကို ထွက်လာစေတဲ့အတွက် ဆူးက အရေပြားပေါ်သို့ ကြွတတ်လာစေပါတယ်။

ဒါကြောင့် ပတ်တီးစတစ်ခုပေါ်မှာ ဆားခါးအနည်းငယ်ကို ပုံလိုက်ပါ။ အဲ့ဒီပတ်တီးစကို ဆူးရှိတဲ့နေရာပေါ် စည်းပေးပါ။

အချိန် (၆)နာရီလောက် စည်းထားပြီးမှ ပတ်တီးစကို ဖယ်ရှာပေးပါ။ ဆူးစကို မြင်ရင် ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။

၄။ အာလူးဖြင့် ဆူးထုတ်နည်း

ပြုလုပ်ပုံ

အာလူးကို ခပ်ထူထူလေး လှီးဖြတ်ပြီး ဆူးရှိတဲ့နေရာပေါ်သို့တင်ထားပါ။ တင်ထားတဲ့ အာလူးအပိုင်းလေးကို အသာအယာဖိပေးပါ။

အနည်းငယ်ကြာတဲ့အခါ အဆူးက အာလူးထဲ ဖောက်ဝင်လာပါလိမ့်မယ်။ ဆူးနဲ့အတူ အာလူးအပိုင်းလေးကို ဖယ်ရှားလိုက်ပါ။

၅။ ဌက်ပျောသီးအခွံဖြင့် ဆူးထုတ်နည်း

ပြုလုပ်ပုံ

ဌက်ပျောသီးအခွံမှာပါဝင်တဲ့ အင်ဇိုင်းတွေက အရေပြားကို ပျော့ပျောင်းစေတဲ့အပြင် အစိုဓာတ်ကိုပါ ထိန်းနိုင်စွမ်းနဲ့ ပိုးသတ်စေတဲ့ ဂုဏ်သတ္တိတွေကြောင့်

ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပြီးသားလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဌက်ပျောသီးအခွံကို အနေတော်ပိုင်းဖြတ်ပြီး အဆူးဝင်နေတဲ့နေရာပေါ်ကို အုပ်ပြီး ပတ်တီးစည်းပေးပါ။

တစ်ည (သို့) (၈)နာရီကြာတဲ့အခါ ထွက်လာတဲ့ ဆူးစကို ဇာဂနာနဲ့ ဆွဲနှုတ်လိုက်ပါ။

၆။ မုန့်ဖုတ်ဆော်ဒါဖြင့် ဆူးထုတ်နည်း .. အလွန်သေးငယ်တဲ့ ဆူးရော နက်နက်ဝင်သွားတဲ့ ဆူးအတွက်ရော အသုံးဝင်ပါတယ်။

ပြုလုပ်ပုံ

လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာကို ရေနည်းနည်းနဲ့ ပျစ်အောင်ဖျော်ပါ။ အဲ့နောက် ဆော်ဒါရည်ပျစ်ပျစ်ကို ပတ်တီးပေါ်တင်ပြီး ဆူးနေရာကို စည်းပေးပါ။

(၂၄)နာရီလောက်ကြာတဲ့အခါ ပတ်တီးစကို ဖြည်လိုက်ပါ။ ဆူးစထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။

ထွက်မလာသေးရင် နောက်ထပ်ဆော်ဒါရည်ပျစ်ပျစ်နဲ့ ထပ်စည်းပေးပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။

၇။ ပေါင်မုန့်+ နို့ဖြင့် ဆူးထုတ်နည်း >>> ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်များစွာထဲက အသုံးပြုတဲ့နည်းလေးပါ။

ပြုလုပ်ပုံ..

ပေါင်မုန့်ကို နို့ထဲစိမ်ပေးပါ။ နို့စိမ်ထားတဲ့ ပေါင်မုန့်ကို ဆူးပေါ်သို့ တင်ပြီး ပတ်တီးစည်းပေးပါ။ တစ်ည (သို့) (၈)နာရီကြာတဲ့အခါ ပေါင်မုန့်ကိုဖယ်ရှားလိုက်ပါ။

ပေါင်မုန့်နဲ့အတူ ဆူးစ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။

သတိပြုရန်

ဇာဂနာကို အသုံးမပြုခင် ပိုးသန့်စင်အောင် အရက်ပြန်နဲ့ ပွတ်ပေးပါ။ ဆူးစကို ဖယ်ရှားနိုင်ပြီးနောက် အနာကျက်တဲ့အထိ အရက်ပြန်နဲ့သန့်စင်ပေးပါ။

ဆူးထွက်လာတဲ့နေရာကို ညစ်ပတ်အောင်မလုပ်ပါနဲ့။ ဆူးစတွေ ပြတ်ထွက်ပြီး အရေပြားထဲ ကျန်ရစ်နိုင်တာကြောင့် ဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။

စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ