Knowledge
45 ကြိမ်မြောက်ထီပေါက်စဉ်တိုက်ရန်နှင့် ထီပေါက်လျှင် ဆုငွေထုတ်နည်း
45 ကြိမ်မြောက်ထီပေါက်စဉ်တိုက်ရန်နှင့် ပေါက်လျှင် ဆုငွေထုတ်နည်း
ထီပေါက်ရင်ဘယ်လိုထုတ်ရမလည်းဆိုတာ sharing လေးလုပ်ပေးချင်ပါတယ် ။
ထီပေါက်ရင်ဘယ်လိုထုတ်ရမလည်းဆိုတာsharing လေးလုပ်ပေးချင်ပါတယ်ထီထွက်ခါနီးပြီးနော်ကံစမ်းပြီးပြီလားထီပေါက်ရင်ထီရုံးချုပ်၃၇လမ်းမှာသွားထုတ်ရပါမယ်ဘာတွေထည့်သွားရမလည်းဆိုတော့1အိမ်ထောင်စုစာရင်း မူရင်းနဲ့မိတ္တူ2.မှတ်ပုံတင်မူရင်းမိတ္တူ3.ထီလက်မှတ်4.ပတ်စပို့စ်ပုံ၃ပုံ(၅သောင်းဆုဆိုရင်တော့ ၁ပုံဆိုရပါတယ်)
အပေါ်ကအချက်အလက်များကိုယူသွားရပါမယ်ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့အန်တီ(သို့)ဦးလေးကိုထီသွားထုတ်မလို့ ပြောပြီးနာမည်ရယ်မှတ်ပုံတင်ရယ်ရေးလက်မှတ်ထိုးရပါမယ်ပြီးရင်၃လွှာကိုဓါတ်လှေကား(သို့)ရိုးရိုးလှေကားကတတ်သွားပါဝင်ဝင်ချင်းဓါတ်လှေကားဘယ်ဘက်ခြမ်းမှာထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ်။
အာ့မှာ ပေါက်တဲ့ထီလက်မှတ်တွေကို ထုတ်ပေးရတယ်အာ့ ထီလက်မှတ်နောက်ကျောဘယ်ဘက်ခြမ်းမှာဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာလက်မှတ်ထိုးပေးရမယ် အိမ်ထောင်စုစာရင်းမိတ္တူမှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ်.. ပြီးရင်သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ်ဆုသေးတွေဆိုရင်တော့တရက်နဲ့ ပြီးပါတယ်
ဆုငွေကြီးရင်တော့ရက်ချိန်းတရက်ပြန်ချိန်းပါတယ်ချက်လက်မှတ်ရဖို့အတွက်ဖောင်ထဲက နေရပ်လိပ်စာကိုအိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင်ခဏထိုင်စောင့်ရပါတယ်နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာလက်ဗွေထပ်နှိပ်ရပါတယ်တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားကအခန်းကို ဝင်သွားပါ
အာ့မှာစာရေးမအန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်အာ့ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ ..သွားထုတ်ရပါမယ်(မှတ်ချက်)ဆုသေးရင်တော့ကိုယ် သွားထိုးခဲ့တဲ့ထီဆိုင်မှာပဲ
ထုတ်တာ ကောင်းပါတယ် နို့မို့ဆို သွားရမယ့်ကားခတံဆိပ်ခေါင်းခလူစောင့်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ် ချက်လက်မှတ်ရလို့လသာကို သွားထုတ်တော့လည်း ကားခထပ်ကုန်သေး ဗိုက်ဆာလို့ မုန့်ဝယ်စားရင်လည်း ပိုက်ဆံကထပ်ကုန်သေးတော်သေးပြီ ဒီလောက်ပါပဲ..။ခရက်ဒစ်မူရင်း