Knowledge

ဆိုင်သွားစရာမလိုပဲ အိမ်မှာကိုယ်တိုင် ရွှေ၊ ငွေလက်ဝတ်ရတနာများကို အလွယ်တကူ အရောင်တင်နည်း…

ဆိုင်ကိုသွားစရာမလိုပဲ အိမ်မှာကိုယ်တိုင် ရွှေ၊ ငွေလက်ဝတ်ရတနာများကို အရောင်တင်နည်း

သွားတိုက်ဆေးနဲ့ မဆေးရဘူးနော်။အရောင်ကျသွားလိမ့်မယ်..။ ရွှေဆိုတာ အဖိုးတန်ပါတယ်။

အမြတ်တနိုးနဲ့လည်းဝတ်ဆင်ကြတယ်၊စုဆောင်းသိမ်းဆည်းကြတယ်။

ဝတ်တာများလာတဲ့အခါ ရွှေထည် တွေကအရောင်မှိန်သွားရော။

ဆိုင်သွားပြီး ဆေးခိုင်းမှ ပြန်ဝင်းလက်လာတယ်လေ။ဆိုင် မသွားချင်ဘူးဆိုရင်အိမ်မှာပဲ ရွှေထည် တွေသန့်စင်ဆေးကြောလို့ ရပါတယ်။

လွယ်လွယ်လေး။ ဘာမှမခက်ဘူး။ ပြောပြမယ်။ရေေ နွး ထဲကို ပန်းကန်ဆေး ဆပ်ပြာ ဆီ အနည်းငယ်ထည့်ပါ။

ဆေးမယ့် ရွှေထည်ကို ဆပ်ပြာရည်ထဲ ၁၅မိနစ်စိမ်ပေးထားလိုက်ရပါမယ်။၁၅ မိနစ် ပြည့်တော့မှသွားတိုက်တံအနုလေးနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်သန့်စင်ပေးပါ။

ရေကို နွေးအောင်ထားထားပြီးဘုံဘိုင်ခေါင်းအောက်မှာ ရွှေထည်ကို ပြန်ဆေးပေးရပါမယ်။

ရေထဲ မစိမ်ပါနဲ့။ကပ်နေတဲ့ ကြေးတွေ ရေ နဲ့အတူမျောသွားအောင်ဘုံဘိုင်ခေါင်းကိုဖွင့်ထားရတာဖြစ်ပါတယ်။

ဇကာထဲကို ရွှေထည်ပစ္စည်း ထည့်ပြီး ဆေးရင် ပြုတ်မကျတော့ဘူးပေါ့။ဆပ်ပြာရည် တွေနဲ့ ကြေး(ဂျီး) တွေ ပြောင်စင်သွားပြီဆိုတော့မှ နူးညံ့တဲ့အဝတ်ခြောက် လေးနဲ့အသာ အယာပွတ်တိုက်ပြီး ရေတွေခြောက်သွားလိုက် လုပ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဆိုင်ကို တကူးတက သွားစရာ မလိုဘဲနဲ့ ရွှေထည် ပစ္စည်းလေးက ဝယ်ခါစတုန်းကလို အရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းတွေကို.. ရွှေရည်စိ မ်အထည်တွေမှာ မဆေးသင့်ပါဘူး အရောင်ကျွတ်နိုင်လို့ပါ။

စာဖတ်သူမိဘပြည်သူများအနေဖြင့်ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။