Weather
ရန်ကုန်မြို့အနှံ့အပြားတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး မိုးသီးကြွေခြင်းများ
unicode
ရန်ကုန်မြို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး မိုးသီးများလည်း ကြွေ
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး မိုးသီးများလည်း ကြွေကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာတော့ လေတွေလည်း အရမ်းတိုက်တယ်။ မိုးလည်းအရမ်းရွာတယ်။ သွပ်ပေါ်မှာ အသံတွေကြားလို့ အပြင်ထွက်ကြည့်တော့
မိုးသီးတွေပါ ကြွေတယ်” ဟု သာကေတမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။
စက်ဘီးဖြင့် စီးလာသူတစ်ဦးကလည်း “ ကျွန်တော်ဆို စက်ဘီးစီးလာတာ။ လေတွေအရမ်းတိုက်လို့ စက်ဘီးရပ်ပြီး သစ်ပင်ကွယ်ပြီး နေရတယ်” ဟု ပြောကြားသည်။
တာမွေမြို့နယ်တွင် ကွမ်းယာရောင်းနေသူတစ်ဦးကလည်း “ကျွန်တော်ဆိုင်ဆို အမိုးလှန်သွားလို့ ပိတ်ထားလိုက်ရတယ်” ဟု ပြောကြားသည်။
အဆိုပါမိုးရွာသွန်းမှုဖြစ်စဉ်မှာ ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် ရွာသွန်းနေခြင်းဖြစ်ကြောင်း သိရသည်
၁၆ ရက်မှ ၁၈ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှ လေနွေးများနှင့် လေဖိအားကြီးရပ်ဝန်းဒေသမှ လေအေးများ တွေ့ဆုံမှုကြောင့် တိုင်းနှင့် ပြည်နယ်အချို့တွင်
အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
credit