Health Care

ပျိုမေတို့မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်သူများအတွက် ကိုယ်လိမ်းနေကျ ထောပတ်စေ့..

Benefits of avocado seeds for face.

မျက်နှာလေးက နုဖတ်နေတာပဲလို့အပြောခံချင်ချင်သူများအတွက်ကိုယ်လိမ်းနေကျ ထော ပတ်စေ့အကြောင်းလေးပါအချိန်ရရင်ဖတ်ကြည့်ပေးစေချင်ပါတယ်။

မနေ့ကကိုယ့်အကိုတစ်ယောက်နဲ့video call ပြောရင်းဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကိုကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။

ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာအဆီဖုလေးတွေတင်းတိပ်မှဲ့ခြောက်ဝက်ခြံနဲ့မျက်နှာအရေးအကြောင်းထင်တာတွေတော်တော်များများတွေ့ရလို့ပါထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကိုအရင်ပြောပါစေ

ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ်ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ

ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ဘဲလာပေါ်ပြီးတဲ့နောက်မှစုစုပေါင်း၂ကြိမ်ရယ်ပါဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့

သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်းမိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။

ဝယ်ရတာလဲလွယ်ကူသလိုအကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအစေ့ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။

၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်

တခါတလေအပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။

လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ

အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး..။

ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထော ပတ်စေ့ပဲသွေးလိမ်းပါတယ်ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့အသားအရည်အရမ်းပျက်စီးတဲ့အခါအပြင်သားတွေချည်းသွေးလိမ်းပါတယ်။

လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့သိသိသာသာပြောင်းလဲတာပါအသိအမတယောက်ကိုသူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် ။

အကိုတယောက်ကတော့ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်ကိုယ့်ရဲ့ကိုယ်တွေ့ကတော့အဆီဖုလေးတွေလုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင်အသားအ ရည်လေးတွေတင်းပြီးပါးလေးတွေဝင်းဝင်း ပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီးဘာမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်တ ခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာမကြာ ခဏတွေ့ပေမဲ့

ဒီတခုကတော့ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကိုခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာဆိုးကျိုးမှမရှိပဲသဘာဝအသီးတွေနဲ့လှရအောင် ထောပတ်စေ့လေးကိုစမ်းလိမ်းကြည့်ပါလို့အကြံ ပြုပါရစေနော်  ။

Unicode

==========================

Benefits of avocado seeds for face.

ပျိုမေတို့မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်သူများအတွက် ကိုယ်လိမ်းနေကျ ထောပတ်စေ့..

မျက်နှာလေးက နုဖတ်နေတာပဲလို့အပြောခံချင်ချင်သူများအတွက်ကိုယ်လိမ်းနေကျ ထော ပတ်စေ့အကြောင်းလေးပါအချိန်ရရင်ဖတ်ကြည့်ပေးစေချင်ပါတယ်။

မနေ့ကကိုယ့်အကိုတစ်ယောက်နဲ့video call ပြောရင်းဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကိုကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်

ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာအဆီဖုလေးတွေတင်းတိပ်မှဲ့ခြောက်ဝက်ခြံနဲ့မျက်နှာအရေးအကြောင်းထင်တာတွေတော်တော်များများတွေ့ရလို့ပါထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကိုအရင်ပြောပါစေ

ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ်ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ

ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ဘဲလာပေါ်ပြီးတဲ့နောက်မှစုစုပေါင်း၂ကြိမ်ရယ်ပါဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့

သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်းမိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။

ဝယ်ရတာလဲလွယ်ကူသလိုအကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအစေ့ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။

၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်

တခါတလေအပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။

လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ

အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး

ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထော ပတ်စေ့ပဲသွေးလိမ်းပါတယ်ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့အသားအရည်အရမ်းပျက်စီးတဲ့အခါအပြင်သားတွေချည်းသွေးလိမ်းပါတယ်။

လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့သိသိသာသာပြောင်းလဲတာပါအသိအမတယောက်ကိုသူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် ။

အကိုတယောက်ကတော့ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်ကိုယ့်ရဲ့ကိုယ်တွေ့ကတော့အဆီဖုလေးတွေလုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင်အသားအ ရည်လေးတွေတင်းပြီးပါးလေးတွေဝင်းဝင်း ပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီးဘာမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်တ ခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာမကြာ ခဏတွေ့ပေမဲ့..

ဒီတခုကတော့ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကိုခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာဆိုးကျိုးမှမရှိပဲသဘာဝအသီးတွေနဲ့လှရအောင် ထောပတ်စေ့လေးကိုစမ်းလိမ်းကြည့်ပါလို့အကြံ ပြုပါရစေနော် ။ #Crd