Health Care

အိပ်ယာထပြီး မနက် ၁၀ နာရီမထိုးခင် ပြုလုပ်ပေးသင့်တဲ့ အချက် ၅ ချက်

နေ့စဉ်နေ့တိုင်း မနက် ၁၀ နာရီမထိုးခင် သင်အလုပ်သင့်ဆုံး အရာ (၁၀) ချက်

လူအတော်များများကတော့ မနက်ခင်းနိုးနိုးချင်း မထသေးပဲ တစ်မှေးလောက် ပြန်မှေးပြီးမှ ကျောင်း၊ ဒါမှမဟုတ် အလုပ်သွားဖို့အတွက် ပြင်ရဆင်ရနဲ့ plan မရှိပဲ
မနက်ခင်းတိုင်းကို ဖြတ်ကျော်နေတတ်ကြပါတယ်။

မနက်ခင်းမှာ ရရှိမယ့် အကျိုးကျေးဇူးတွေ များစွာရှိပြီး ဒီလိုအရာတွေကို မလစ်ဟင်းဖို့အတွက် အရမ်းအစောကြီးလည်း အိပ်ရာထစရာ မလိုပါဘူး။ မနက်ခင်းပိုင်းမှာ plan ချထားတဲ့အတိုင်း

ကိစ္စတွေကို သတိနဲ့ ဆောင်ရွက်ခြင်းကြောင့် တစ်နေ့လုံး စိတ်ချမ်းသာပျော်ရွင်မှုတွေအပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ အခက်အခဲအားလုံးကို အလွယ်တကူ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်းတိုင်းမှာ သင်လုပ်သင့်တဲ့ အရာ (၁၀) ခုရှိပါတယ်။

(၁) တရားမှတ်ခြင်း

တရားမှတ်တာနဲ့ အခြားအသက်ရှုလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့တစ်နေ့တာကို စိတ်အေးသက်သာဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် နိုးနိုးခြင်း ဖုန်းဖွင့်ပြီး မက်ဆေ့တွေစစ်တာတွေ၊ ဖေ့ဘွတ်သုံးတာတွေ လုပ်မယ့်အစား မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်သက်သက်လေးနဲ့ ကိုယ့်ရဲ့အာရုံတွေ ပျံ့လွင့်မသွားအောင် ထိုင်နေပေးပါ။ ယခုလိုနေ့စဉ်ပြုလုပ်ပေးခြင်းကြောင့် တစ်နေ့တာလုံးအတွက် အာရုံတွေ၊ စွမ်းအင်တွေနဲ့၊ အကောင်းမြင်မှုတွေကို တိုးမြှင့်စေပါတယ်။

(၂) အရာရာတိုင်းကို ကျေးဇူးတင်ပါ

“သင့်ရဲ့ တစ်ဘဝစာလုံး ဆုတောင်းခြင်းတွေအတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ” လို့ meister Eckhart ကပြောခဲ့ပါတယ်။ သင့်ရဲ့ကျေးဇူးတင်မှုတွေအတွက် ရောင်ပြန်ဟပ်မှုတွေနဲ့ အတူ သင့်ရဲ့နေ့သစ်ကို စတင်ပါ။ ဒီလိုအလေ့အကျင့်လေးက သင့်ရဲ့တစ်နေ့တာလုံးမှာ ကြုံလာသမျှတိုင်းကို ကျေးဇူးတင်စိတ်နှင့် အသိအမြင်တွေကို တိုးပွားစေဖို့ လေ့ကျင့်ပေးသလိုပါပဲ။ ဒါကြောင့်ပဲ ဘယ်လိုစိတ်ခေါ်မှုတိုင်းကိုမဆို ဒဏ်ခံနိုင်စွမ်းရှိလာပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက် ဖြစ်လာစေမှာပါ။

(၃) နေ့စဉ် ရည်ရွယ်ချက်ကို ချမှတ်ပါ

တစ်နေ့တာ လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို ချမှတ်ခြင်းဟာ သင့်ရဲ့နေ့ကလေးကို ပိုပြီးတန်ဖိုးရှိလာသလို ခံစားရစေပြီး ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကို ဦးစားပေးလုပ်ဆောင်ခြင်းကြောင့် target တစ်ခုအနေနဲ့ ပိုမို ထိရောက်စေပါတယ်။ ယခုလိုအလေ့အကျင့်ဟာ နေ့တစ်နေ့ကုန်ဆုံးသွားတာနဲ့ သင့်အတွက်အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းလိုက်ရသလို ခံစားရစေမှာပါ။

(၄) ရေဓါတ်ဖြည့်တင်းပါ

သင်အိပ်ရာက နိုးလာတဲ့အခါ ရေဓါတ်ခမ်းခြောက်လျှက် ရှိပါတယ်။ ဒါကြောင့်ပဲ မနက်နိုးနိုးချင်း ရေသောက်ခြင်းဟာ အရေးကြီးတဲ့ အရာတစ်ခုပါ။ ခန္ဓာဗေဒပညာရှင် Donna Gates ရဲ့အကြံပေးချက်အရ တစ်နေ့လုံးစာ သောက်သုံးရမယ့်ရေရဲ့ တဝက်ကို မွန်းမတည့်ခင်သောက်သုံးခြင်းဟာ ဆာလောင်မှုခံစားချက်၊ ခေါင်းကိုက်ဝေဒနာ နဲ့ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်လို့ အကြံပေးခဲ့ပါတယ်။

(၅) အကြောအချင်တွေဆန့်ပါ

မနက်ခင်းနိုးလာတာနဲ့ ဘာကိုမှမလုပ်ချင် မကိုင်ချင်လောက်အောင် အကြောအချင်တွေ လေးလံနေတတ်ပါတယ်။ ဒါကြောင့်ပဲ မနက်ခင်းနေ့စဉ်လေ့ကျင့်ခန်း လုပ်ခြင်းဟာ အခက်ခဲဆုံးအရာလို ဖြစ်နေရတာပါ။ အမေရိကန် အားကစားနှင့်ဆေးပညာဂျာနယ်တွေမှာဆိုရင် မနက်ခင်းကြွက်သားဆန့် လေ့ကျင့်ခန်းလိုအရာမျိုးတွေကို အမြဲတမ်းဖော်ပြနေတတ်ပြီး မနက်ခင်းအကြောအချင်တွေ နိုးကြားအောင်လုပ်ခြင်းဟာ ကိုယ်ဟန်အနေအထား၊ ပျော့ပျောင်းမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

(၆) သီချင်းနားထောင်ပါ

မနက်ခင်းကို မြူးကြွတဲ့သီချင်းနဲ့ သာယာတဲ့သီချင်းတွေကို နားထောင်ပေးခြင်းဟာ သင့်ကိုကောင်းမွန်တဲ့စွမ်းအင်တွေ ဖြည့်တင်းပေးနိုင်ပြီး နိုးကြွသွက်လက်စေပါတယ်။ ဂီတသံဟာ သင့်ရဲ့ခံစားချက်တွေကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းသီချင်းနားထောင်ခြင်းရဲ့ အကြီးဆုံး အကျိုးကျေးဇူးနှစ်ခုက စိတ်နေစိတ်ထားကောင်းမွန်မှုနဲ့ ကိုယ့်ကိုယ်ကိုသိခြင်း(သို့)သတိပြုမိခြင်း တို့ကိုရရှိစေပါတယ်။ ဒါတင်မကပဲ သင့်ရဲ့စိတ်အနေအထားကိုတိုးတက်စေရုံသာမက စိတ်အားတက်ကြွမှုကို မြှင့်တင်ခြင်း၊ လှုံ့ဆော်မှု နဲ့ ညဖက်ကောင်းစွာအိပ်စက်နိုင်ခြင်းတို့လို အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၇) ပြုံးပါ

မနက်ခင်းတိုင်းမှာ သင့်ရဲ့ရေချိုးခန်းမှာ ရှိတဲ့ မှန်ရှေ့မှာပဲ ကိုယ့်ကိုယ်ကိုပြုံပြခြင်းဖြင့် စတင်ပါ။ ပြုံးခြင်းကြောင့် သင့်ကိုအပြုသဘော သက်ရောက်မှုတွေ သုခချမ်းသာတွေကို နဲ့ စိတ်နေစိတ်ထားအားလုံးအပေါ် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ Montpellier တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပြုံးခြင်းဟာ ခေါင်းဆောင်မှုအတွက် ပိုပြီးထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး သင့်အပေါ်ယုံကြည်မှု ပိုမိုတိုးပွားစေပါတယ်။

(၈) သင့်ကိုယ်သင် သန့်ရှင်းပြီးမှ အခြားအရာတွေကို သန့်ရှင်းပါ

ဘဝဟာ အလုပ်ရှုပ်တာတွေ များပြီးတော့ မနက်ခင်းဟာလည်း အမြဲတမ်းပဲ အလောတကြီးဖြစ်နေတတ်ပါတယ်။ဒါကြောင့်ပဲ ပွနေတာတွေကိုသိမ်းဆည်းတာတွေကြောင့် အလုပ်မမှီမှာစိုးလို့ ကမန်းကတန်းရေးမိုးချိုး အဝတ်လဲပြီး အလုပ်ကို အပြေးသွားကြရပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ကိုယ်ကိုသန့်ရှင်းရေး အရင်ဆုံးလုပ်ပြီးမှ ရှုပ်ပွနေတာတွေနဲ့ အခြားသန့်ရှင်းရေးတွေကိုလုပ်ဆောင်သင့်ပါတယ်။

ဒါမှသာ သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးအလေးထားရာရောက်ပြီး အလုပ်မှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်သလို အိမ်ပြန်ရောက်တဲ့အခါမှာလည်း အပြည့်အဝသက်တောင့်သက်သာ အနားယူနိုင်ပါလိမ့်မယ်။အနားယူနိုင်မှာ ဖြစ်ပါတယ်။

(၉) အခက်ခဲဆုံး အလုပ်တွေကို အရင်ဆုံးလုပ်ပါ

မနက်ခင်းပိုင်းမှာတည်းက အခက်ခဲဆုံးလို့ သတ်မှတ်နိုင်တဲ့ အလုပ်တွေကို ရွေးပြီး အရင်ဆုံးပြီးအောင် ဆောင်ရွက်ပါ။ ဘာကြောင့်လဲဆိုတော့ မနက်ခင်းမှာ သင်ရဲ့ဦးနှောက်ကအလုပ်တွေနဲ့ ပြည့်ကျပ်မနေပဲ စွမ်းအင်ပြည့်နေတာကြောင့် သက်တောင့်သက်သာနဲ့ ဆောင်ရွက်နိုင်ပြီး နေ့လည်ပိုင်း ညနေပိုင်းတွေမှာ သင့်ကိုပိုပြီးပျော်ရွင်စေပါလိမ့်မယ်။

(၁၀) မနက်စာကိုပြည့်ဝအောင်စားပါ

သင်ဘယ်လောက်ပဲ အလျှင်လိုနေပါစေ။ မနက်စာကိုတော့ လုံးဝမေ့လို့ မဖြစ်ပါဘူး။ တစ်ညလုံး သင့်ရဲ့ဝမ်းဗိုက်ကအစာချက်နေတာကြောင့် မနက်စာစားပေးခြင်းဟာ သင့်ရဲ့ဝမ်းဗိုက်ကို ကူညီပေးရာရောက်ပြီး များပြားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိစေပါလိမ့်မယ်။ မနက်စာကို ကောင်းမွန်စွာစားပေးခြင်းဟာ သင်တစ်နေ့လုံး လုပ်ဆောင်သမျှအရာအားလုံးအတွက် အကောင်းဆုံးစွမ်းအင်တွေ ပေးနိုင်ပါလိမ့်မယ်။ဒီလိုပြုလုပ်တတ်တဲ့ အလေ့အထဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် နေ့စဉ်သတိနဲ့ ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ကိုအရင်ကထက် ပျော်ရွင်မှုတွေနဲ့၊ အောင်မြင်မှုတွေ ရရှိစေပါလိမ့်မယ်။

Unicode

နေ့စဉ်နေ့တိုင်း မနက် ၁၀ နာရီမထိုးခင် သင်အလုပ်သင့်ဆုံး အရာ (၁၀) ချက်

လူအတော်များများကတော့ မနက်ခင်းနိုးနိုးချင်း မထသေးပဲ တစ်မှေးလောက် ပြန်မှေးပြီးမှ ကျောင်း၊ ဒါမှမဟုတ် အလုပ်သွားဖို့အတွက် ပြင်ရဆင်ရနဲ့ plan မရှိပဲ မနက်ခင်းတိုင်းကို ဖြတ်ကျော်နေတတ်ကြပါတယ်။