Health Care

ပျက်စီးနေတဲ့ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ အရှည်ဆက်ထားလို့ရမယ့် နည်းလမ်း..

ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်က ပျက်စီးပြီးအားနည်းနေလို့၊ ခြောက်သွေ့ကြမ်းတမ်းနေလို့ ညှပ်ပစ်ရကောင်းမလားဆိုပြီး တွေဝေနေတဲ့ ပျိုမေလေးတွေအတွက် ပျက်စီးပြီး အားနည်းနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ ဆံပင်အရှည်ဆက်ထားလို့ရအောင်

ဒီနည်းလေးတွေနဲ့သာ ပေါင်းတင်ပေးလိုက်ပါ။ လွယ်ကူပြီး အကုန်အကျလည်းသက်သာလို့ လူကြိုက်များနေတဲ့နည်းလမ်းလေးတွေဆိုတော့ ပျိုမေတို့လည်း ကြိုက်မယ်လို့ ထင်ပါတယ်နော်..။

(၁) ဆံသားအတွင်းပိုင်းထိပြုပြင်ပေးမယ့်ပေါင်းတင်နည်း

ထောပတ်သီး တစ်ခြမ်း၊ ကြက်ဥအနှစ်တစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်းတို့ကို ရောပြီးး သမအောင်မွှေပါ။ ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင် လိမ်းပေးပြီး မိနစ် ၂၀ ထားပေးပါ။ ပြီးမှ ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။

ဆံသားပျက်စီးနေတာတွေကို အတွင်းပိုင်းအထိ ပြုပြင်ပေးတာကြောင့် ဆံပင်တွေညှပ်ထုတ်ပစ်ဖို့ မလိုအောင် ပြန်ကောင်းလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၂) ကြမ်းပြီးဖွာနေတဲ့ဆံပင်တွေအတွက်ပေါင်းတင်နည်း

အုန်းဆီသုံးဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ရောပီး ဦးရေပြားအနှံ့နဲ့ ဆံပင်အဖျားတွေအထိ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ပေးလိုက်ပါ။

ရေနွေးနဲ့မလျှော်ဖို့သတိပြုပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးမယ်ဆိုရင် ကြမ်းတမ်းပြီးဖွာထွက်နေတဲ့ ဆံပင်တွေကို ပြန်လည်ချောမွေ့လာစေပါလိမ့်မယ်။

(၃) ဆံပင်အရှည်မြန်စေတဲ့ပေါင်းတင်နည်း

ကြက်ဥတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်းကို ရောထားတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး shower cap လေးနဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပါ။

ရေအေးနဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပါ။ ဒီနည်းကို တစ်ပတ်နှစ်ခါလုပ်ပေးမယ်ဆိုရင် ဆံပင်တွေ သိသိသာသာအရှည်မြန်လာတာကိုတွေ့ရပါလိမ့်မယ်။

(၄) ဆံပင်အုံထူလာစေမယ့်ပေါင်းတင်နည်း

နေကြာဆီ နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောပြီး သမအောင်မွှေပါ။ ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပြီး ရေအေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်နှစ်ခါလောက် လုပ်ပေးရင် ဆံပင်ကျွတ်တာရပ်သွားပြီး ဆံပင်အုံထူလာစေပါတယ်။

(၅) ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့ပေါင်းတင်နည်း

ရှားစောင်းလက်ပပ် နှစ်ဇွန်း၊ ကြက်ဆူဆီနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း တို့ကို သမအောင်မွှေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ဆံပင်အမြစ်တွေကို အားပြန်ဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်တာတွေ သက်သာသွားစေပါလိမ့်မယ်။

Unicode

ပျက်စီးနေတဲ့ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ အရှည်ဆက်ထားလို့ရမယ့် နည်းလမ်း

ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်က ပျက်စီးပြီးအားနည်းနေလို့၊ ခြောက်သွေ့ကြမ်းတမ်းနေလို့ ညှပ်ပစ်ရကောင်းမလားဆိုပြီး တွေဝေနေတဲ့ ပျိုမေလေးတွေအတွက် ပျက်စီးပြီး အားနည်းနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ ဆံပင်အရှည်ဆက်ထားလို့ရအောင်

ဒီနည်းလေးတွေနဲ့သာ ပေါင်းတင်ပေးလိုက်ပါ။ လွယ်ကူပြီး အကုန်အကျလည်းသက်သာလို့ လူကြိုက်များနေတဲ့နည်းလမ်းလေးတွေဆိုတော့ ပျိုမေတို့လည်း ကြိုက်မယ်လို့ ထင်ပါတယ်နော်..။

(၁) ဆံသားအတွင်းပိုင်းထိပြုပြင်ပေးမယ့်ပေါင်းတင်နည်း

ထောပတ်သီး တစ်ခြမ်း၊ ကြက်ဥအနှစ်တစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်းတို့ကို ရောပြီးး သမအောင်မွှေပါ။ ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင် လိမ်းပေးပြီး မိနစ် ၂၀ ထားပေးပါ။ ပြီးမှ ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။

ဆံသားပျက်စီးနေတာတွေကို အတွင်းပိုင်းအထိ ပြုပြင်ပေးတာကြောင့် ဆံပင်တွေညှပ်ထုတ်ပစ်ဖို့ မလိုအောင် ပြန်ကောင်းလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၂) ကြမ်းပြီးဖွာနေတဲ့ဆံပင်တွေအတွက်ပေါင်းတင်နည်း

အုန်းဆီသုံးဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ရောပီး ဦးရေပြားအနှံ့နဲ့ ဆံပင်အဖျားတွေအထိ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ပေးလိုက်ပါ။

ရေနွေးနဲ့မလျှော်ဖို့သတိပြုပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးမယ်ဆိုရင် ကြမ်းတမ်းပြီးဖွာထွက်နေတဲ့ ဆံပင်တွေကို ပြန်လည်ချောမွေ့လာစေပါလိမ့်မယ်။

(၃) ဆံပင်အရှည်မြန်စေတဲ့ပေါင်းတင်နည်း

ကြက်ဥတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်းကို ရောထားတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး shower cap လေးနဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပါ။

ရေအေးနဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပါ။ ဒီနည်းကို တစ်ပတ်နှစ်ခါလုပ်ပေးမယ်ဆိုရင် ဆံပင်တွေ သိသိသာသာအရှည်မြန်လာတာကိုတွေ့ရပါလိမ့်မယ်။

(၄) ဆံပင်အုံထူလာစေမယ့်ပေါင်းတင်နည်း

နေကြာဆီ နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောပြီး သမအောင်မွှေပါ။ ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပြီး ရေအေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်နှစ်ခါလောက် လုပ်ပေးရင် ဆံပင်ကျွတ်တာရပ်သွားပြီး ဆံပင်အုံထူလာစေပါတယ်။

(၅) ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့ပေါင်းတင်နည်း

ရှားစောင်းလက်ပပ် နှစ်ဇွန်း၊ ကြက်ဆူဆီနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း တို့ကို သမအောင်မွှေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ဆံပင်အမြစ်တွေကို အားပြန်ဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်တာတွေ သက်သာသွားစေပါလိမ့်မယ်။ #Crd