မီးဖိုချောင် ပန်းကန်ဆေးသည့်နေရာက အသံတိတ်လူသတ်သမား လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။အိပ်ယာထဲကမထနိုင်သလိုအစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးကအရိုးပေါ် အရေတင်နေပါပြီ သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ချက်နားကစူးအောင့်ပြီးနာနေသလို ဝမ်းလဲချုပ်နေပါတယ်။ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့လေ။
ဖြစ်နိုင်ခြေကိုကျွန်တော်စဉ်းစားကြည့်ပါတယ် အစာအိမ်မှာအနာရှိသလား အူခေါက်သလားအူကင်ဆာလားပေါ့လေ။ စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့်ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။
ဆရာဝန်ကြီးက လူနာကိုချက်ချင်းဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ်။ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါပဲ။ Operation လုပ်ဖို့ကလဲရောဂါ အတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။အတိုချုံ့ပြောရရင်တော့ လူနာဟာခြောက်လအကြာမှာဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးချက်တွေအရအူမကြီးတစ်ခုလုံးပုပ်နေပါပြီ။
အူမကြီးကိုအသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ်။အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံး ပြုတဲ့ Steel အစလေးပါ အခန့်မသင့်ရင်အသက်တစ်ချောင်းဆုံးရှူံးတတ်တာကြောင့် အိုးတိုက်တဲ့သံစာဖတ်ကိုမသုံးစေချင်ပါဘူးခင်ဗျာ။
Credit – original
[zawgyi]
မီးဖိုေခ်ာင္ ပန္းကန္ေဆးသည့္ေနရာက အသံတိတ္လူသတ္သမား လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က ကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္နဲ႔ဆုံျဖစ္ပါတယ္။အိပ္ယာထဲကမထႏိုင္သလိုအစားအေသာက္ပါ မစားႏိုင္တဲ့အတြက္ လူတစ္ကိုယ္လုံးကအ႐ိုးေပၚ အေရတင္ေနပါၿပီ သူခံစားေနရတဲ့ေဝဒနာကို ေမးၾကည့္ေတာ့ခ်က္နားကစူးေအာင့္ၿပီးနာေနသလို ဝမ္းလဲခ်ဳပ္ေနပါတယ္။ေဆးခန္းျပေတာ့လဲ ပိုးသတ္ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြပဲေပးသတဲ့ေလ။
ျဖစ္ႏိုင္ေျခကိုကြၽန္ေတာ္စဥ္းစားၾကည့္ပါတယ္ အစာအိမ္မွာအနာရွိသလား အူေခါက္သလားအူကင္ဆာလားေပါ့ေလ။ စိတ္ထဲမွာမသကၤာလာတာနဲ႔ ေမေမ့တပည့္ခြဲစိတ္ဆရာဝန္ႀကီးဆီကို အႀကံဉာဏ္ေတာင္းခံခဲ့ပါတယ္။ဆရာဝန္ႀကီးက လူနာကိုခ်က္ခ်င္းေဆး႐ုံႀကီးကိုေခၚလာဖို႔နဲ႔ သူကိုယ္တိုင္လာၾကည့္မယ္လို႔ေျပာပါတယ္။ဓါတ္မွန္႐ိုက္ေတာ့လဲ ဘာမွမေပၚပါဘူး ဆရာဝန္ေတြေခါင္းစားရတဲ့ျပသနာပါပဲ။
Operation လုပ္ဖို႔ကလဲေရာဂါ အတိအက်မသိရတဲ့အတြက္ လုပ္ဖို႔မလြယ္ပါ။အတိုခ်ဳံ႕ေျပာရရင္ေတာ့ လူနာဟာေျခာက္လအၾကာမွာဆုံးပါးသြားတာပဲျဖစ္ပါတယ္။ ရင္ခြဲစစ္ေဆးခ်က္ေတြအရအူမႀကီးတစ္ခုလုံးပုပ္ေနပါၿပီ။ အူမႀကီးကိုအေသအျခာစစ္ေဆးေတာ့မွ အူနံရံမွာစိုက္ဝင္ေနတဲ့ Steel စေလးကိုေတြ႕ရပါတယ္။အဲဒီ Steel စေလးက ပန္းကန္ေတြေဆးရာမွာအသုံးျပဳတဲ့ Steel အစေလးပါ အခန႔္မသင့္ရင္အသက္တစ္ေခ်ာင္းဆုံးရႉံးတတ္တာေၾကာင့္ အိုးတိုက္တဲ့သံစာဖတ္ကိုမသုံးေစခ်င္ပါဘူးခင္ဗ်ာ။
Post navigation