ဗဟုသုတ

ဒယ်နီ ၊ ဒယ်ပြာ သုံးသူတိုင်း သိထားသင့်သည့် အသုံးဝင်တဲ့ နည်းလမ်းလေးများ…

ဒယ်နီ ၊ ဒယ်ပြာ သုံးသူတိုင်း သိထားသင့်သည့် အသုံးဝင်တဲ့ နည်းလမ်းလေးများ…

မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။ အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေ အတွက် အသုံးတဲ့ စေမယ့် အချက်လေးတွေ ကျွန်တော် ထပ်ထည့် ပေးလိုက်ပါတယ်။

1️. ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုး အလျော့ လုပ်လို့ ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀မသုံးသင့်ပါဘူး။

2️. အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် *ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတောရင်း* အဲလို ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမ်း အိုးကိုပူစေချင်တယ် ဆိုရင် အတိုးအလျော့ ဘုလေးကို အဆုံးထိ တင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူူး။

ဒီနေရာမှာ အကြံပေးချင်တာက ဘုကို အဆုံးထိထားပြီး ဟင်းချက်ပြီးရင် ခလုတ်ပိတ် ပလပ်ဖြုတ်ပါ။ ဒါဆို ဘုကို အတိုးအလျော့မကစားပဲ အဆုံးမှာပဲ ထားခိုင်းတဲ့ သဘောဖြစ်ပါတယ်။ ကောင်းကျိုးက ဘုပျက်ခြင်း ကျိုးခြင်းမှ ကင်းဝေးနိုင်ပါပြီ။ မီးဆွဲအား ရှိနိုင်ပေမယ့် ကိုယ်ကခိုင်ခံ့သော အထိုင်နဲ့ သုံးတယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိပါဘူးနော်။

3️. ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။ရိုးရိုး အိုးဖြူဖြစ်ဖြစ် non-stick မကပ်တဲ့ အိုးမည်းဖြစ်ဖြစ် ဂျိုးကပ်တယ်လို့ ခဏခဏ ကျွန်တော်တို့ဆိုင်မှ ဝယ်သူကောင်းတွေဆီမှ အမြဲကြားရပါတယ်။ တကယ်တော့ အဓိကဒီအချက်ကြောင့်ပါပဲ။ထမင်းပေါင်းအိုးတွေရဲ့ ထုံးစံမှာတစ်ခါ သိုးဖူးသွားရင် ဘယ်လောက်ဆေးဆေး နောက်ပိုင်း အသိုးလွယ်တာမျိုးကို ကြားဖူး တွေ့ဖူူးကြမှာပါ။

ဒါလည်း ဒီသဘောပါပဲ …အိုးဖြူဆို ကြော်လှော်တဲ့အခါ ကိုယ်က တစ်ခြား အလုပ်လုပ်နေလို့ ပစ်ထားမိပြီး ကပ်သွားပြီ ဆိုရင်နောက်ပိုင်းလည်း ဘယ်လောက်ဆေးဆေး ကပ်ဖို့ အားသာနေပါပြီ ။ (ချွင်းချက်အနေနဲ့ တစ်ခါတစ်လေ အိုးက မီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်)

4. နောက်တစ်ချက်က Non-Stick အိုးပါ။ မကပ်တဲ့အိုးဆိုပြီး ဘာလို့ကပ်လဲ။ ဒါကကျတော့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အချိန်မှာ တော်တော် များများ က ထုံးစံအတိုင်း စတီးဇွန်း သံဇွန်းနဲ့ သုံးကြတာများပါတယ်။

(ကျွန်တော့် အမေအပါအဝင်ပေါ့) အဲဒီတော့ မွှေရင်း ခြစ်မိတဲ့ အခါကျတော့Non-Stick ကနေ မ Non-Stick ဖြစ်လာတဲ့ သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။တကယ်တော့ Non-Stick က သစ်သားယောက်မ(သို့မဟုတ်) သူနဲ့တွဲသုံးရတဲ့ ဇွန်းတွေ ယောက်မတွေ ရှိပါတယ်။

အဲဒါလေးတွေနဲ့ဆိုရေရှည် အဆင်ပြေစွာ သုံးနိုင်ပါတယ်။ (city mart, ocean တွေမှာ ဝယ်လို့ရနိုင်သလို ကျွန်တော်တို့လည်း တွဲရောင်းပေးဖို့ စီစဉ်နေကြပါပြီ)။

5️. နောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေထမင်းတွေကို ဘယ်လို လွယ်ကူအောင်ခွာမလဲ ဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။ လွယ်ပါတယ်။ ကပ်နေတဲ့ အိုးထဲကို ရေအနည်းငယ် ချိန်ထည့်ပြီး ပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိ ထားလိုက်ရုံပါပဲ ..

ဒါဆို ကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ ရပါလိမ့်မယ်။6️. ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်း ဘယ်လို ရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်။

ဆေးတာကတော့ အဓိကအိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။ အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင် အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင် အထူးအဆင်ပြေ ပါတယ်နော်။

အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေ ကပ်နေတဲ့ ရေစက်လေးတွေ အငွေ့ပြန်သွားတဲ့ အထိ အပူပေးထားပါ ။ ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။ ဒါဆို နောက်တစ်ခါ ချက်ဖို့အတွက် အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာ ကိုလည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။

7️. သြော် ဓာတ်လိုက်တယ် ဆိုလို့ ဒယ်နီကို ချက်တဲ့အချိန် သုံးတဲ့ဇွန်းက လက်ကိုင်ကိုင်း ကော် (သို့မဟုတ်) သစ်သား ဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။တစ်ချို့ ဒယ်နီတွေက ဆေးကြောနည်းအလွဲ (သို့မဟုတ်) သုံးတာကြာ ရင်earth (အက်) ဝင်တတ်ပြီး ဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့် အမှတ်တမဲ့ လန့်နိုင်တာမို့ ကျွန်တော် မိတ်ဆွေကောင်းတွေ မဖြစ်ရလေအောင် အထူး အကြံပေးလိုက်ရပါတယ်။

ကဲ ဒီလောက်ဆို အိမ်ရှင်မအိမ်ရှင်ထီးများ ဒယ်နီအိုးတွေကို ဘယ်လို သတိထားသုံးရမလဲ၊ ဘာတွေဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုတာရှည်ခံအောင် သုံးရမယ် ဆိုတာတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်။

ခုရေးသားထားတဲ့ ကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်း ကောင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ မိတ်ဆွေလိုပဲ အခြား မိတ်ဆွေကောင်းများလည်း သိခွင့်ရအောင် ပြန်လည်မျှေ၀ပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။

Credit.

Zawgyi. .

ဒယ္နီ ၊ ဒယ္ျပာ သုံးသူတိုင္း သိထားသင့္သည့္ အသုံးဝင္တဲ့ နည္းလမ္းေလးမ်ား…

မိတ္ေဆြေကာင္းတို႔ အိမ္အမ်ားစုမွာ ဒယ္နီ ဒယ္ျပာ ဒယ္ခရမ္း တို႔ကို ေတာ္ေတာ္မ်ားမ်ား အသုံးျပဳၾကမွာပါ။ အလုံးေပါင္းမနည္း ပ်က္လိုက္ ဝယ္လိုက္နဲ႕ ကြၽမ္းက်င္စြာ သုံးေနၾကတဲ့သူေတြရွိသလို ဝယ္ၿပီးတာနဲ႕ စနစ္တက် တန္းသုံးတတ္တဲ့ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။

ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ မိတ္ေဆြေကာင္းေတြ အတြက္ အသုံးတဲ့ ေစမယ့္ အခ်က္ေလးေတြ ကြၽန္ေတာ္ ထပ္ထည့္ ေပးလိုက္ပါတယ္။

1️. ဒယ္နီအမ်ားစု အားလုံးနီးပါးမွာ မီးဆြဲအား 2000W ရွိၿပီး မီးအတိုး အေလ်ာ့ လုပ္လို႔ ရတာေၾကာင့္ Extension Cord (ႀကိဳးေခြအဝိုင္းမ်ား)ႏွင့္ လုံး၀မသုံးသင့္ပါဘူး။

2️. အခုေနာက္ပိုင္း ထြက္သမွ် ဒယ္နီေတြမွာ Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ပါလို႔ အတိုးအေလ်ာ့ ဘုေလးကို အဆုံးထိမထားပဲ လိုသလို ခ်ိန္သုံးရင္ *ခ်က္ေနရင္း ဆီပူမယ္ ႀကံရင္း အိုးက မပူေတာရင္း* အဲလို ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္က ဟင္းခ်က္ေနရင္း အၿမဲတမ္း အိုးကိုပူေစခ်င္တယ္ ဆိုရင္ အတိုးအေလ်ာ့ ဘုေလးကို အဆုံးထိ တင္ထားရင္ အဆင္ေျပၿပီး Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ကလည္း အလုပ္မလုပ္ေတာ့ပါဘူူး။

ဒီေနရာမွာ အႀကံေပးခ်င္တာက ဘုကို အဆုံးထိထားၿပီး ဟင္းခ်က္ၿပီးရင္ ခလုတ္ပိတ္ ပလပ္ျဖဳတ္ပါ။ ဒါဆို ဘုကို အတိုးအေလ်ာ့မကစားပဲ အဆုံးမွာပဲ ထားခိုင္းတဲ့ သေဘာျဖစ္ပါတယ္။ ေကာင္းက်ိဳးက ဘုပ်က္ျခင္း က်ိဳးျခင္းမွ ကင္းေဝးနိုင္ပါၿပီ။ မီးဆြဲအား ရွိနိုင္ေပမယ့္ ကိုယ္ကခိုင္ခံ့ေသာ အထိုင္နဲ႕ သုံးတယ္ဆိုရင္ ဘာမွ စိတ္ပူစရာ မရွိပါဘူးေနာ္။

3️. ဂ်ိဳးကပ္တဲ့ အေၾကာင္းေလး ေျပာေပးခ်င္ပါတယ္။ရိုးရိုး အိုးျဖဴျဖစ္ျဖစ္ non-stick မကပ္တဲ့ အိုးမည္းျဖစ္ျဖစ္ ဂ်ိဳးကပ္တယ္လို႔ ခဏခဏ ကြၽန္ေတာ္တို႔ဆိုင္မွ ဝယ္သူေကာင္းေတြဆီမွ အၿမဲၾကားရပါတယ္။ တကယ္ေတာ့ အဓိကဒီအခ်က္ေၾကာင့္ပါပဲ။ထမင္းေပါင္းအိုးေတြရဲ႕ ထုံးစံမွာတစ္ခါ သိုးဖူးသြားရင္ ဘယ္ေလာက္ေဆးေဆး ေနာက္ပိုင္း အသိုးလြယ္တာမ်ိဳးကို ၾကားဖူး ေတြ႕ဖူူးၾကမွာပါ။

ဒါလည္း ဒီသေဘာပါပဲ …အိုးျဖဴဆို ေၾကာ္ေလွာ္တဲ့အခါ ကိုယ္က တစ္ျခား အလုပ္လုပ္ေနလို႔ ပစ္ထားမိၿပီး ကပ္သြားၿပီ ဆိုရင္ေနာက္ပိုင္းလည္း ဘယ္ေလာက္ေဆးေဆး ကပ္ဖို႔ အားသာေနပါၿပီ ။ (ခြၽင္းခ်က္အေနနဲ႕ တစ္ခါတစ္ေလ အိုးက မီးမညီတာမ်ိဳးေၾကာင့္လည္း ျဖစ္တတ္ပါတယ္)

4. ေနာက္တစ္ခ်က္က Non-Stick အိုးပါ။ မကပ္တဲ့အိုးဆိုၿပီး ဘာလို႔ကပ္လဲ။ ဒါကက်ေတာ့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အခ်ိန္မွာ ေတာ္ေတာ္ မ်ားမ်ား က ထုံးစံအတိုင္း စတီးဇြန္း သံဇြန္းနဲ႕ သုံးၾကတာမ်ားပါတယ္။

(ကြၽန္ေတာ့္ အေမအပါအဝင္ေပါ့) အဲဒီေတာ့ ေမႊရင္း ျခစ္မိတဲ့ အခါက်ေတာ့Non-Stick ကေန မ Non-Stick ျဖစ္လာတဲ့ သေဘာျဖစ္ၿပီး အားရပါးရကပ္ေတာ့တာပါပဲ။တကယ္ေတာ့ Non-Stick က သစ္သားေယာက္မ(သို႔မဟုတ္) သူနဲ႕တြဲသုံးရတဲ့ ဇြန္းေတြ ေယာက္မေတြ ရွိပါတယ္။

အဲဒါေလးေတြနဲ႕ဆိုေရရွည္ အဆင္ေျပစြာ သုံးနိုင္ပါတယ္။ (city mart, ocean ေတြမွာ ဝယ္လို႔ရနိုင္သလို ကြၽန္ေတာ္တို႔လည္း တြဲေရာင္းေပးဖို႔ စီစဥ္ေနၾကပါၿပီ)။

5️. ေနာက္ အိုးကပ္တာေျပာရင္း တစ္ဆက္တည္း အိုးမွာကပ္ေနတဲ့ ဟင္းေတြထမင္းေတြကို ဘယ္လို လြယ္ကူေအာင္ခြာမလဲ ဆိုတဲ့နည္းေလးပါ ေျပာေပးပါ့မယ္။ လြယ္ပါတယ္။ ကပ္ေနတဲ့ အိုးထဲကို ေရအနည္းငယ္ ခ်ိန္ထည့္ၿပီး ပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး ေရဆူတဲ့အထိ ထားလိုက္႐ုံပါပဲ ..

ဒါဆို ကပ္ေနတာေတြအကုန္ သူ႕အလိုလို ကြာလာတာေတြ႕ ရပါလိမ့္မယ္။6️. ဒါဆိုတစ္ဆက္တည္း ေဆးေၾကာပုံနဲ႕ ေဆးေၾကာၿပီးေနာက္ပိုင္း ဘယ္လို ေရရွည္ခံေအာင္လုပ္ရမလဲဆိုတာေလးေျပာေပးပါ့မယ္။

ေဆးတာကေတာ့ အဓိကအိုးတစ္ခုလုံးကို မေဆးမိဖို႔ပါပဲ။ အိုးအထဲပိုင္းထဲေရထည့္ ဆပ္ျပာနဲ႕ေဆးၿပီးရင္ အိုးအျပင္ကို ေရစိုေဖာ့ဖတ္ေလးနဲ႕ တိုက္ေပးရင္ အထူးအဆင္ေျပ ပါတယ္ေနာ္။

အိုးကို စိတ္ႀကိဳက္ေဆးေၾကာၿပီးၿပီဆိုတာနဲ႕ မီးပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး အိုးမွာရွိေန ကပ္ေနတဲ့ ေရစက္ေလးေတြ အေငြ႕ျပန္သြားတဲ့ အထိ အပူေပးထားပါ ။ ေျခာက္ေသြ႕သြားၿပီဆို ျပန္ပိတ္ထားလိုက္ပါ။ ဒါဆို ေနာက္တစ္ခါ ခ်က္ဖို႔အတြက္ အဆင္သင့္ျဖစ္သလို ဓာတ္လိုက္မွာ ကိုလည္းေတြးေၾကာက္ေနစရာ မလိုေတာ့ဘူးေပါ့။

7️. ေၾသာ္ ဓာတ္လိုက္တယ္ ဆိုလို႔ ဒယ္နီကို ခ်က္တဲ့အခ်ိန္ သုံးတဲ့ဇြန္းက လက္ကိုင္ကိုင္း ေကာ္ (သို႔မဟုတ္) သစ္သား ျဖစ္ဖို႔ကို အႀကံေပးခ်င္ပါတယ္။တစ္ခ်ိဳ႕ ဒယ္နီေတြက ေဆးေၾကာနည္းအလြဲ (သို႔မဟုတ္) သုံးတာၾကာ ရင္earth (အက္) ဝင္တတ္ၿပီး ဓာတ္လိုက္တတ္လို႔ အႏၱရာယ္မမ်ားေပမယ့္ အမွတ္တမဲ့ လန႔္နိုင္တာမို႔ ကြၽန္ေတာ္ မိတ္ေဆြေကာင္းေတြ မျဖစ္ရေလေအာင္ အထူး အႀကံေပးလိုက္ရပါတယ္။

ကဲ ဒီေလာက္ဆို အိမ္ရွင္မအိမ္ရွင္ထီးမ်ား ဒယ္နီအိုးေတြကို ဘယ္လို သတိထားသုံးရမလဲ၊ ဘာေတြဘယ္လို ကာကြယ္ရမယ္၊ ဘယ္လိုတာရွည္ခံေအာင္ သုံးရမယ္ ဆိုတာေတြကို သိသြား တတ္သြားၿပီလို႔ အထူး ယုံၾကည္ပါတယ္။

ခုေရးသားထားတဲ့ ေၾကာင္းရာေတြက မိတ္ေဆြ သူငယ္ခ်င္း ေကာင္းမ်ားအတြက္ အက်ိဳးေက်းဇူးတစ္ခုရတယ္ဆိုရင္ပဲ ေက်နပ္ပါၿပီ။ မိတ္ေဆြလိုပဲ အျခား မိတ္ေဆြေကာင္းမ်ားလည္း သိခြင့္ရေအာင္ ျပန္လည္ေမွ်၀ေပးလိုက္ပါဦးလို႔ တိုက္တြန္းခ်င္ပါတယ္။

Credit