ၾကားသိရသမွ်

ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်

ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်

ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ် ပုံအကြောင်း မြွေမင်းသမီးလေး ရွှေလဲ့ တင်ထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဒီမြွေရှိတဲ့ နေရာပြောပြပေးနိုင်သူရှိပါသလားရှင်။ သဘာဝလွန် စေတနာလွန် အစားတွေနင်းကန်ကြွေး Force feeding လုပ်ထားပုံရပါတယ်။

ဘေးက ကန်တော့ နဲ့ လောင်းထည့်တယ်လို့ယူဆရပြီး မြွေက ကြွက်သားသန်မာမှုမရှိ အဆီပိတ်ပြီး ပူဖောင်းမှူတ်ထည့်သလိုဖြစ်နေပါပြီ။

သူ့ကို ကယ်နိုင်ရင်တောင် သဘာဝထဲ ပြန်လွှတ်ဖို့မလွယ်လှပါဘူး။ သူ့လို နောက်တကောင်ကို ထပ်လုပ်မှာတော့ အရမ်းကိုစိတ်ပူလို့ပါ။ သတ္တဝါ ဟူသမျှ စာနာစိတ်လေးနဲ့ ရှင်သန်ကြရင်အကောင်းဆုံးပါ။

သတ္တဝါတွေရဲ့ ငရဲက ဘုရားစေတီတွေနား ရှိနေတာ အင်မတန်စိတ်မကောင်းစရာအမှန်တရားတခုပါပဲ ရှေ့ဆက်ပြီး ဘယ်ဘုရားမှာ ဘာမြွေတွေရှိတယ်ဆိုတာ စာရင်းပြုစုနေတာမို့ သိသူများလည်းပူးပေါင်းပါဝင်ပေးကြပါအုံးရှင်။ ပြိုင်တူတွန်းရင်ရွေ့မှာပါ။ နောက်ဆက်တွဲ – မန္တလေးတိုင်း ကံကြီးမရွာက ဘုရားမှာလို့ သိရပါတယ်။ (မြွေမင်းသမီးလေး မရွှေလဲ့) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Credit to Blacker

 

ဘုရားေႁမြအျဖစ္နဲ႔ ဝဋ္ခံေနရတဲ့ ေႁမြႀကီးတေကာင္ရဲ႕ ဝမ္းနည္းဖြယ္ အျဖစ္အပ်က္

ဘုရားေႁမြအျဖစ္နဲ႔ ဝဋ္ခံေနရတဲ့ ေႁမြႀကီးတေကာင္ရဲ႕ ဝမ္းနည္းဖြယ္ ပုံအေၾကာင္း ေႁမြမင္းသမီးေလး ေ႐ႊလဲ့ တင္ထားတဲ့ ပို႔စ္ကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

ဒီေႁမြရွိတဲ့ ေနရာေျပာျပေပးႏိုင္သူရွိပါသလားရွင္။ သဘာဝလြန္ ေစတနာလြန္ အစားေတြနင္းကန္ေႂကြး Force feeding လုပ္ထားပုံရပါတယ္။

ေဘးက ကန္ေတာ့ နဲ႔ ေလာင္းထည့္တယ္လို႔ယူဆရၿပီး ေႁမြက ႂကြက္သားသန္မာမႈမရွိ အဆီပိတ္ၿပီး ပူေဖာင္းမႉတ္ထည့္သလိုျဖစ္ေနပါၿပီ။

သူ႔ကို ကယ္ႏိုင္ရင္ေတာင္ သဘာဝထဲ ျပန္လႊတ္ဖို႔မလြယ္လွပါဘူး။ သူ႔လို ေနာက္တေကာင္ကို ထပ္လုပ္မွာေတာ့ အရမ္းကိုစိတ္ပူလို႔ပါ။ သတၱဝါ ဟူသမွ် စာနာစိတ္ေလးနဲ႔ ရွင္သန္ၾကရင္အေကာင္းဆုံးပါ။

သတၱဝါေတြရဲ႕ ငရဲက ဘုရားေစတီေတြနား ရွိေနတာ အင္မတန္စိတ္မေကာင္းစရာအမွန္တရားတခုပါပဲ ေရွ႕ဆက္ၿပီး ဘယ္ဘုရားမွာ ဘာေႁမြေတြရွိတယ္ဆိုတာ စာရင္းျပဳစုေနတာမို႔ သိသူမ်ားလည္းပူးေပါင္းပါဝင္ေပးၾကပါအုံးရွင္။ ၿပိဳင္တူတြန္းရင္ေ႐ြ႕မွာပါ။ ေနာက္ဆက္တြဲ – မႏၲေလးတိုင္း ကံႀကီးမ႐ြာက ဘုရားမွာလို႔ သိရပါတယ္။ (ေႁမြမင္းသမီးေလး မေ႐ႊလဲ့) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Credit to Blacker