Weather

Global warming ၂၀၂၃ ဧပြီလမှ ၂၀၂၄ ဇန်နဝါရီလ အတွင်း အယ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်

Global warming …၂၀၂၃ ဧပြီလမှ ၂၀၂၄ ဇန်နဝါရီလ အတွင်း အယ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်

Global warming ⚠⚠⚠

၂၀၂၃ ဧပြီလမှ ၂၀၂၄ ဇန်နဝါရီလ အတွင်း အယ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်ပါတယ် လဝေးလည်း ခန့်မှန်းပေးထားခဲ့တာရှိပါတယ်

#NOAA

Su Su San မင်း ဂွတ် သီး

30/03/2023

မြန်မာတစ်နိုင်ငံလုံးမှာ

မိုးရွာသွန်းနိုင်တဲ့အလားအလာ မရှိပဲ ရာသီဥတုကြည်လင်သာယာနေပါလိမ့်မယ်

issued time

30/03/2023 6:50am(MMT)

ဧပြီလ (၂)ရက်နှင့် (၃)ရက်နေ့များတွင် မိုးကြီးမယ့်ဒေသများနှင့် မိုးရွာသွန်းနိုင်သည့်ဒေသများကို သတိပေးလာတဲ့ မိုးမင်းသမီးလေးစုစုစံ

02/04/2023 ရက်နေ့နှင့် 03/ 04/2023 ရက်နေ့များတွင်

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၃ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးရွာနိုင်ပြီး

၂၀၂၃ ဧပြီလ ၂ရက်နေ့တွင်း ဟားခါး ထန်တလန် ဖလမ်း တီးတိန် တွန်းဇံ ခမ်းပတ် ကလေးမြို့များတွင် မိုးကြီးနိုင်ပါတယ်

နေ့စဉ်မိုးလေဝသသတင်း