ယနေ့တိုင် တည်ရှိနေပြီး ရထား ဖြတ်သန်းသွားရာ မန္တလေးက ထူးခြားတဲ့ သူရဲဈေး
ဘန်ကောက်က ဈေးတဈေးက ရထားလမ်းပေါ် ဆောက်ထားလို့ သွားကြည့်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ရှိပါတယ်။
ရထားလာချိန်မှာ ဈေးသည်တွေ ဈေးဗန်းတွေ ပြန်သိမ်းကြ၊ ရထားဖြတ်ပြီးတော့ ပြန်ခင်းကြတာကို အထူးတဆန်း အနေနဲ့ လာပြီး ဓာတ်ပုံ ရိုက်ကြတာပါ။
ဒီလိုဈေးမျိုး မြန်မာပြည်မှာ ရှိတာကိုတော့ လူသိနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့က သူရဲဈေးပါ။
မြန်မာဘုရင်တွေ ခေတ်က သူရဲတပ်သားတွေရဲ့ နေရပ်မှာ ဈေးဖွင့်လို့ သူရဲဈေးလို့ ခေါ်ပါတယ်။
သူတို့က ရေကြက်နဲ့ တခြားကျေးငှက်သားတွေ ရောင်းချတတ်လို့ မန္တလေးက လူတွေ ဈေးလာဝယ်တတ်ကြပါတယ်။
ဈေးပေါပြီး သားငါး အသီးအရွက်တွေလတ်ဆတ်လို့ သူရဲဈေးကို ဈေးဝယ်သူတွေ သဘောကျကြပါတယ်။
တောသည်တွေနဲ့ စည်တဲ့ သူရဲဈေး ဘူတာနားမှာ ဖွင့်တဲ့ သူရဲဈေးဟာ ရှေးကတည်းက ရှိတဲ့ဈေးလို့လည်း စာရေးဆရာ နတ်မောက်ထွန်းရှိန်က ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည် စာအုပ်မှာ ရေးပါတယ်။
မန္တလေးမှာ ရှိခဲ့တဲ့ ဈေးတချို့ ကွယ်ပျောက်သွားခဲ့ပေမယ့် သူရဲဈေးကတော့ ကျန်နေပါတယ်။
သူရဲဈေးနားက သူရဲတပ် ဓမ္မာရုံက သူရဲတပ် အရုဏ်တော် အသင်းကလည်း မြို့တည်ခါစလောက်ကတည်းက ရှိခဲ့တဲ့ အရုဏ်တော် အသင်း ဖြစ်ပါတယ်။
ဘန်ကောက်ဈေးမှာ တရက်ကို အသွားအပြန် (၈)ခါ ရထား ဖြတ်ပေမယ့် သူရဲဈေးကတော့ တနေ့ကို နှစ်ကြိမ်ပဲ ရထားအဝင်အထွက် ရှိတယ်လို့ သိရပါတယ်။ ။
Credit – BBC
unicode
ယနေ့ထိတိုင် တည်ရှိနေပြီး ရထား ဖြတ်သန်းသွားရာ မန္တလေးက ထူးခြားတဲ့ သူရဲစျေး …
ယနေ့တိုင် တည်ရှိနေပြီး ရထား ဖြတ်သန်းသွားရာ မန္တလေးက ထူးခြားတဲ့ သူရဲစျေး …
(ဒီလို အံ့ဩဖွယ်ရာတွေ ရှိပေမယ့် ယနေ့တိုင် လူသိနည်းလှပါသည်)
ဘန်ကောက်က စျေးတစျေးက ရထားလမ်းပေါ် ဆောက်ထားလို့ သွားကြည့်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ရှိပါတယ်။
ရထားလာချိန်မှာ စျေးသည်တွေ စျေးဗန်းတွေ ပြန်သိမ်းကြ၊ ရထားဖြတ်ပြီးတော့ ပြန်ခင်းကြတာကို အထူးတဆန်း အနေနဲ့ လာပြီး ဓာတ်ပုံ ရိုက်ကြတာပါ။
ဒီလိုစျေးမျိုး မြန်မာပြည်မှာ ရှိတာကိုတော့ လူသိနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့က သူရဲစျေးပါ။
မြန်မာဘုရင်တွေ ခေတ်က သူရဲတပ်သားတွေရဲ့ နေရပ်မှာ စျေးဖွင့်လို့ သူရဲစျေးလို့ ခေါ်ပါတယ်။
နန်းမြို့ရိုးရဲ့ မြောက်ဘက်က ကျုံးနဲ့ မလှမ်းမကမ်းမှာ ရှိတာပါ။ အရင်က မတ္တရာသွားတဲ့ ရထားလမ်းက မန္တလေး နန်းမြို့ရိုးကို ဖြတ်သွားပါတယ်။
အခု သူရဲစျေး ဘူတာက ထွက်ပါတယ်။ တောင်ပြုန်းပွဲလာ ရထားစီး ခရီးသည်တွေ ဝါခေါင်လ တောင်ပြုန်းပွဲချိန်မှာဆိုရင် ဒီဘူတာလေးမှာ လူတိုးမပေါက်ပါဘူး။
တဖြည်းဖြည်းခုတ်တဲ့ ရထားလမ်းတလျှောက်မှာလည်း ပိုက်ဆံကြဲဖို့ တောင်းတဲ့သူတွေ ရှိသလို ရထားပေါ်မှာလည်း လူတွေ ပြည့်နေတတ်ပါတယ်။
ကျန်တဲ့အချိန်မှာတော့ လူသွားလူလာ နည်းပါတယ်။ မနက်ခင်း စျေးစည်တဲ့အချိန်မှာ ရထားနှစ်ကြိမ်ဆိုက်ပြီး မတ္တရာက ကျေးလက်စျေးသည်တွေ လာစျေးထွက်တတ်ပါတယ်။
သူတို့က ရေကြက်နဲ့ တခြားကျေးငှက်သားတွေ ရောင်းချတတ်လို့ မန္တလေးက လူတွေ စျေးလာဝယ်တတ်ကြပါတယ်။
စျေးပေါပြီး သားငါး အသီးအရွက်တွေလတ်ဆတ်လို့ သူရဲစျေးကို စျေးဝယ်သူတွေ သဘောကျကြပါတယ်။
တောသည်တွေနဲ့ စည်တဲ့ သူရဲစျေး ဘူတာနားမှာ ဖွင့်တဲ့ သူရဲစျေးဟာ ရှေးကတည်းက ရှိတဲ့စျေးလို့လည်း စာရေးဆရာ နတ်မောက်ထွန်းရှိန်က ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည် စာအုပ်မှာ ရေးပါတယ်။
မန္တလေးမှာ ရှိခဲ့တဲ့ စျေးတချို့ ကွယ်ပျောက်သွားခဲ့ပေမယ့် သူရဲစျေးကတော့ ကျန်နေပါတယ်။
သူရဲစျေးနားက သူရဲတပ် ဓမ္မာရုံက သူရဲတပ် အရုဏ်တော် အသင်းကလည်း မြို့တည်ခါစလောက်ကတည်းက ရှိခဲ့တဲ့ အရုဏ်တော် အသင်း ဖြစ်ပါတယ်။
ဘန်ကောက်စျေးမှာ တရက်ကို အသွားအပြန် (၈)ခါ ရထား ဖြတ်ပေမယ့် သူရဲစျေးကတော့ တနေ့ကို နှစ်ကြိမ်ပဲ ရထားအဝင်အထွက် ရှိတယ်လို့ သိရပါတယ်။ ။
Credit – BBC