ကျန်းမာရေးအတွက် မာလကာရွက်၏ အစွမ်းထက်ပုံများ
နေအိမ်အများစုမှာ မာလ ကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။
မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေကူးစက်တာကို ကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါ တယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချ ချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြားဓာတ်ပမာဏကို လျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက်လက်ဖက် ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအ ကျိုးမပြုတဲ့ ကိုလက်စထရောတွေ ကိုဖယ်ရှားပေးနိုင် တယ်လို့ဆိုပါ တယ်။
ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင် ပြန်ပါတယ်။ နောက်ပြီး အစာအ ဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ်တာတွေကို လည်း သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်း မာ လကာရွက်နဲ့ ကုသနိုင်ပါသေး တယ်။
သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင် လည်း မာလကာရွက်လတ်လတ် ဆတ်ဆတ်ကိုချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင်ပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်မို့ မာလ ကာရွက်ကို သွားတိုက်ဆေးထုတ် လုပ်ရာမှာထည့်သွင်းကြပါတယ်။ ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာ လကာရွက်ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။
မာလကာရွက်ကို သွေးလွန် တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အ သုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက်သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင်ပျောက်ကင်းနိုင်ပါ တယ်။
အရေပြားအရောင်မမှန်တာ တွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကို လည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါ တယ်။
ဒါတင်မကသေးဘဲ မာလ ကာရွက်လက်တစ်ဆုပ်စာကို ရေ တစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့ အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ် နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါ တယ်