ဆင္သမားတစ္ေယာက္ ဆင္စီးရင္း ေခ်ာင္းနိမ့္တစ္ခုကိုျဖတ္ရာတြင္ ဒုကၡႏွင့္ လွလွ ေတြ႕ေနသည္။ ဆင္ကိုခြၽန္းႏွင့္ဘယ္လို ဆြဆြ၊ပါးစပ္မွေအာ္ၿပီးဘယ္လို လွန႔္လွန႔္ ဆင္က ေခ်ာင္းကိုမျဖတ္၊ ေခ်ာင္းစပ္တြင္သာရပ္၍ တဝူးဝူးေအာ္ေနသည္။
ဘာေၾကာင့္ပါလိမ့္… ျမန္မာႏိုင္ငံ အထက္ပိုင္း ကခ်င္ျပည္နယ္တဝိုက္ႏွင့္ ထိုင္းႏိုင္ငံအတြင္း သစ္ေတာနယ္ေျမတခ်ိဳ႕တဝက္တြင္ ဆင္သမားမ်ား(ဆင္စခန္းတြင္အလုပ္လုပ္ကိုင္သူမ်ား၊ ဆင္ဦးစီးမ်ား)အၾကား အေျပာမ်ားတဲ့ ဒ႑ာရီဆန္ဆန္ သတၱဝါတစ္မ်ိဳးရွိပါတယ္။
ထိုသတၱဝါဟာ ႀကီးႀကီးမားမားအေကာင္မ်ိဳးမဟုတ္တဲ့အျပင္ အသြင္သ႑ာန္မွာ ခ်စ္စရာပင္ေကာင္းပါေသးတယ္။ ဒါေပမဲ့ေလွ်ာ့တြက္လို႔မရပါ။
ပါးစပ္ရာဇဝင္ေတြအရ ဒီအေကာင္ေၾကာင့္လူေသမႈမ်ားရွိခဲ့တဲ့အျပင္ ဆင္တစ္ေကာင္လုံးကိုပါ တုန္းခနဲလဲသြားေစႏိုင္ေလာက္ေအာင္ အဆိပ္ျပင္းပါတယ္တဲ့။
အထူးဆန္းဆုံးအခ်က္က သူတို႔ဟာ ကုန္းသတၱဝါေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ဆင္ေတြနဲ႔ တေထရာတည္းတူၿပီး လက္တဆုပ္သာသာအ႐ြယ္အစားပဲ ရွိပါတယ္။
ဟုတ္ပါတယ္၊ သူတို႔ကေတာ့အမ်ားက ေရဆင္လို႔သိၾကတဲ့ ခ်စ္စရာ ဒ႑ာရီဆန္ဆန္သတၱဝါေလးေတြပဲ ျဖစ္ပါတယ္။
ေရဆင္ကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့ရတယ္ဆိုတဲ့ မ်က္ျမင္သက္ေသေတြရဲ႕ အခ်က္အလက္ေတြကိုၾကည့္ရေအာင္…
၁၉၇၀၊ ၾသဂုတ္လ ၁၃ ရက္၊ လုပ္သားျပည္သူ႔ေန႔စဥ္ သတင္းစာမွာ ေရဆင္ႏွစ္ေကာင္ဖမ္းမိတဲ့ သတင္း ပါလာခဲ့ပါတယ္။
သံတြဲၿမိဳ႕မွာေနတဲ့ တိကုဆရာဝန္ ဦးဘၿမိဳင္ဟာေပါက္ေတာၿမိဳ႕ ၊ ဘ႐ြန္ဂါကြၽန္းအုပ္စုထဲမွာပါတဲ့ ဆံေတာ္ရွင္ကြၽန္းေတာင္ဘက္ကမ္းမွာ ေရဆင္အမတစ္ေကာင္၊ေတာင္ကုတ္ၿမိဳ႕၊ မဒင္ကြၽန္း၊ ငေဆာက္ေက်း႐ြာ အေနာက္ဘက္မွာေရဆင္အထီးတစ္ေကာင္ ဖမ္းမိခဲ့တယ္ဆိုတဲ့သတင္းပါ။
ေနာက္တစ္ခုက ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္တာရာကိုယ္တိုင္ ပ်ဥ္းမနား၊ ေတာင္တြင္းႀကီးနယ္၊ ပဲခူး႐ိုးမအေနာက္ဘက္ သစ္ေတာအတြင္း ေက်ာက္ေရအိုင္တစ္ခုမွ ေရဆင္အရွင္ တစ္ေကာင္ဖမ္းမိခဲ့တယ္ဆိုတဲ့ သတင္းလဲ ထြက္ခဲ့ပါေသးတယ္။ဒါ့အျပင္ ေရဆင္ကိုျမင္တယ္၊ ဖမ္းမိတယ္ဆိုတဲ့သတင္းေတြကလဲစိတ္ဝင္စားသူေတြရဲ႕နားမွာ ကြက္စိပ္ၾကားေနရပါတယ္။
ကြၽန္ေတာ္ စာေရးသူကိုယ္တိုင္ ေရဆင္ဖမ္းမိခဲ့တဲ့ အမည္မေဖာ္လိုသူတစ္ေယာက္ဆီက ေမးျမန္းရရွိတဲ့ အခ်က္အလက္ေတြကို တင္ျပပါမယ္။
သူဟာ ျမန္မာျပည္အႏွံ႔ခရီးသြားလာတတ္သူျဖစ္ၿပီး ဆင္စခန္းတခ်ိဳ႕ႏွင့္လဲ အဆက္အသြယ္ရွိဖူးသူျဖစ္ပါတယ္၊
သူေျပာျပတဲ့စကားအရ ကခ်င္ျပည္နယ္ဘက္မွာ ေရဆင္အထီးႏွင့္ အမအရွင္ႏွစ္ေကာင္ဖမ္းမိခဲ့ၿပီး၊ ကန္ထဲထည့္ထားရာက ႏွစ္ရက္၊ သုံးရက္ေနေတာ့ ေသသြားတယ္လို႔ဆိုပါတယ္။
ေရဆင္အထီးမွာ မီးျခစ္ဆံေခ်ာင္းခန႔္အစြယ္ရွိၿပီး အထက္ေအာက္အံသြားပါပါတယ္။ ဆင္ထီးကဲ့သို႔အဂၤါလဲ ပါတယ္လို႔ဆိုပါတယ္။
ေရဆင္အမကေတာ့ အစြယ္မပါေပမဲ့ အထက္ေအာက္ အံသြားေတြပါပါတယ္၊ အေရာင္မြဲေျခာက္ေျခာက္ရွိၿပီး ဆင္မအဂၤါပါတယ္လို႔ ဆိုပါတယ္။
တစ္ခုရွိတာက ေရဆင္ရဲ႕ေျခေထာက္ေတြက ဆင္ေျခေထာက္နဲ႔မတူပဲ ေျခေခ်ာင္းငယ္ေလးေတြပါၿပီး ႂကြက္ေျခေထာက္နဲ႔တူပါတယ္။
ေရဆင္ကိုဖမ္းတဲ့အခါ ငွက္ေပ်ာတုန္းကိုဆင္ခ်ီးသုတ္ၿပီး ေရဆင္ရွိမယ္ထင္တဲ့ေနရာမွာခ်လိုက္ရင္ ေရဆင္က အစြယ္နဲ႔ေျပးထိုးၿပီးငွက္ေပ်ာတုံးမွာ စိုက္ပါလာတယ္လို႔ဆိုပါတယ္၊ ေရဆင္ေတြဆင္ကိုဘယ္ေလာက္မုန္းလဲဆိုတာသိသာပါတယ္။
ဒါ့အျပင္ အဲ့ဒီလူရဲ႕စမ္းသပ္ျပခ်က္အရ ေရဆင္အေသေျခာက္ကို ဆင္ေတြ နားယူသြားတဲ့အခါ ဆင္ဟာ ေနာက္ကိုတအားဆုတ္ပါေတာ့တယ္၊
ဆင္ေတြက ေရဆင္ကိုတအားေၾကာက္ပါတယ္ တခ်ိဳ႕ဆင္ဦးစီးေတြဆို ေရဆင္အစြယ္ကိုဆြဲႀကိဳးလုပ္ၿပီး ဝတ္ထားရင္ ဘယ္ဆင္မဆို အဲ့ဆင္ဦးစီးကိုေၾကာက္ၾကပါတယ္ ခိုင္းသမွ်လုပ္ေပးတတ္ပါတယ္။
ေရဆင္အစြယ္ဟာ တန္ဖိုးအရမ္းႀကီးၿပီး ထိုင္းက လူဆိုးဂိုဏ္းေခါင္းေဆာင္တခ်ိဳ႕ဟာ ေရဆင္စြယ္ကို အႏၲရာယ္ကင္းအေဆာင္အျဖစ္ ေဆာင္ထားတတ္ၾကတယ္လို႔ သိရပါတယ္။
ဟုတ္ပါၿပီ၊ ဒါကေတာ့ေရဆင္အေၾကာင္း အေပၚယံအျမင္ေတြပါ အခုေရဆင္ကို ရႈေထာင့္တစ္ခုကေန ၾကည့္ရေအာင္ လက္တစ္ဆုပ္သာသာရွိတဲ့ အ႐ြယ္ေရာက္ၿပီးသားဆင္ဆိုတာ ေတြးၾကည့္ရင္ေတာ္ေတာ္ အံ့ၾသဖို႔ေကာင္းပါတယ္
ဒါ့အျပင္ေရမွာပါေနတယ္ဆိုေတာ့ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္း ေနၿပီေပါ့။ အခုကြၽန္ေတာ္တို႔ ဒ႑ာရီေတြခဏေမ့ထားၿပီး ႐ိုး႐ိုးေလးစဥ္းစားၾကည့္ရေအာင္…ေရဆင္ကိုပုံသ႑ာန္အရ ၾကည့္မယ္ဆို အေမႊးေတြပါဝင္ၿပီး ႂကြက္လို၊ ဆင္လို ပုံရွိတာေၾကာင့္ ေသြးေႏြးသတၱဝါ၊ ႏို႔တိုက္သတၱဝါ အျဖစ္သတ္မွတ္လို႔ရပါတယ္။ အုပ္စုဖြဲ႕ေနတတ္တဲ့အက်င့္ရွိပါတယ္။ ေရညႇိေရေမွာ္ေတြစားပါတယ္။
Charle Darwin ရဲ႕ ဆင့္ကဲေျပာင္းလဲမႈသီအိုရီကိုေထာက္ၿပီးေျပာပါမယ္။ ေရမွာအၾကာႀကီးေနႏိုင္တဲ့ႂကြက္ေတြကိုျမင္ဖူးၾကပါသလား။
တခ်ိဳ႕ႂကြက္မ်ိဳးစိတ္ေတြဟာ ေရမွာအၾကာႀကီး ငုပ္ႏိုင္ၾကပါတယ္ အရမ္းေအးတဲ့ေဒသေတြက ခဲေနတဲ့ေရခဲကန္ မ်က္ႏွာျပင္ေတြေအာက္က ေရခဲေရေတြထဲမွာ အၾကာႀကီး ငုပ္လွ်ိဳးသြားလာႏိုင္တဲ့ႂကြက္မ်ိဳးစိတ္ေတြေတာင္ ရွိပါေသးတယ္။ဒီႂကြက္ေတြက ေရကန္ေတြ၊ အိုင္ေတြနားမွာ ေနၾကၿပီး ေရကန္ထဲက ပိုးမႊားေလးေတြ၊ပုစဥ္းသားေလာင္းေတြ၊ အပင္ေတြ နဲ႔ ငါးေသးေသးေလးေတြကို ဖမ္းဆီးစားေသာက္ၾကပါတယ္။
သူတို႔အတြက္အစာအရင္းအျမစ္ဟာ ကုန္းမွာထက္ေရမွာ ပိုမ်ားေနတာေၾကာင့္တစ္ေၾကာင္း၊ သူတို႔ကို အႏၲရာယ္ျပဳမယ့္ သတၱဝါေတြဟာ ေရထဲမွာအလြန္နည္းတာေၾကာင့္ တစ္ေၾကာင္းေၾကာင့္
ကုန္းကေန ေရကိုတျဖည္းျဖည္းေျပာင္းလာၾကပါတယ္။ဒီလိုနဲ႔ အေလ့အက်င့္ေတြ၊ စားေသာက္ေနထိုင္မႈစ႐ိုက္ေတြ တျဖည္းျဖည္းလိုက္ေျပာင္းလာၿပီး ေရမွာေနႏိုင္တဲ့ မ်ိဴးစိတ္အျဖစ္ဆင့္ကဲေျပာင္းလဲလာၾကပါတယ္။ ႂကြက္ကေန ေရဆင္ပုံကို ဘယ္လိုဆင့္ကဲေျပာင္းလဲမလဲ ႂကြက္ဟာ ေရမွာအေနမ်ားတဲ့အခါ ေရမ်က္ႏွာျပင္ကိုတက္ၿပီး ခဏခဏအသက္ရႉရပါတယ္၊
ဒီအတြက္ သူတို႔ႏွာတံဟာ ပိုၿပီးအဆင္ေျပေျပ အသက္ရႉႏိုင္ဖို႔၊ ေရမ်က္ႏွာျပင္အထက္ထိ မတက္ပဲ အသက္ရႉႏိုင္ဖို႔အတြက္ ရွည္ထြက္လာၿပီး ဆင္ႏွာေမာင္းတစ္ခုအသြင္ ဆင့္ကဲ ေျပာင္းလဲလာတာျဖစ္ပါလိမ့္မယ္၊ဒါ့အျပင္ ႏွာေမာင္းထြက္ရျခင္းရည္႐ြယ္ခ်က္မွာ ေရညႇိေရေမွာ္ပင္ေတြကို လြယ္ကူစြာ ႏႈတ္ယူစားေသာက္ႏိုင္ဖို႔ နဲ႔ အျခားေသာရည္႐ြယ္ခ်က္ေတြ ရွိပါလိမ့္ဦးမယ္။
ကမ္းပါးနံရံမွာ တြင္းေတြတူးဖို႔၊ ေရညႇိေရေမွာ္ေတြထိုးေကာ္ စားဖို႔ ကုန္းေပၚမွာထက္ေရမွာက သြား၊အစြယ္ကိုအသုံးခ်ရမႈ မ်ားတာေၾကာင့္ အစြယ္ဟာသာမာန္ထက္ရွည္ထြက္လာမယ္။
ဒါ့အျပင္ ျပင္ပအႏၲရာယ္ေတြကို ကာကြယ္ဖို႔အစြယ္ေတြ ရွိထားရပါလိမ့္မယ္၊ အမေတြကေတာ့ မ်ိဳးပြားဖို႔ကိုပိုအားစိုက္ ရတဲ့အတြက္ တိုက္ဖို႔ခိုက္ဖို႔၊ အစာရွာဖို႔ဆိုတာသူတို႔အဖို႔ ပဓါနမဟုတ္တာေၾကာင့္ အစြယ္မရွိတာျဖစ္ပါလိမ့္မယ္။
ႀကီးမားက်ယ္ျပန႔္တဲ့ နား႐ြက္ေတြက ေရကူးဖို႔လြယ္ေအာင္ ဆင့္ကဲေျပာင္းလဲလာမယ္၊ ေျခေခ်ာင္းေလးေတြၾကား အဆက္ကေလးေတြျဖစ္လာၿပီး ေရကူးဖို႔အသုံးဝင္လာမယ္။ အတြင္းပိုင္းက အဆုတ္ရဲ႕ ေလဝင္ႏိုင္စြမ္းေကာင္းလာမယ္။
တျခားေျပာင္းလဲမႈေတြလဲရွိမယ္။ ဒါက ႂကြက္တစ္ေကာင္ ေရဆင္ပုံစံဘယ္လိုေျပာင္းလာ ႏိုင္သလဲဆိုတဲ့ ျဖစ္ႏိုင္ေခ်ေတြေပါ့။
ဒါကေတာ့ ေရဆင္အေပၚကြၽန္ေတာ့္အျမင္သက္သက္ပါ ဒ႑ာရီေတြ ဘာေတြညာေတြ မပါပဲနဲ႔ေပါ့။
ဘာေၾကာင့္ေရဆင္ေတြက ဆင္ေတြကိုရန္လိုလဲ၊ ဆင္ေတြကေရဆင္ေတြကို ဘာလို႔ေၾကာက္လဲ ဆိုတဲ့ ေမးခြန္းေတြနဲ႔ေရဆင္စြယ္က အဆိပ္အေၾကာင္းကေတာ့ ဆက္စဥ္းစားဖို႔ ျပသနာေတြေပါ့ဗ်ာ။
ကဲပါ အခုေဖာ္ျပခဲ့တာေတြကေတာ့ ေရဆင္ အေၾကာင္းကို ထုံးစံအတိုင္း ယူဆခ်က္ေလးေတြ၊ ျဖစ္ႏိုင္ေခ်ေလးေတြညႇပ္ၿပီးေဖာ္ျပ ခဲ့တာပါ ေက်းဇူးတင္ပါတယ္။
phoe kyal
ဆင်သမားတစ်ယောက် ဆင်စီးရင်း ချောင်းနိမ့်တစ်ခုကိုဖြတ်ရာတွင် ဒုက္ခနှင့် လှလှ တွေ့နေသည်။ ဆင်ကိုချွန်းနှင့်ဘယ်လို ဆွဆွ၊ပါးစပ်မှအော်ပြီးဘယ်လို လှန့်လှန့် ဆင်က ချောင်းကိုမဖြတ်၊ ချောင်းစပ်တွင်သာရပ်၍ တဝူးဝူးအော်နေသည်။
ဘာကြောင့်ပါလိမ့်… မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်တောနယ်မြေတချို့တဝက်တွင် ဆင်သမားများ(ဆင်စခန်းတွင်အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ)အကြား အပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုးရှိပါတယ်။
ထိုသတ္တဝါဟာ ကြီးကြီးမားမားအကောင်မျိုးမဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင်ကောင်းပါသေးတယ်။ ဒါပေမဲ့လျှော့တွက်လို့မရပါ။
ပါးစပ်ရာဇဝင်တွေအရ ဒီအကောင်ကြောင့်လူသေမှုများရှိခဲ့တဲ့အပြင် ဆင်တစ်ကောင်လုံးကိုပါ တုန်းခနဲလဲသွားစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်တဲ့။
အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ဆင်တွေနဲ့ တထေရာတည်းတူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။
ဟုတ်ပါတယ်၊ သူတို့ကတော့အများက ရေဆင်လို့သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန်သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။
ရေဆင်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်သေတွေရဲ့ အချက်အလက်တွေကိုကြည့်ရအောင်…
၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ရေဆင်နှစ်ကောင်ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။
သံတွဲမြို့မှာနေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာပေါက်တောမြို့ ၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာပါတဲ့ ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှာ ရေဆင်အမတစ်ကောင်၊တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဘက်မှာရေဆင်အထီးတစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းပါ။
နောက်တစ်ခုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအနောက်ဘက် သစ်တောအတွင်း ကျောက်ရေအိုင်တစ်ခုမှ ရေဆင်အရှင် တစ်ကောင်ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ခဲ့ပါသေးတယ်။ဒါ့အပြင် ရေဆင်ကိုမြင်တယ်၊ ဖမ်းမိတယ်ဆိုတဲ့သတင်းတွေကလဲစိတ်ဝင်စားသူတွေရဲ့နားမှာ ကွက်စိပ်ကြားနေရပါတယ်။
ကျွန်တော် စာရေးသူကိုယ်တိုင် ရေဆင်ဖမ်းမိခဲ့တဲ့ အမည်မဖော်လိုသူတစ်ယောက်ဆီက မေးမြန်းရရှိတဲ့ အချက်အလက်တွေကို တင်ပြပါမယ်။
သူဟာ မြန်မာပြည်အနှံ့ခရီးသွားလာတတ်သူဖြစ်ပြီး ဆင်စခန်းတချို့နှင့်လဲ အဆက်အသွယ်ရှိဖူးသူဖြစ်ပါတယ်၊
သူပြောပြတဲ့စကားအရ ကချင်ပြည်နယ်ဘက်မှာ ရေဆင်အထီးနှင့် အမအရှင်နှစ်ကောင်ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်နေတော့ သေသွားတယ်လို့ဆိုပါတယ်။
ရေဆင်အထီးမှာ မီးခြစ်ဆံချောင်းခန့်အစွယ်ရှိပြီး အထက်အောက်အံသွားပါပါတယ်။ ဆင်ထီးကဲ့သို့အင်္ဂါလဲ ပါတယ်လို့ဆိုပါတယ်။
ရေဆင်အမကတော့ အစွယ်မပါပေမဲ့ အထက်အောက် အံသွားတွေပါပါတယ်၊ အရောင်မွဲခြောက်ခြောက်ရှိပြီး ဆင်မအင်္ဂါပါတယ်လို့ ဆိုပါတယ်။
တစ်ခုရှိတာက ရေဆင်ရဲ့ခြေထောက်တွေက ဆင်ခြေထောက်နဲ့မတူပဲ ခြေချောင်းငယ်လေးတွေပါပြီး ကြွက်ခြေထောက်နဲ့တူပါတယ်။
ရေဆင်ကိုဖမ်းတဲ့အခါ ငှက်ပျောတုန်းကိုဆင်ချီးသုတ်ပြီး ရေဆင်ရှိမယ်ထင်တဲ့နေရာမှာချလိုက်ရင် ရေဆင်က အစွယ်နဲ့ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ဆိုပါတယ်၊ ရေဆင်တွေဆင်ကိုဘယ်လောက်မုန်းလဲဆိုတာသိသာပါတယ်။
ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ရေဆင်အသေခြောက်ကို ဆင်တွေ နားယူသွားတဲ့အခါ ဆင်ဟာ နောက်ကိုတအားဆုတ်ပါတော့တယ်၊
ဆင်တွေက ရေဆင်ကိုတအားကြောက်ပါတယ် တချို့ဆင်ဦးစီးတွေဆို ရေဆင်အစွယ်ကိုဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကိုကြောက်ကြပါတယ် ခိုင်းသမျှလုပ်ပေးတတ်ပါတယ်။
ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်းခေါင်းဆောင်တချို့ဟာ ရေဆင်စွယ်ကို အန္တရာယ်ကင်းအဆောင်အဖြစ် ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။
ဟုတ်ပါပြီ၊ ဒါကတော့ရေဆင်အကြောင်း အပေါ်ယံအမြင်တွေပါ အခုရေဆင်ကို ရှုထောင့်တစ်ခုကနေ ကြည့်ရအောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်ရောက်ပြီးသားဆင်ဆိုတာ တွေးကြည့်ရင်တော်တော် အံ့သြဖို့ကောင်းပါတယ်
ဒါ့အပြင်ရေမှာပါနေတယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်း နေပြီပေါ့။ အခုကျွန်တော်တို့ ဒဏ္ဍာရီတွေခဏမေ့ထားပြီး ရိုးရိုးလေးစဉ်းစားကြည့်ရအောင်…ရေဆင်ကိုပုံသဏ္ဍာန်အရ ကြည့်မယ်ဆို အမွှေးတွေပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာကြောင့် သွေးနွေးသတ္တဝါ၊ နို့တိုက်သတ္တဝါ အဖြစ်သတ်မှတ်လို့ရပါတယ်။ အုပ်စုဖွဲ့နေတတ်တဲ့အကျင့်ရှိပါတယ်။ ရေညှိရေမှော်တွေစားပါတယ်။
Charle Darwin ရဲ့ ဆင့်ကဲပြောင်းလဲမှုသီအိုရီကိုထောက်ပြီးပြောပါမယ်။ ရေမှာအကြာကြီးနေနိုင်တဲ့ကြွက်တွေကိုမြင်ဖူးကြပါသလား။
တချို့ကြွက်မျိုးစိတ်တွေဟာ ရေမှာအကြာကြီး ငုပ်နိုင်ကြပါတယ် အရမ်းအေးတဲ့ဒေသတွေက ခဲနေတဲ့ရေခဲကန် မျက်နှာပြင်တွေအောက်က ရေခဲရေတွေထဲမှာ အကြာကြီး ငုပ်လျှိုးသွားလာနိုင်တဲ့ကြွက်မျိုးစိတ်တွေတောင် ရှိပါသေးတယ်။ဒီကြွက်တွေက ရေကန်တွေ၊ အိုင်တွေနားမှာ နေကြပြီး ရေကန်ထဲက ပိုးမွှားလေးတွေ၊ပုစဉ်းသားလောင်းတွေ၊ အပင်တွေ နဲ့ ငါးသေးသေးလေးတွေကို ဖမ်းဆီးစားသောက်ကြပါတယ်။
သူတို့အတွက်အစာအရင်းအမြစ်ဟာ ကုန်းမှာထက်ရေမှာ ပိုများနေတာကြောင့်တစ်ကြောင်း၊ သူတို့ကို အန္တရာယ်ပြုမယ့် သတ္တဝါတွေဟာ ရေထဲမှာအလွန်နည်းတာကြောင့် တစ်ကြောင်းကြောင့်
ကုန်းကနေ ရေကိုတဖြည်းဖြည်းပြောင်းလာကြပါတယ်။ဒီလိုနဲ့ အလေ့အကျင့်တွေ၊ စားသောက်နေထိုင်မှုစရိုက်တွေ တဖြည်းဖြည်းလိုက်ပြောင်းလာပြီး ရေမှာနေနိုင်တဲ့ မျိူးစိတ်အဖြစ်ဆင့်ကဲပြောင်းလဲလာကြပါတယ်။ ကြွက်ကနေ ရေဆင်ပုံကို ဘယ်လိုဆင့်ကဲပြောင်းလဲမလဲ ကြွက်ဟာ ရေမှာအနေများတဲ့အခါ ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏအသက်ရှူရပါတယ်၊
ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်ပြေပြေ အသက်ရှူနိုင်ဖို့၊ ရေမျက်နှာပြင်အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး ဆင်နှာမောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်းလဲလာတာဖြစ်ပါလိမ့်မယ်၊ဒါ့အပြင် နှာမောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ရေညှိရေမှော်ပင်တွေကို လွယ်ကူစွာ နှုတ်ယူစားသောက်နိုင်ဖို့ နဲ့ အခြားသောရည်ရွယ်ချက်တွေ ရှိပါလိမ့်ဦးမယ်။
ကမ်းပါးနံရံမှာ တွင်းတွေတူးဖို့၊ ရေညှိရေမှော်တွေထိုးကော် စားဖို့ ကုန်းပေါ်မှာထက်ရေမှာက သွား၊အစွယ်ကိုအသုံးချရမှု များတာကြောင့် အစွယ်ဟာသာမာန်ထက်ရှည်ထွက်လာမယ်။
ဒါ့အပြင် ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့အစွယ်တွေ ရှိထားရပါလိမ့်မယ်၊ အမတွေကတော့ မျိုးပွားဖို့ကိုပိုအားစိုက် ရတဲ့အတွက် တိုက်ဖို့ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။
ကြီးမားကျယ်ပြန့်တဲ့ နားရွက်တွေက ရေကူးဖို့လွယ်အောင် ဆင့်ကဲပြောင်းလဲလာမယ်၊ ခြေချောင်းလေးတွေကြား အဆက်ကလေးတွေဖြစ်လာပြီး ရေကူးဖို့အသုံးဝင်လာမယ်။ အတွင်းပိုင်းက အဆုတ်ရဲ့ လေဝင်နိုင်စွမ်းကောင်းလာမယ်။
တခြားပြောင်းလဲမှုတွေလဲရှိမယ်။ ဒါက ကြွက်တစ်ကောင် ရေဆင်ပုံစံဘယ်လိုပြောင်းလာ နိုင်သလဲဆိုတဲ့ ဖြစ်နိုင်ချေတွေပေါ့။
ဒါကတော့ ရေဆင်အပေါ်ကျွန်တော့်အမြင်သက်သက်ပါ ဒဏ္ဍာရီတွေ ဘာတွေညာတွေ မပါပဲနဲ့ပေါ့။
ဘာကြောင့်ရေဆင်တွေက ဆင်တွေကိုရန်လိုလဲ၊ ဆင်တွေကရေဆင်တွေကို ဘာလို့ကြောက်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ရေဆင်စွယ်က အဆိပ်အကြောင်းကတော့ ဆက်စဉ်းစားဖို့ ပြသနာတွေပေါ့ဗျာ။
ကဲပါ အခုဖော်ပြခဲ့တာတွေကတော့ ရေဆင် အကြောင်းကို ထုံးစံအတိုင်း ယူဆချက်လေးတွေ၊ ဖြစ်နိုင်ချေလေးတွေညှပ်ပြီးဖော်ပြ ခဲ့တာပါ ကျေးဇူးတင်ပါတယ်။
phoe kyal