ဆင္အေကာင္ ၉၀ စာေလာက္ႀကီးတဲ့ ဥကၠာပ်ံ ကမာၻနဲ႔ အနီးဆုံးကိုာ ျဖတ္ပ်ံေတာ့မယ္
မဲေခါင္၊ ဧၿပီ ၅
ဆင္အေကာင္ ၉၀ စာ၊ လန္ဒန္ ဂါကင္မိုးေမွ်ာ္တိုက္ႀကီး ထက္ပိုရွည္တဲ့ ဥကၠာပ်ံ တစ္ခုဟာ ကမာၻႀကီးဆီ ဦးတည္ၿပီး
အရမ္းျမန္တဲ့ အရွိန္နဲ႔ ပ်ံသန္းလာ ေနရာမွာ ဧၿပီ ၆ ရက္ေန႔ ကမာၻနဲ႔ အနီးဆုံးေနရာက ျဖတ္ပ်ံသြားလိမ့္မယ္လို႔ NASA က ထုတ္ျပန္ပါတယ္။
၁၂၀ မီတာနဲ႔ ၂၇၀ မီတာၾကားရွိတဲ့ ဒီဥကၠာပ်ံကို 2023 FM လို႔ နာမည္ေပးထားၿပီး မတ္ ၁၆ ရက္ေန႔က စတင္ ေတြ႕ရွိရာမွာ
ဧၿပီ ၂ ရက္ေန႔မွာေတာ့ ကမာၻ႔ပတ္လမ္းေပၚ သူ႔လမ္းသူ ခြဲထြက္ေရာက္ရွိသြားလို႔ စိုးရိမ္စရာ မရွိေတာ့ဘူးလို႔ ဆိုပါတယ္။
လာမယ့္ ဧၿပီ ၆ ရက္ေန႔ ေရာက္ရင္ 2023 FM ဥကၠာပ်ံဟာ ကမာၻနဲ႔ အနီးဆုံးကအေန အျမန္ႏႈန္း တစ္စကၠန႔္ကို ၁၅ ဒသမ ၈ ကီလိုမီတာႏႈန္းနဲ႔ ပ်ံသန္းသြားမွာ ျဖစ္ေပမယ့္
အနီးဆုံးဆိုတဲ့ အကြာအေဝး ကေတာင္ ကမာၻေျမနဲ႔ ကီလိုမီတာ ၃ သန္း ကြာေဝးဆဲ ျဖစ္တယ္လို႔ NASA က ထုတ္ျပန္တယ္။
ဒီဥကၠာပ်ံ ျဖတ္သန္းမႈ ျဖစ္စဥ္ကို ဆက္လက္လိုက္ပါ ေလ့လာမွာျဖစ္ၿပီး ဥကၠာပ်ံတစ္ခု ကမာၻ႔ပတ္လမ္းထဲကေန
ကမာၻေပၚ က်ေရာက္လာဖို႔ ဆိုတာ ဆယ္စုႏွစ္ ၂ ခုမွ တစ္ႀကိမ္ ျဖစ္ႏိုင္တာမို႔ စိုးရိမ္စရာမရွိဘူးလို႔ ဆိုပါတယ္။
ဒီဥကၠာပ်ံက ပဲ့ထြက္လြင့္စင္ၿပီး ကမာၻေပၚကို ဧၿပီလကုန္ပိုင္းေလာက္မွာ က်ေရာက္လာႏိုင္မဲ့ ဥကၠာခဲေတြ အ႐ြယ္ဟာလည္း
အခ်င္း ၉ မီတာနဲ႔ ၂၀ မီတာၾကားေလာက္သာ ႀကီးႏိုင္လို႔ စိုးရိမ္စရာ မရွိတာ ျဖစ္တယ္လို႔ NASA က ထုတ္ျပန္ ရွင္းလင္းထားပါတယ္။
ဒီရက္ထဲ 2023 FM ထက္ပိုေသးၿပီး အခ်င္း ၄၉ ဒသမ ၂၉ မီတာ ရွိတဲ့ ေနာက္ထပ္ ဥကၠာပ်ံ တစ္ခုကို ထပ္ေတြ႕ရၿပီး 2023 DW လို႔
နာမည္ေပးထားကာ
အိုလံပစ္ ေရကူးကန္ေလာက္သာရွိတဲ့ ဒီဥကၠာပ်ံ ကမာၻကို က်လာရင္ေတာင္ ၂၀၄၆ ခုႏွစ္ ခ်စ္သူမ်ားေန႔မွ က်လာႏိုင္ေၾကာင္းနဲ႔
လက္ရွိေနကို ၂၇၁ ရက္မွာ တစ္ပတ္ႏႈန္း ပတ္ေနလို႔ အဲဒီအခ်ိန္ ေရာက္ရင္ ေသးငယ္လြန္းတဲ့ ဥကၠာခဲ သို႔မဟုတ္
ေပ်ာက္ကြယ္သြားမယ့္ ဥကၠာခဲမ်ိဳးသာ ျဖစ္ဖို႔မ်ားတယ္လို႔ NASA က ထုတ္ျပန္ေဖာ္ျပ သြားခဲ့ပါတယ္။
credit
unicode
ဆင်အကောင် ၉၀ စာလောက်ကြီးတဲ့ ဥက္ကာပျံ ကမ္ဘာနဲ့ အနီးဆုံးကိုာ ဖြတ်ပျံတော့မယ်
မဲခေါင်၊ ဧပြီ ၅
ဆင်အကောင် ၉၀ စာ၊ လန်ဒန် ဂါကင်မိုးမျှော်တိုက်ကြီး ထက်ပိုရှည်တဲ့ ဥက္ကာပျံ တစ်ခုဟာ ကမ္ဘာကြီးဆီ ဦးတည်ပြီး
အရမ်းမြန်တဲ့ အရှိန်နဲ့ ပျံသန်းလာ နေရာမှာ ဧပြီ ၆ ရက်နေ့ ကမ္ဘာနဲ့ အနီးဆုံးနေရာက ဖြတ်ပျံသွားလိမ့်မယ်လို့ NASA က ထုတ်ပြန်ပါတယ်။
၁၂၀ မီတာနဲ့ ၂၇၀ မီတာကြားရှိတဲ့ ဒီဥက္ကာပျံကို 2023 FM လို့ နာမည်ပေးထားပြီး မတ် ၁၆ ရက်နေ့က စတင် တွေ့ရှိရာမှာ
ဧပြီ ၂ ရက်နေ့မှာတော့ ကမ္ဘာ့ပတ်လမ်းပေါ် သူ့လမ်းသူ ခွဲထွက်ရောက်ရှိသွားလို့ စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။
လာမယ့် ဧပြီ ၆ ရက်နေ့ ရောက်ရင် 2023 FM ဥက္ကာပျံဟာ ကမ္ဘာနဲ့ အနီးဆုံးကအနေ အမြန်နှုန်း တစ်စက္ကန့်ကို ၁၅ ဒသမ ၈ ကီလိုမီတာနှုန်းနဲ့ ပျံသန်းသွားမှာ ဖြစ်ပေမယ့်
အနီးဆုံးဆိုတဲ့ အကွာအဝေး ကတောင် ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ သန်း ကွာဝေးဆဲ ဖြစ်တယ်လို့ NASA က ထုတ်ပြန်တယ်။
ဒီဥက္ကာပျံ ဖြတ်သန်းမှု ဖြစ်စဉ်ကို ဆက်လက်လိုက်ပါ လေ့လာမှာဖြစ်ပြီး ဥက္ကာပျံတစ်ခု ကမ္ဘာ့ပတ်လမ်းထဲကနေ
ကမ္ဘာပေါ် ကျရောက်လာဖို့ ဆိုတာ ဆယ်စုနှစ် ၂ ခုမှ တစ်ကြိမ် ဖြစ်နိုင်တာမို့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဒီဥက္ကာပျံက ပဲ့ထွက်လွင့်စင်ပြီး ကမ္ဘာပေါ်ကို ဧပြီလကုန်ပိုင်းလောက်မှာ ကျရောက်လာနိုင်မဲ့ ဥက္ကာခဲတွေ အရွယ်ဟာလည်း
အချင်း ၉ မီတာနဲ့ ၂၀ မီတာကြားလောက်သာ ကြီးနိုင်လို့ စိုးရိမ်စရာ မရှိတာ ဖြစ်တယ်လို့ NASA က ထုတ်ပြန် ရှင်းလင်းထားပါတယ်။
ဒီရက်ထဲ 2023 FM ထက်ပိုသေးပြီး အချင်း ၄၉ ဒသမ ၂၉ မီတာ ရှိတဲ့ နောက်ထပ် ဥက္ကာပျံ တစ်ခုကို ထပ်တွေ့ရပြီး 2023 DW လို့ နာမည်ပေးထားကာ
အိုလံပစ် ရေကူးကန်လောက်သာရှိတဲ့ ဒီဥက္ကာပျံ ကမ္ဘာကို ကျလာရင်တောင် ၂၀၄၆ ခုနှစ် ချစ်သူများနေ့မှ ကျလာနိုင်ကြောင်းနဲ့
လက်ရှိနေကို ၂၇၁ ရက်မှာ တစ်ပတ်နှုန်း ပတ်နေလို့ အဲဒီအချိန် ရောက်ရင် သေးငယ်လွန်းတဲ့ ဥက္ကာခဲ သို့မဟုတ်
ပျောက်ကွယ်သွားမယ့် ဥက္ကာခဲမျိုးသာ ဖြစ်ဖို့များတယ်လို့ NASA က ထုတ်ပြန်ဖော်ပြ သွားခဲ့ပါတယ်။
credit