Knowledge

အင်္ဂါသားသမီးများအတွက် 1.4.2023 မှ 30.4.2023 အထိ Aprilလ တစ်လစာ အထူးဟောစာတမ်း

အင်္ဂါ သားသမီးများအတွက် 1.4.2023 မှ 30.4.2023 အထိ Aprilလ တစ်လစာ အထူးဟောစာတမ်း

အင်္ဂါ သားသမီးများသည် ဧပြီလတွင်သားသမီးများ ပြည်ပနိုင်ငံရပ်ခြားနဲ့ စည်းကမ်း နှင့်ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်

များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။မည်သည့် ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။ငွေကြေးကိစ္စရပ်များအတိုင်းအတာထက်ပိုဝင်ကိန်းကြုံမည်။

နိုင်ငံခြားသို့ပညာသင်သွားရကိန်းကြုံတတ်သည်။ငွေစုမည့်အစား ရင်းနှီးမြုပ်နှံထားလိုက်ပါ။လုပ်ဖော်ကိုင်ဖက်တွေရဲ့အထောက်အကူများရရှိတက်သည်။အ ဝေးက သတင်းကောင်းများကြားရခြင်း အကူညီများလည်းရတက်၏။

ရေထွက်ပစ္စည်းများရောင်းဝယ်ခြင်းများကောင်းများ,စက်သုံးဆီရောင်းဝယ်ခြင်း,ဆက်သွယ်ရေးပစ္စည်းရောင်းဝယ်ခြင်း၊ဂစ်နှင့်ဓာတ်ငွေ့ရောင်းဝယ်ခြင်း အိမ်၊မြေ၊တိုက်ခန်းများရောင်းဝယ်ခြင်း၊ငှားရမ်းခြင်းများ” အကျိုးထူးခံစားရမည်။

“(၂)ဂဏန်း ရက် မွေးဖွားသူများ တနလ်ာ သားသမီးနှင့် အလုပ်တူပူပေါင်ဆောင်ရွက်ခြင်း၊ ခရီးတူသွားခြင်း၊ မိမိလုပ်ငန်းခွင့် ရှိ အထူးသတိထား ရှောင့်သင့်၏ငွေရောင်၊ ကြက်သွေးရောင် မဝတ်ဆင်သင့်ပါ။ထိုအရောင် ဝတ်ဆင်ထားက (ငွေကံလွှဲ,အချစ်ကံပယ် ကံခေမည်။ ငွေကြေးစကားပြော မအောင်နိုင်။ခြံ၊ကား၊စာချုပ်စာတန်း အရောင်းအဝယ် မှားတတ်၍ ဆုံးဖြစ်၍ ခွေး၊​ကြောင် သေကြေးပျက်စီးတတ်၏။

“(၂)ဂဏန်း ပါသော ​ခြံ၊ကား၊ခွေး၊​ကြောင် အဝယ်ရှောင့်, အဝင်မသင့်။ ခိုက်တတ်၍ အိမ်တွင်းအပူသောက ဘေးကြုံတွေ့ရတတ်၏။

အချစ်ရေးနှင့်အိမ်ထောင်ရေး…အချစ်ရေးကိစ္စရပ်များတွင် လူပျိူ,ပျိူရွယ်သူများ (9.4.2023 နေ့စွဲမှ 23.4.2023)အတွင်း မျက်နှာပွင့်လန်းလာမည်။မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာမျှတတ်သည်။မိမိမေတ္တာရေးအပေါ်၌လေးလေးနက်နက်တန်ဖိုးထားသူများနှင့် တွေ့ကြုံရမည်။ဝေးကွာနေသူများ ပြန်လည် ဆုံစည်းရကိန်းရှိသည်။

သို့သော် အသွားအလာအနေအထိုင်ဆင်ခြင်း, နာမည်ပျက်တတ်သည်။အိမ်ထောင်ဘက်နှင့်ချစ်ရေးရာကိစ္စများတွင်ဆုတ်ကံစန်းထပြိး မိမိတို့ဘဝလက်တွဲဖို့ ကြင်ဖက်ရွေးချယ်မှန်ရန် အရေးကြီးသော ကာလဖြစ်သည်။အိမ်ထောင်ရေးတွင် နားလည်မှုပေးသည့်အတွက် အားလုံးအဆင်ပြေပါလိမ့်မည်အိမ်ထောင်ဖက်၏ ဆွေမျိူးများထံမှ ကူညီမစမှုရရှိမည်။သားသမီးတို့ထံမှ ဝမ်းသာစရသတင်းကောင်းကြားရမည်။

ပညာရေး…ပညာရေးဆိုင်ရာနှင့် အကြီးအကဲများ၏ ယုံကြည်အားထာပြိး အကြီးအကဲနေရာကနေကိုယ်စ ကိုယ်းစလှယ်အနေနှင့်သော်လည်းကောင်း၊ အလုပ်စီးပွားအတွက် ပြည်တွင်း၊ပြည်ပ ခရီးသွာရကိန်းကြုံတွေ့ရမည်။ပညာရေးတွင်ဉာဏဆိုင်ရာပညာရပ်များ၊ တီထွင်ဆန်းသစ်သော ပညာရပ်များသင်ယူသင့်သည်။နိုင်ငံခြားသို့ပညာသင်သွားရကိန်းကြုံတတ်သည်။

ဧပြီလ “၁၁”ရက်နေ့ မှ “၁၇”ရက် အတွင်း {ဒွန်းစဏ္ဍား-ဒုက္ခတွေ့ အံ့} အကျိူးပြစ်ကတော့…စီပွားရေးလုပ်ငန်ရှင်းများနဲ့ ဘာသာရေးနှင့်ဆိုင်ရာ
လူပညာရှိ,ရဟန်းပညာရှိ, မင်းပညာရှင်များ ထိခိုက်မှုရှိတတ်၏။သက်ဆိုင်ရာအဖွဲ့အစည်းများတွင်အတွင်းလူများ သစ္စာဖောက်ခြင်း၊ အာဏာအလွဲသုံးခြင်း၊ အရေးကိစ္စများ ပေါ်ပေါက်လာတတ်သည်။

မိမိနှင့် ရာထူးတူများ၏ အနှောင့်အယှက်ပေးမှုကြောင့် စိတ်လေတာ၊ အလုပ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေတတ်ပါတယ်။အစုရှယ်ယာလုပ်ငန်းများ ပြည်တွင်း,ပြည်ပ စီပွားရေးလုပ်ငန်ရှင်းများ အခက်အခဲကြုံတွေ့ရမည်။

အင်္ဂါ သားသမီးများ “(၂)ဂဏန်း ၂၊၁၁၊၂၀၊၂၉ *ရက် မွေးဖွားသူများ ကံကြမ္မာ ဇာတာ အလွန်အမှောင်ကျ အခက်အခဲမျိူးဆုံ၊ သောကအပူများကြုံတွေ့ရတတ်သည်။ငွေကြေး ဝင်လာသလောက် အထွက် ကြမ်းမည့်။မိမိအားကိုယ်အားထား ခံအပ်ထားသော လုပ်သားဝန်းထမ်း, မိမိ၏ ညီအစ်ကိုမောင်နှမဆွေမျိုးများဝင်ရောက်စွက်ဖက်မှုကြောင့်လုပ်ငန်းများနှောင်နှေး တက်သည်။

သူ့လူကိုဘက်သားလုပ်၍ လု ဒုက္ခပေးသူများနှင့် တွေ့ကြုံရတတ်သည်။အိမ်တွင်းအိမ်ပြင် သူတပါး၏မနာလိုသဝန်တိုခြင်းကို အများဆုံးခံရတတ်သည်။လူ ငယ်များ အချစ်ရေး စိတ်နှစ်ခွ ကြုံရတက်ပါသည်။ပြတ်ပြတ်သားသားဆုံးဖြတ်ရမည်ကာလဖြစ်သည်။ကျန်းမာရေးအနည်းငယ်ညံ့ ကုသလျှင်ပျောက်ကင်းမည်, အိမ်တွင်းရေးအနည်းငယ်ညံ့ပါလိမ့်မည်။ဤအသက်ပိုင်းခြားတွေ့က ၂၊၁၁၊၂၀၊၂၉၊၃၈၊၄၇၊၅၆၊၆၅၊၇၄ ထိုနှစ် ပိုင်းတွေ့က ..ညံနေအံ။

အနောက်မြောက် ဒေါင့်ဖြစ်သော {ရာဟု} ဒေါင့် သို့ ခရီးမသွားရ။ မကောင်းဆုံးဝါ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။ရောင်းဝယ် ဖောက်ခြင်းများ သွားမိလျှင် အကျိူးမပေး ။ခရီးမသွားသင့်သော ရက် ၂၊ ၁၁၊ ၂၉၊ ၃၀ ထိုရက် ရှောင့်သင့်၏

မသွားမဖြစ်သွားရလျှင် ခရီးသွားအန္တရာယ်ကင်းဂါထာတော်ကို (၇)ခေါက်အဓိဌာန်ရွတ်ပွားပြီးခရီးသွားပါ”မိမိသွားလိုသောခရီး အောင်မြင်ရန်အတွက် အောက်ပါဂါထာကို (၇)ခေါက် ရွတ်ပွားပြီးသွားပါက ဘေးရန်ကင်းစွာဖြင့် လိုရာခရီးကို အောင်မြင်ပါလိမ့်မည်။

???? “ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု၊ ဘူတာနိ သောဟံ နမော၊ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”????

ကျန်းမာရေး….ခြေ၊ လက်တို့တွင် ဒဏ်ရာထိတတ်သည်။ အသက်ကြီးပိုင်းမှာတော့ လူကြီးရောဂါ နှင့် မျက်စိ အထူးဂရုစိုက်ပေးရတတ်သည်။

အထူးအဟော….၁၃၈၄-ခု နှောင်းတန်ခူးလဆန်း(၁၅)ရက်နံနက်(၉း၄၁)နာရီအတွင်းဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ရှင်ပြုနားသ၊စေ့စပ်၊လက်ထပ် အိမ်ပြောင်း၊အိမ်တက်၊မြေသန့်မင်္ဂလာ၊မိတ်ဆွေသစ်ဖွဲ့၊ဆေးခန်းဖွင့်၊အင်တာဗျူး အလုပ်သစ်လျှောက်ခြင်း၊အနုပညာဂီတာသရုပ်ဆောင်ခြင်း၊ပရဟိတလုပ်ခြင်းကောင်း၏။

၁၃၈၅-ခု ဦးတန်ခူးလဆုတ်(၁၄)ရက် အဓိဋ္ဌာန်ဝင်ခြင်း၊ရှင်ပြု၊နားသ၊စေ့စပ်၊လက်ထပ်၊ထီထိုး၊ လက်မှတ်ရေးထိုးခြင်း၊ယာဉ်စက်ပစ္စည်းရောင်းဝယ်ခြင်း၊တရားစီရင်ခြင်း၊ဧည့်ခံပွဲလုပ်ခြင်း၊ကောင်း၏။မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် သားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

ဆောင်ရွက်စရာကိစ္စ ↔ ယခုလတွင်ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စအဆင်ပြေရန်အတွက် သက်ကယ်ညွှန့်၊သီးညွန့်(၃)ညွန့်ကိုဘုရားပူဇော်ပြီးသွားပါ။

ကံကောင်စေသောအရောင် – အစိမ်းရောင်၊ပန်းရောင်၊အနီရောင်၊အညိုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ {လ,အ,ဓ.န}(၄-၁-၉-၇)အကျိုးပေးသော အရပ် ???? အရှေ့တောင်အရပ် အိမ်ပြောင်း၊အိမ်တက်၊အလုပ်သစ်လျှောက်ခြင်း၊ခရီးသွားကောင်း၏။

ယတြာ ↔ သကြန်အိုး အဝ စံပယ်ပန်း (၃)ကုံးပတ်ပါ။ရေဖြည့်ပါ။ ရေစစ်,ရေခွက်,ယပ်တောင်တစ်ချောင်း၊ အသီး “၈”မျိူး ဘုန်းကြီးကျောင်းမှာ သွားလှူပါ။
မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။
အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများပြုလုပ်ပါ။

ဆရာကြီးမင်းသူရ (ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။