ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခု အဓိပ္ပါယ်
အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတာ
တွေကိုထိုးထွင်းသိစေနိုင်ပါတယ်။
ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ပက်သက်ပြီး သူ့လူမျိုးရိုးရာဓလေ့အရ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ အမျိုးမျိုးရှိကြပါတယ်။
ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက်ကွယ်က အဓိပ္ပါယ်ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်။ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်..
ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက်
အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကိုပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်”လို့ဆိုလိုတာပါ။ သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် ဝမ်းနည်းမဖြေသိမ့်နိုင်သေးတာမျိုးဖြစ်ပါတယ်။
အိမ်မက်ပညာရှင်တွေအဆိုအရတော့ “သေခြင်းတရားနဲ့ထိခိုက်ဒဏ်ရာရတာတွေ”နဲ့ပက်သက်တဲ့ အိမ်မက်တွေမြင်မက်တာဟာ “သင်ဟာ သင့်ထက်အသက်ကြီးသူတွေ သင်ချစ်ရခင်ရသူတွေ”အတွက် စိုးရီမ်ပူပင်သောကဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီသေခြင်းနဲ့ပက်သက်တဲ့ အိမ်မက်တွေအရ “သင့်ရဲ့ အစိတ်အပိုင်းတစ်ခုခု အရေးပါတဲ့တစ်ခုခု ဆုံးရှုံးသွားသလိုခံစားနေရပြီး သင်ဟာ အရင်ကထက်ပိုကောင်းမွန်တဲ့ ပုံစံနဲ့ပြန်လည်မွေးဖွားရှင်သန်လာမယ်”လို့ဆိုလိုတာပါ။
ပျံသန်းခြင်းအိမ်မက်
အိမ်မက်ထဲမှာ သင်ဟာ တစ်နေရာရာကိုပျံသန်းနေတယ်လို့အိမ်မက်မက်ရင် ဒါဟာ”သင့်မှာရည်မှန်းချက်ချထားတာတွေရှိတယ် သင်လုပ်နေတယ် ဒါပေမယ့်ထင်သလောက်မဖြစ်ဘူး”လို့ဆိုလိုပါတယ်။ သင့်ပျံသန်းမှုပုံစံက” အမြင့်ကိုမဟုတ်ပဲ အလျားလိုက် ပြုတ်ကျတော့မလိုပျံသန်းနေတယ် ပြုတ်ကျမလိုဖြစ်လိုက် နိမ့်နိမ့်သွားလိုက် နဲ့အားအင်ကုန်လောက်အောင် ပျံသန်းနေရတာဟာ သင်ထားထားတဲ့ဘဝရည်မှန်းချက်တွေအတွက် အထီးကျန်ဆန်ပြီး ရုန်းကန်နေရတယ်၊
သင်မတတ်နိုင်တဲ့ အခက်အခဲတွေ” ရှိနေတယ်လို့ဖော်ပြနေတာပါ။ နောက်တစ်ချက်က သင့်ကိုသင်ဟန်ဆောင်ယုံကြည်ထားတာမျိုးဖြစ်နေနိင်ပြီး တစ်စုံတစ်ယောက် ဒါမှမဟုတ် တစုံတရာက သင့်ဘဝရဲ့ နောက်တစ်ဆင့်ကိုရောက်ဖို့ တားဆီးနေတာမျိုး ဖြစ်တယ်လို့ဆိုလိုတာပါ။ ဒါပေမယ့် အိမ်မက်ထဲမှာ သင်ဟာပျော်ရွှင်စွာ မိုးသားကောင်းကင်တွေထဲပျံသန်းနေတယ် အမြင့်ဆုံးနေရာတွေထိရုန်းကန်ရမှုမရှိပျံသန်းနေရတယ်ဆို သင့်ရည်မှန်းချက်တွေအတွက် အားအင် အပြည့်ရှိတယ်လို့ဆိုလိုတာပါ။
အမြင့်တနေရာရာက ပြုတ်ကျခြင်း
အိမ်မက်စိတ်ပညာရှင် I A N W A L L A N C E အဆိုအရ တနေရာရာက ပြုတ်ကျခြင်းနဲ့ပက်သက်တဲ့ အိမ်မက်က သင့်ဘဝမှာ “ထိန်းချုပ်မှု ဆုံးရှုံးသွားတာ ကြောက်ရွံစိုးထိတ်နေတာ”ကို ဖော်ပြနေတယ်လို့ဆိုပါတယ်။ ပြောရရင် သင်ယူထားရတဲ့ တာဝန်တွေအတွက် ဝန်လေးနေသလိုခံစားနေရတာ အဲ့ဒီအရာတွေကနေ မလွတ်မြောက်နိုင်ပဲ အချိန်တော်တော်များများမှာ စိတ်ဖိစီးမှုကို ခံစားနေရတာလို့ အိမ်မက်ကဆိုပါတယ်။ ဒါပေမယ့် သိပ္ပံပညာအရ ဖြစ်နိုင်ချေရှိတာတစ်ခုက ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းကို ကူးပြောင်းလိုက်တာနဲ့ အာရုံကြောစနစ် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းသွားပြီး သင့်ဦးနှောက်လုပ်ဆောင်မှုလည်း နှေးကွေးသွားပါတယ်။
သင်တနေ့တာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ Hypnic Jerksလို့ခေါ်တဲ့ လူတစ်ဦးစအိပ်ပျော်ဖို့ ကြိုးစားနေချိန်အတွင်း ခန္ဓာကိုယ်ကြွက်သားတွေ ရုတ်တရက် ကျုံလိုက်ခြင်းကြောင့် ရုတ်တရက်လန့်နိုးတာ တခါတရံ လူတစ်ယောက်ကို ဆတ်ခနဲထခုန်မိစေတာ မျိုးတွေလည်းဖြစ်စေတတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သင့်ပြုတ်ကျတဲ့ အိမ်မက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုတ်ကျနေတယ်ဆိုရင်တော့ သင်ဟာပြောင်းလဲမှုတွေကို ကြောက်ရွှံမနေဘူးဆိုတာကိုဖော်ပြနေတာပါ။
သွားများပြုတ်ထွက်ခြင်း သွားတွေပျက်စီးကြွကျသွားတာကို မြင်မက်ခြင်း
ကျွန်တော်တို့ သွားတွေ ကျွတ်ထွက်သွားတယ် ပြုတ်ထွက်သွားတယ် ဒါမှမဟုတ် သွားတွေပျက်စီးတာကို ကိုယ်တိုင်ကြည့်နေရတယ်ဆိုတဲ့ အိမ်မက်ကို မြင်မက်ရင် ဒါဟာ “ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ၊ ယုံကြည်မှု ကင်းမဲ့နေတယ်”ဆိုတာကို ဖော်ပြနေတာလို့ဆိုပါတယ်။ အိမ်မက်ကျွမ်းကျင်သူတွေအဆိုအရအပြုံးဆိုတာ လူတွေ သတိထားမိစေတဲ့ ပထမဦးစားပေး အရာတစ်ခုဖြစ်ပြီးတော့ သင့်ကို ယ်သင် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိနေတယ်ဆိုတာကို ပြနေတာပါ။
ဒါကြောင့် သင့်သွားတွေ ဆုံးရှုံးသွားတာကို မြင်မက်တာဟာ “သင့်ရဲ့ ရုပ်ရည်သွင်ပြင် ပြင်ပလက္ခဏာတွေနဲ့ပက်သက်ပြီး ယုံကြ ည်မှု ပျောက်ဆုံးနေတာ”ကိုဖော်ပြနေတာပါ။ နောက်အိမ်မက်ကျွမ်းကျင်သူတွေအဆိုအရ သွားတွေကျွတ်ထွက်ခြင်းက စိတ်ဆိုးဒေါသထွက်နေတာတွေကို ဖိနှိပ်ထားတယ် ယုံကြည်မှုတကယ်မရှိပဲ ယုံကြည်မှု ရှိဟန်ဆောင်ထားတာကိုဖော်ပြနေတယ်လို့ဆိုပါတယ်။
တစ်စုံတစ်ခုကသင့်ကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့လုပ်နေတယ်
ဒီအိမ်မက်အရ သင်လက်တွေ့ဘဝမှာ သင့်ကို စိုးရိမ်ပူပန်စေတဲ့အရာတွေ ကြောက်ရွံစိတ်ကိုဖြစ်စေတဲ့အရာတွေကနေ သင်ထွက်ပြေးနေတာကို ဆိုလိုတာပါ။ ပြောရရင်သင်ဖြေရှင်းရမယ့် ပြဿနာကို ရှောင်ပြေးနေတာမျိုးပါတဲ့။ တကယ်တော့ အိမ်မက်ထဲက လိုက်လံဖမ်းဆီးသူက သင့်မသိစိတ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သင်ရှောင်ပြေးနေတဲ့ ပြဿနာတွေ ကြောက်ရွှံမှုတွေပါပဲတဲ့။
ဒီအိမ်မက်အရ လက်တွေ့ဘဝမှာ သင် ရှောင်ရှားဖို့ကြိုးစားနေတဲ့ စိုးရိမ်ပူပန်စရာတွေ ဥပမာ ကြွေးမြီ စွဲလမ်းမှု ချစ်သူကိုဆုံးရှုံးလိုက်ရတာကိုဘာမှမဖြစ်သလို ဟန်ဆောင်ထားမှု စတာတွေက ဒီအိမ်မက်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ လျို့ဝှက် အကြောင်းအရင်းများဖြစ်နိုင်ပါတယ်တဲ့။ နောက်ထပ်ပြောရရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်မလုပ်ဆောင်နိုင်တာ အတိတ်တစ်ခုခုထဲက ထွက်ပြေးဖို့ကြိုးစားတာ သင့်ဘဝကိုမလဲပြိုအောင်ခက်ခက်ခဲခဲ ကြိုးစားနေရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့မက်ဖူးတဲ့ အိမ်မက်တွေနောက်ကွယ်က အကြောင်းတရားတွေကိုလည်းသိလောက်ပြီ။ အိမ်မက်တွေက ကျွန်တော်တို့ ဘဝတလျောက်လုံးဖြစ်နေတဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့အတွက် အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။
ခရက်ဒစ် လိုက်ဖ်စတိုင်မြန်မာ