If you memorize these (16) things, you will never have trouble in your life.
ဘဝမှာ လေ့ လာ ပြီး မှတ်သား ထား သင့် သော စကားလုံးများ..
၁ ။ ကိုယ့် မျက် စိ နဲ့ သေသေ ချာချာ မတွေ့ခဲ့ဘူး ဆိုရင် ပါးစပ် နဲ့ အလျင်စလို သက်သေ မပြချင်ပါနဲ့..
၂ ။ ကိုယ် မသိတဲ့ ကိစ္စတစ်ခု ကို “ မသိဘူး ” လို့ တိုက်ရိုက် ဖြေဆို လိုက်တာ အပေါ့ ပါး ဆုံးပါ။
၃ ။ တစ်ယောက်ယောက်က သင့်ကို ကျောက်ခဲ နဲ့ ပေါက်ခဲ့မယ် ဆိုရင် ၊ ပြန်မပေါက်နဲ့ တော့၊ အုပ်မြစ် တည်ဖို့ အတွက် စုဆောင်း ထား လိုက်ပါ …။
၄ ။ လူ ဆိုတာ ကျော်ကြား လာရင်တော့ အတင်း များမှာပဲ ၊ အဲဒီ အတင်းတွေကို ကြောက် ရင်တော့ မကျော်ကြား နဲ့ပေါ့ …။
၅ ။ သည်းခံ နိုင်ရင် သည်းခံပါ ။ သည်းမခံ နိုင်ရင် ပြောင်းလဲပါ ။ ပြောင်းလဲလို့ မှ မရရင် ကုသိုလ် အဖြစ် သတ်မှတ် လိုက် ပါ။
၆ ။ ပြသနာ ကြုံရင် ၊ ခဏဆိုင်းထားလိုက် ၊ စကားပြောရင် ခဏ ရပ်ကြည့်လိုက် ၊ ကိစ္စတော်တော် များများ ကြည်လင် လာလိမ့်မယ် ။
၇ ။ မိမိ အရောင် တောက်ပ ပါစေ ။ သူများ ဆီမီးကို လည်း သွား မ ငြိမ်းမိ ပါစေနဲ့ …။
၈ ။ ကလေကခြေ တွေ နဲ့ သွားရန်မလုပ်နဲ့၊ သူတို့ နဲ့ ထိုက်တဲ့ ရန်သူ တို့ တိုးလိမ့်မယ် …။
၉ ။ မျက်စိ မှိတ်ပြီး ဂုဏ်မယူပါ ။ တမင်တကာ လည်း မနှိမ့်ချပါ ။
၁၀ ။ သူ များ မသိ စေချင် တဲ့ လျို့ ဝှက်ချက် ကို ဘယ်တော့မှ ဖော် ထုတ် ရန် မ ကြိုး စား သင့်ပါ ။
၁၁ ။ အသီး ဆိုတာ မှဲ့မှ ခူးသင့် သလို ၊ အတွေးခေါ် ဆိုတာလည်း ပြည့်စုံ မှ ဖေါ်ထုတ် သင့်ပါတယ် …။
၁၂ ။ ရှင်းရှင်းလင်းလင်း ဖြစ်တဲ့ ကိစ္စများ အတွက် ပြသနာ အတက် မခံဘူး။ ရူပ်ထွေးတဲ့ ကိစ္စများ အတွက် စိတ်ညစ်မခံဘူး။
စိတ်ဆိုးတဲ့ အချိန်မှာ စကားမပြောဘူး။ ဒေါသ ထွက်နေတဲ့ အချိန်မှာ မဆုံးဖြတ်ဘူး..
၁၃ ။ ကိုယ့်ကိုယ်ကို မှားပြီလို့ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ကိုယ်မှန်ကန်စ ပြုလာပြီ
၁၄ ။ စိတ်ထဲမှာ ရန်လိုနေရင်တော့ တစ်လောကလုံးမှာ ရန်တွေ ကြီးကြီးပါပဲ ။
၁၅ ။ သူများကို သွားမလိမ်ပါနဲ့။ ကိုယ်လိမ်လိုက်တဲ့ လူအားလုံးဟာ ကိုယ့်ကိုယုံကြည်တဲ့ သူများ ဖြစ်ကြတယ် …။
၁၆ ။ ကိုယ့်ကိုယ်ကို ယုံကြည်မူရှိတာ အလွန်ကောင်းပါတယ်။ မောက်မာတဲ့အဆင့်ထိတော့ မဖြစ်သင့်ဘူး။
ကိုယ့်ကိုယ်ကို နှိမ့်ချတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ယုံကြည်မူ ထိခိုက်လောက်တဲ့ အထိတော့ မဖြစ်သင့်ပါဘူ..း ။
If you memorize these (16) things, you will never have trouble in your life.
Credit to Original Writer